ဒန်နီအဲလ်ဗတ်စ်၏ အာမခံကို ပယ်ဖျက်ပေးရန် အယူခံဝင်မှု ဘာစီလိုနာတရားရုံး ပယ်ချ

ဒန်နီအဲလ်ဗတ်စ်၏ အာမခံကို ပယ်ဖျက်ပေးရန် အယူခံဝင်မှု ဘာစီလိုနာတရားရုံး ပယ်ချ
Photo: X
Photo: X
Published 12 April 2024

အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ်ကျခံရပြီးနောက် အာမခံဖြင့် လွတ်မြောက်လာသည့် ဘရာဇီးလ်နောက်ခံလူဟောင်း ဒန်နီအဲလ်ဗတ်စ်၏ အာမခံကို ပယ်ဖျက်ပေးရန် အယူခံဝင်မှုအား ဘာစီလိုနာတရားရုံးက ဧပြီ (၁၀) ရက်တွင် ပယ်ချခဲ့ကြောင်း သိရသည်။

အသက် (၄၀)ရှိပြီဖြစ်သူ အဲလ်ဗတ်စ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာတွင် ဘာစီလိုနာရှိ နိုက်ကလပ်တစ်ခု၌ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် ဖေဖော်ဝါရီ (၂၂) ရက်က ထောင်ဒဏ် (၄)နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

သို့သော် ၎င်းအနေဖြင့်  မတ် (၂၅)ရက်တွင် ယူရိုတစ်သန်းဖြင့် အာမခံရရှိပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့ကြောင့် အစိုးရရှေ့နေရုံးနှင့် ပြစ်မှုကျူးလွန်ခံရသူတို့က အာမခံကို ပယ်ဖျက်ပေးရန် အယူခံဝင်ခဲ့သော်လည်း တရားရုံးက ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်သည်။

အဲလ်ဗတ်စ်၏ ရှေ့နေဖြစ်သူ အိုင်နီးစ်ဂွါဒီယိုလာက တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသည်ဟုဆိုခဲ့သလို နေမာ၏ဖခင်ကူညီခဲ့သည့် ယူရို (၁) သိန်းခွဲကိုလည်း ပြန်လည်ပေးအပ်ပြီးဖြစ်သည်ဟု ဆိုခဲ့သည်။

 

Most Read

Most Recent