(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများကို မွန်  ပြည်နယ်နှင့် မွန်တိုင်းရင်းသားများနေထိုင်ရာ ဒေသအသီးသီးတွင် ကျင်းပ

(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားများကို မွန်  ပြည်နယ်နှင့် မွန်တိုင်းရင်းသားများနေထိုင်ရာ ဒေသအသီးသီးတွင် ကျင်းပ
ကြိမ်မြောက် မွန်အမျိုးသားနေ့အ ထိမ်းအမှတ်အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုမြင့်စိုး)
ကြိမ်မြောက် မွန်အမျိုးသားနေ့အ ထိမ်းအမှတ်အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ- ကိုမြင့်စိုး)
Published 25 February 2024

 (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အ ထိမ်းအမှတ်အခမ်းအနားများကို ဖေဖော်ဝါရီ ၂၅ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်) နံနက်ပိုင်းက မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသား များနေထိုင်ရာ ဒေသအသီးသီးတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားအား မွန်ပြည်နယ် ချောင်း ဆုံမြို့နယ် ကမာမိုကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ရာ အခမ်း အနားတွင် ဒေသခံမွန်တိုင်းရင်းသားပြည်သူ များက စစ်ကြောင်းပုံစံဖြင့် အခမ်းအနားကျင်း ပရာကွင်းအတွင်း နေရာယူခြင်း၊ မွန်အမျိုး သားအလံတော်တင်အခမ်းအနား ပြုလုပ်ခြင်း၊ (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား သဘာပတိအဖွဲ့နေရာယူခြင်း၊ သဘာပတိအဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြော ကြားခြင်း၊ (၇၇) ကြိမ်မြောက် မွန်အမျိုးသား နေ့ (ဗဟို) အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားခြင်းနှင့် (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်း အနားသို့  ပေးပို့လာသော သဝဏ်လွှာများ အား ဖတ်ကြားခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ပြီး နောက် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းမှစတင်ကာ ကျင်းပခဲ့ကြောင်းနှင့် မွန် ရိုးရာယိမ်းအကပြိုင်ပွဲများပြုလုပ်ခြင်း၊ အဆို၊ အကများဖြင့် ဖျော်ဖြေခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကျင်းပရေးကော်မတီဝင်တစ်ဦးက ပြော ကြားသည်။

၎င်းက ဆက်လက်ပြီး “ဒီနေ့ (ဖေဖော်ဝါ ရီ ၂၅ ရက်) ညပိုင်းမှာတော့ (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ပေး ပို့လာတဲ့ အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာတွေကို ဖတ်ကြားသွားမယ်။ နောက် မွန်ရိုး ရာယိမ်းအကပြိုင်ပွဲတွေ၊ ဖျော်ဖြေရေးအစီ အစဉ်တွေ ဆက်လက်ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင်လည်း (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်း အမှတ်အားကစားပြိုင်ပွဲများ၊ စာပေနှင့် ပြိုင် ပွဲအသီးသီးက ဆုရရှိသူများအား ဆုချီးမြှင့် သည့်  အစီအစဉ်ကို ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

(၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားများကို မွန်ပြည်နယ် ပေါင်မြို့ နယ် ဇင်းကျိုက်မြို့၊ မော်လမြိုင်မြို့၊ ကျိုက်မ ရောမြို့၊ မုဒုံမြို့နယ် ကမာဝက်မြို့၊ သံဖြူဇရပ် မြို့နှင့် ရေးမြို့နယ် တောင်ဘုံကျေးရွာတို့တွင် လည်း ကျင်းပခဲ့သည့်အ ပြင် မွန်ပြည်သစ်ပါ တီထိန်းချုပ်နယ်မြေဖြစ်သည့် ရေးချောင်းဖျား ဒေသတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ် ကော့ကရိတ် မြိုနယ်၊  ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီ မြို့၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အစရှိသည့် မွန်တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင်လည်း (၇၇) ကြိမ်မြောက် မွန် အမျိုးသားနေ့အခမ်းအနားများ ကျင်းပခဲ့ ကြောင်း သိရသည်။

သမလ၊ ၀ိမလ မွန်ညီနောင်နှစ်ပါးတို့ ဟံသာဝတီ (ပဲခူး) မင်းနေပြည်တော်အား စ တင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ကို မွန်အမျိုးသားနေ့အဖြစ် မွန်ပြည်နယ် သံ ဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က မွန်တိုင်းရင်းသားအ စည်းအရုံးက ကျင်းပသော မွန်အမျိုးသားညီ လာခံ၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်မှစတင်ကာ မွန်အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Most Read

Most Recent