ပြိုကျသွားသော ဘာတီမိုးတံတားအနီးမှ ဆောက်လုပ်ရေး လုပ်သားနှစ်ဦး၏အလောင်းများကို ပြန်လည်တွေ့ရှိ

ပြိုကျသွားသော ဘာတီမိုးတံတားအနီးမှ ဆောက်လုပ်ရေး လုပ်သားနှစ်ဦး၏အလောင်းများကို ပြန်လည်တွေ့ရှိ
Photo: AFP
Photo: AFP
Published 28 March 2024
Ref: AFP

ကုန်သင်္ဘောကြီး ဝင်တိုက်သဖြင့် ဘာတီမိုးမြို့ရှိ မြစ်ကူးတံတားပြိုကျခဲ့ပြီးနောက် ဘာတီမိုးဆိပ်ကမ်း၏ အေးစက်နေသော ရေပြင်တွင် ဆောက်လုပ်ရေး လုပ်သားနှစ်ဦး၏ အလောင်းများကို မတ် ၂၇ ရက်တွင် ပြန်တွေ့ ခဲ့သည်။

အလောင်းနှစ်လောင်းကို အနီရောင် ပစ်ကပ်ကားထဲတွင် တွေ့ခဲ့ရခြင်းဖြစ်သည်။ 

ယင်းသို့ ဆောက်လုပ်ရေးလုပ်သားနှစ်ဦး၏ အလောင်းကို တွေ့ရှိသည့် သတင်းကိုမေရီ လန်းရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဖရန်ဆစ်စကော့ကီး မြစ်ကူးတံတား၏ ကွန်ကရစ်နှင့် တွန့်လိမ်နေ သော သံပေါင်များကြားတွင် ကားများ ညှပ် နေသည်ကို ဆိုနာများမှတစ်ဆင့်သိရသည် ဟု ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ဆောက်လုပ်ရေးလုပ်သား ရှစ်ဦးထဲ က ခြောက်ဦးသည် သေဆုံးသွားပြီဟု ယုံ ကြည်ရပြီး လေးဦး၏အလောင်းများကို မ တွေ့ရသေးဟု ဆိုသည်။

ရေငုပ်သမားများ သည် အပျက်အစီးများထဲ ထိုးဖောက်ဝင် ရောက်ရန်ကြိုးစားရာတွင် ဘေးကင်းမှုမရှိ သေးဟု ရဲတပ်ဖွဲ့က သတိပေးထားသည်။ အ ပျက်အစီများကို ရှင်းလင်းဆယ်ယူခြင်းများ လုပ်ဆောင်ပြီးမှသာ  ကျန်နေသောအလောင်း များကို ရှာရန် ရေငုပ်သမားများကို စေလွှတ် မည်ဟု ဆိုသည်။ ဆိုနာ စကင်များကိုအခြေ ခံ၍ ပြောရမည်ဆိုပါက ပြိုကျသွားသော တံ တား၏သံပေါင်များကြားတွင် ကားများညှပ် နေသည်ဟု ယုံကြည်ကြောင်းရဲတပ်ဖွဲ့က ပြောသည်။                                    

 

 

Most Read

Most Recent