လေဗာကူဆင်အသင်း၏၃၃ ပွဲဆက် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးမှတ်တမ်းသည် ၂၁ ရာစုအတွင်း အဆင့် ၁၀ နေရာသာရှိနေ

လေဗာကူဆင်အသင်း၏၃၃ ပွဲဆက် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးမှတ်တမ်းသည် ၂၁ ရာစုအတွင်း အဆင့် ၁၀ နေရာသာရှိနေ
Photo: X
Photo: X
Published 28 February 2024

 

လေဗာကူဆင်အသင်း လတ်တလော ပိုင်ဆိုင်ထားသော ပြိုင်ပွဲစုံ ၃၃ ပွဲဆက် ရှုံးပွဲမရှိမှုသည် ၂၁ ရာစုအတွင်း ရှုံးပွဲမရှိ ပွဲဆက်အများဆုံးမှတ်တမ်းတွင် အဆင့် ၁၀ နေရာသာရှိနေကြောင်း သိရသည်။

Transfermarkt က ယခုစစ်တမ်းကို ရေးသားပြုစုခဲ့ပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက ဥရောပထိပ်တန်းလိဂ် ၁၀ ခုရှိ ရှုံးပွဲမရှိ ပွဲဆက် အများဆုံး ၁၀ သင်းစာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းစာရင်းတွင် ဂျူဗင်တပ်စ်အသင်းက ၂၀၁၁ မှ ၂၀၂၂ အထိ ၄၃ ပွဲ၊ ဆဲလ် တစ်အသင်းက ၂၀၁၆ မှ ၂၀၁၇ အထိ ၄၂ ပွဲ၊ အင်တာမီလန်အသင်းက ၂၀၀၄ မှ ၂၀၀၅ အထိ ပွဲ ၄၀၊ ရီးယဲလ်မက်ဒရစ်အသင်းက ၂၀၁၆ မှ ၂၀၁၇ အထိ ပွဲ ၄၀၊ အင်တာမီလန် အသင်းက ၂၀၀၆ မှ ၂၀၀၇ အထိ ၃၉ ပွဲ၊ PSV အသင်းက ၂၀၀၉ မှ ၂၀၁၀ အထိ ၃၉ ပွဲ၊ ဘာစီလိုနာအသင်းက ၂၀၁၅ မှ ၂၀၁၆ အထိ ၃၉ ပွဲ၊ ပေါ်တိုအသင်းက ၂၀၁၀ တွင် ၃၆ ပွဲ၊ PSG အသင်းက ၂၀၁၃ တွင် ၃၆ ပွဲ၊ လေဗာကူဆင်အသင်းက ၂၀၂၃ မှ လက်ရှိ အထိ ၃၃ ပွဲဖြင့် အသီးသီးရှိနေခြင်းဖြစ်သည်။  

လေဗာကူဆင်အသင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂- ၂၃ ရာသီပိတ်ပွဲစဉ်တွင် ရှုံးနိမ့်ပြီး နောက်ပိုင်း ယခုရာသီတစ်လျှောက် ပြိုင်ပွဲစုံ ၃၃ ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ ဂျာမန်ကလပ်များထဲတွင် စံချိန်သစ်တင်ခဲ့သည်။ 

လေဗာကူဆင် အသင်းသည် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ၂၃ ပွဲ ကစား၊ ၁၉ ပွဲ နိုင်၊ လေးပွဲသရေ၊ ဂျာမန်ဖလား ပြိုင်ပွဲတွင် လေးပွဲစလုံး ရာနှုန်းပြည့်အနိုင်နှင့် ယူရိုပါလိဂ် ပြိုင်ပွဲ၌လည်း ခြောက်ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားသည်။ ထို့ပြင် ပြိုင်ပွဲ စုံ ၃၃ ပွဲတွင် ၉၇ ဂိုးအထိ သွင်းယူကာ ၂၄ ဂိုးသာ ခွင့်ပြုထားရသည်။

 

Most Read

Most Recent