တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ ထိန်းချုပ်ဟန့်တားမှုများကို ဝေဖန်ခဲ့ပြီး ရုရှား-တရုတ် ဆက်ဆံရေးအပေါ် ချီးမွမ်းပြောဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်၏ ထိန်းချုပ်ဟန့်တားမှုများကို ဝေဖန်ခဲ့ပြီး ရုရှား-တရုတ် ဆက်ဆံရေးအပေါ် ချီးမွမ်းပြောဆို
မတ် ၇ ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော်ညီလာခံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်(Photo:AFP)
မတ် ၇ ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့လွှတ်တော်ညီလာခံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို တွေ့ရစဉ်(Photo:AFP)
Published 7 March 2024

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်အပေါ် အမေရိကန်၏ ထိန်းချုပ်ဟန့်တားမှုများကို မတ် ၇ ရက်က ဝေဖန်ခဲ့ပြီး တရုတ်-ရုရှားဆက်ဆံရေးကို ချီးမွမ်းပြောဆိုခဲ့ကာ ဂါဇာတွင်ဖြစ်ပွားနေသည့် စစ်ပွဲသည် လူမှုတိုးတက်ရေးအတွက် အရှက်ရစရာ ကောင်းကြောင်း ပြောကြားခဲ့သည်။

တရုတ်အပေါ် ထိန်းချုပ်ဟန့်တားရန် ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အပြစ်တင်နေသည့် အမေရိကန်၏ အားထုတ်ကြိုးပမ်းမှုများသည်  မယုံကြည်နိုင်လောက်သည့် အခြေအနေအထိ ရောက်ရှိခဲ့သည်ဟု ဝမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဝမ်သည် မတ် ၇ ရက်က တရုတ်၏ အကြီးဆုံး နှစ်ပတ်လည် နိုင်ငံရေးညီလာခံတွင် မီဒီယာများနှင့် သီးသန့်တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

တရုတ်၏ လွှတ်တော်နှင့် နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့တို့၏ အပြိုင်ကျင်းပသည့် အစည်းအဝေးနှစ်ခုတွင် သမ္မတ ရှီကျင်းပင်၏ ကွန်မြူနစ်ပါတီဦးဆောင်သည့် အစိုးရအဖွဲ့၏ လာမည့်နှစ်အတွက် ချမှတ်ထားသည့် မ ဟာဗျူဟာကို ရိုးတိုးရိပ်တိပ်မြင်တွေ့ခဲ့ရသည်။

ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ထဲဝင် ရောက်လာချိန်နှင့် ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ ဆက်လက်တည်ရှိနေချိန်တွင် လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေများ၌ တရုတ်ခေါင်းဆောင်များ၏ ယုံကြည် ချက်ရှိမှုနှင့်ပတ်သက်ပြီး ယခုနှစ် လွှတ်တော်ညီလာခံသည် အနီးကပ်စောင့်ကြည့်ခံနေရသည်။

တောင်တရုတ်ပင်လယ်တွင် ငြိမ်းချမ်းရေးကို အန္တရာယ်ရှိစေသည့် တရုတ်၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ကြောင်း ယခုသီတင်းပတ်အတွင်း အာဆီယံနှင့် သြစတြေးလျ ခေါင်းဆောင်များက သတိပေးခဲ့ပြီးနောက် ဝမ်က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့မှုနှင့် အတူ တရုတ်၏ နိုင်ငံရေးချဲ့ထွင်မှုသည် နယ် ပယ်ကဏ္ဍအများအပြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏  နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့ပြီး ထိုကြေညာချက်ကို နိုင်ငံတကာ အနုညာတခုံရုံးက တရားမဝင်ကြောင်း စီရင်ချက်ချခဲ့သည့်တိုင် တရုတ်သည် တောင်တရုပ်ပင်လယ်တွင် နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ၎င်း၏ ကြေညာချက်ကို ဆက်လက် ကိုင်ဆွဲထားကာ ထိုပင်လယ်အတွင်း အင်အားပြမှုများကို တိုးမြှင့်ခဲ့သည်။

မတ် ၅ ရက်ကလည်း တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် ဖိလစ်ပိုင် ထောက်ပို့ သင်္ဘောများကို နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့ပြီး တရုတ်ကလည်း ဖိလစ်ပိုင်သည် အမေရိကန်၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံနေကြောင်း ပြောကြားခဲ့သည်။

“ဗိုလ်ကျအနိုင်ကျတဲ့ လုပ်ရပ်တွေအားလုံးကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ရှုတ်ချပါတယ်။ပြီးတော့ ကျွန်တော်တို့ရဲ့ အမျိုးသားအချုပ်အခြာနဲ့ လုံခြုံရေးတွေအပါအဝင် ဖွံ့ဖြိုးတိုးတက်းရေး အကျိုးစီးပွားတွေကို လည်း ခိုင်မာစွာ ထိန်းသိမ်းသွားမှာပါ”ဟု ဝမ်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နှင့် ရုရှားအကြား နီးစပ်သည့် ဆက်ဆံရေးသည်ကိုလည်း ဝမ်က ကာကွယ်ပြောဆိုခဲ့ပြီး တရုတ်နှင့် ရုရှားသည် စစ်အေးကာလနှင့် ကွဲပြားခြားနားသည့် အဓိက အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးများအတွက် စံနမူနာအသစ်တစ်ခုကို ဖော်ဆောင်ခဲ့သည်ဟုလည်း အမွှမ်းတင်ပြောကြားခဲ့သည်။                             Ref:AFP

Most Read

Most Recent