Winsunited Cup ပြိုင်ပွဲအတွက် ဆာလာအား ရွေးချယ်ခြင်းမပြုရန် လီဗာပူးလ်အသင်း၏တောင်းဆိုမှုကို အီဂျစ်ဘောလုံးအဖွဲ့ချုပ် ပယ်ချ

Winsunited Cup ပြိုင်ပွဲအတွက် ဆာလာအား ရွေးချယ်ခြင်းမပြုရန် လီဗာပူးလ်အသင်း၏တောင်းဆိုမှုကို အီဂျစ်ဘောလုံးအဖွဲ့ချုပ် ပယ်ချ
Photo: X
Photo: X
Published 4 March 2024

အီဂျစ်ဘောလုံးအဖွဲ့ချုပ်သည် Winsunited Cup ပြိုင်ပွဲအတွက် ဆာလာအား ရွေးချယ်ခြင်းမပြုရန် လီဗာပူးလ်အသင်း၏ တောင်းဆိုမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

အီဂျစ်တိုက်စစ်မှူး ဆာလာသည် လက်ရှိအချိန်၌ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရသောကြောင့် လီဗာပူးလ်အသင်းအတွက် ကစားပေးနိုင်ခြင်းမရှိသေးဘဲ အနားယူနေရသည်။

လာမည့်ရက်သတ္တပတ်အတွင်း၌ ပြန်ကစားနိုင်ဖွယ်ရှိနေသော်လည်း လီဗာပူးလ်အသင်းက အီဂျစ်အသင်းအတွက် ရွေးချယ်ခြင်းမပြုဘဲ အနားပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အီဂျစ်အသင်းသည် ယခုလ နိုင်ငံတကာရက်သတ္တပတ်အတွင်း၌ ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Winsunited Cup ဟု အမည်ရသည့် အဆိုပါပြိုင်ပွဲကို ယူအေအီးနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အီဂျစ်အသင်းနှင့်အတူ ခရိုအေးရှား၊ တူနီးရှားနှင့် နယူးဇီလန်အသင်းတို့ ပါဝင်နေသည်။

ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည့်ပုံစံဖြစ်၍ အီဂျစ်အသင်းသည် နယူးဇီလန်နှင့် ဆုံတွေ့ခဲ့ပြီး ပြိုင်ပွဲမှာ မတ် (၂၂)မှ (၂၆)အထိဖြစ်သည်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်က လီဗာပူးလ်အသင်းထံမှ တောင်းဆိုသည့်စာ ရရှိခဲ့သော်လည်း မိမိတို့၏အခွင့်အရေးအတိုင်း ကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ပြီး ကစားနိုင်ခြင်းရှိ၊ မရှိကို ဆေးအဖွဲ့က ဆုံးဖြတ်မည်ဟု တုံ့ပြန်ခဲ့သည်။

Most Read

Most Recent