ယာဂန်ကလော့ပ်ကို မဆက်သွယ်ထားဟု ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို

ယာဂန်ကလော့ပ်ကို မဆက်သွယ်ထားဟု ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို
Photo: Getty Images
Photo: Getty Images
Published 11 March 2024

ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အန်ဒရိစ်ရက်တင်းက လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကို မဆက်သွယ်ထားကြောင်း ပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် လာမည့် နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲမည်ဖြစ်ပြီး ယူရိုပြိုင်ပွဲအပြီး၌ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများ ရှိနေသည့်အတွက် ရက်တင်းက ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

''သူက အနားယူဖို့ ရွေးချယ်ထားပါတယ်။ ဒါကြောင့် သူ့ကို မဆက်သွယ်ထားပါဘူး။ သူ့ကို အနားယူချိန်အတွက် အကြံညဏ်ပေးသင့်တယ်လို့လည်း မထင်ပါဘူး''ဟု ဆိုခဲ့သည်။ 

 

Most Read

Most Recent