■ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရသည့် လီတိုင်၏ နှုတ်ထွက်စကားများသည် သူကိုယ်တိုင်ပြောကြားခြင်းမဟုတ်ကြောင်း CCTV ဖော်ပြ

■ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရသည့် လီတိုင်၏ နှုတ်ထွက်စကားများသည် သူကိုယ်တိုင်ပြောကြားခြင်းမဟုတ်ကြောင်း CCTV ဖော်ပြ
Photo: Facebook
Photo: Facebook
Published 27 February 2024

တရုတ်လက်ရွေးစင်အသင်းကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ လီတိုင်သည် လာဘ်ပေးမှုနှင့် လုပ်ပွဲကစားမှုတွင် ပါဝင်ပတ်သက်ခြင်းကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံခဲ့ရပြီး မီဒီယာများထက်တွင် ပျံ့နှံ့နေသည့် သူ၏နှုတ်ထွက် စကားများသည် မှန်ကန်ခြင်းမရှိကြောင်း တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့သည်။

အသက်(၄၆)နှစ်အရွယ်ရှိ လီတိုင်သည် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းတွင် ၂၀၀၂ ခုနှစ် ၂၀၀၆ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။

၎င်းသည် ရှက်ဖီးယူနိုက်တက်အသင်းတွင်လည်း ကစားခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့သည်။

လီတိုင်သည် တရုတ်လက်ရွေးစင်အသင်းအတွက်လည်း (၉၂)ပွဲထိ ပါဝင်ကစားခဲ့သူဖြစ်သည်။

လီတိုင်သည် ကစားသမားဘဝမှ အနားယူပြီးနောက် ၂၀၁၂ ခုနှစ်၌ နည်းပြလောကထဲသို့ လက်ထောက်နည်းပြအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တရုတ်လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ဆောင်ရွက်ခဲ့သည်။

လီတိုင်အနေဖြင့် တရုတ်လက်ရွေးစင်နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီး တစ်နှစ်အကြာတွင် အစိုးရရှေ့နေများက ၎င်းသည် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်ဘောလုံးအကြီးတန်းသတင်းထောက် Ran Xiongfei ဆိုသူက လီတိုင်၏ပြောကြားမှုများဟုဆိုပြီး ဖွင့်ချခဲ့ရာမှ မီဒီယာများထက်တွင် ပျံ့နှံ့ခဲ့သည်။

CCTV၏သတင်း၌ လီတိုင်သည် ပထမဆုံးတရားရင်ဆိုင်ရမှုမှာပင် စီရင်ချက်ချမှတ်ခံခဲ့ရခြင်းကြောင့် သတင်းမီဒီယာသို့ ပြောကြားနိုင်ခြင်းပင်မရှိခဲ့ကြောင်း ရေးသားခဲ့သည်။

လီတိုင်၏အမှုတွင် နည်းပြများ၊ ကစားသမားများ၊ ဒိုင်လူကြီးများ၊ ကလပ်အမှုဆောင်များနှင့် အေးဂျင့်များကိုလည်း စစ်ဆေးခဲ့သည်။

Most Read

Most Recent