ဟာလန်းအား စျေးပေါပေါဖြင့် ခေါ်ယူနိုင်မည့် အခွင့်အရေး(၂) ကြိမ်စလုံးကို မန်ယူအသင်း ပယ်ချခဲ့ကြောင်း အသင်းနည်းပြဟောင်း ဆိုးလ်ရှား ဖွင့်ဟ

ဟာလန်းအား စျေးပေါပေါဖြင့် ခေါ်ယူနိုင်မည့် အခွင့်အရေး(၂) ကြိမ်စလုံးကို မန်ယူအသင်း ပယ်ချခဲ့ကြောင်း အသင်းနည်းပြဟောင်း ဆိုးလ်ရှား ဖွင့်ဟ
Photo: PA
Photo: PA
Published 7 March 2024

မန်ယူအသင်းနည်းပြဟောင်း ဆိုးလ်ရှားက မန်ယူအသင်းအနေဖြင့် မန်စီးတီးတိုက်စစ်မှူး ဟာလန်းအား စျေးပေါပေါဖြင့် ခေါ်ယူနိုင်မည့်အခွင့်အရေး (၂) ကြိမ်စလုံးကို ငြင်းဆန်ပယ်ချခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် နော်ဝေကလပ် မိုလ်ဒီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ၂၀၁၇ ခုနှစ်တွင် အသက် (၁၆)နှစ်အရွယ် ဟာလန်းကို ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးပွဲထွက်ခွင့် ပေးခဲ့သူဖြစ်သည်။

ဟာလန်းသည် ဆိုးလ်ရှား၏ မိုလ်ဒီအသင်းတွင် (၂) ရာသီအတွင်း ပြိုင်ပွဲစုံပွဲ (၅၀) တွင် ဂိုး (၂၀) သွင်းယူခဲ့သည်။

ဆိုးလ်ရှားသည် ၂၀၁၈ နွေရာသီတွင် ဟာလန်းအားခေါ်ယူရန် မန်ယူအသင်းကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

''ကျွန်တော် မိုလ်ဒီအသင်းကို ကိုင်တုန်းက ဟာလန်းဟာ အသင်းမှာ (၂) ရာသီ ကစားခဲ့ပါတယ်။ ကျွန်တော် မန်ယူအသင်းကို မကိုုင်ခင် နွေမှာ ဟာလန်းကို ခေါ်ယူဖို့ မန်ယူအသင်းကို ဖုန်းဆက်ခဲ့ပါတယ်။ ၂၀၁၈ ဇွန်၊ ဇူလိုင်ကလောက်ဖြစ်ပြီး သူတို့က မခေါ်ဘူးလို့ ပြန်ပြောခဲ့တယ်'' ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ၂၀၁၈ ဒီဇင်ဘာတွင် မန်ယူအသင်း၏ယာယီနည်းပြ ဖြစ်လာပြီး ဟာလန်းမှာလည်း ၂၀၁၉ ဇန်နဝါရီတွင် ဆာလ်ဇ်ဘာ့ဂ်အသင်းသို့ ပေါင် (၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။

ထိုစဉ်က ဆာလ်ဇ်ဘာ့ဂ်အသင်း နှင့် ချုပ်ဆိုထားသည့် ဟာလန်း၏စာချုပ်လျော်ကြေးမှာ ပေါင် (၁၇)သန်းသာရှိကြောင်း သိရသည်။

ထို့ကြောင့် မန်ယူအသင်းအား ဟာလန်းကိုခေါ်ယူရန် ထပ်မံတိုက်တွန်းခဲ့ရာတွင်လည်း ပယ်ချခံခဲ့ရကြောင်း ဆိုးလ်ရှားက ဆိုခဲ့သည်။ 

 

Most Read

Most Recent