အငတ်ဘေးကျရောက်နိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသော ဆူဒန်နိုင်ငံ

အငတ်ဘေးကျရောက်နိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသော ဆူဒန်နိုင်ငံ
Photo - AFP
Photo - AFP
Published 25 February 2024

ဆူဒန်တွင် လွန်ခဲ့သည့်နှစ်က စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် အကူအညီပေးရေးလုပ်သား ရှကီယာ အယ်ဟက်ဆန်နှင့် ၎င်း၏မိသားစုသည် နေအိမ်များကို စွန့်ခွာ၍ထွက်ပြေးခဲ့ကြရသူ သန်းချီတွင်အပါအ ဝင်ဖြစ်ခဲ့သည်။

၁၀ လကြာပြီးနောက် သူသည်   မကြာမီတွင် အငတ်ဘေး ကျရောက်နိုင်ခြေရှိသည့် ဆိုးရွားသော လူသား ချင်းစာနာထောက်ထားမှု အကျပ်အတည်း သတိပေးပြောကြားသူများတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။

“ဒီလိုလိုအပ်ချက်တွေကတော့ မကြုံစဖူးပါပဲ”ဟု Care International အဖွဲ့၏ဆက်သွယ်ရေး မန်နေ ဂျာဖြစ်သူ အယ်ဟက်ဆန်က ပြောကြားခဲ့ကာ နိုင်ငံတကာ၏ အာရုံစိုက်မှု ကင်းမဲ့နေပုံကို ပြောပြခဲ့သည်။

“ဆေးဝါးနဲ့ အစားအစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကွာဟမှုရှိနေပါတယ်”ဟု နိုင်ငံအရှေ့ပိုင်းတွင် ခိုလှုံ နေထိုင်နေသည့် အယ်ဟက်ဆန်က ပြောကြားခဲ့ကာ သူသည် ၁၀ ရက်ကြာ အင်တာနက်မရရှိခဲ့ နေထိုင်ခဲ့ ရသည်ဟု ဆိုသည်။

ဧပြီလက ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်ဘာဟန် နှင့် အရန်တပ်ဖွဲ့ Rapid Support Forces (RSF)မှတပ်မှူးတစ်ဦး ဖြစ်သည့်အပြင် အယ်ဘာဟန်၏ လက်ထောက်ဟောင်းဖြစ်သည့် မိုဟာ မက်ဟမ်ဒန်ဒါဂလိုကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။

အယ်ဟက်ဆန်သည် ဇူလိုင်လက ခါတွန်မြို့တော်မှ ထွက်ပြေးလာခဲ့ကာ ဇနီးဖြစ်သူနှင့် ကလေးသုံးဦး တို့နှင့်အတူ ဝက်မာဒါနီမြို့တောင်ဘက် ၁၁၀ မိုင်အကွာတွင် ခိုလှုံနေထိုင်လျက်ရှိသည်။

သို့သော် ဒီဇင်ဘာလတွင်RSF သည် ဒေသအတွက် လူသားချင်း စာနာထောက်ထားမှု အချက်အချာနေ ရာဖြစ်လာခဲ့သည့် ဂျာဇီရာပြည်နယ်၏ မြို့တစ်မြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“အတော်လေး ထိတ်လန့်ဖို့ ကောင်းခဲ့ပါတယ်။ကျွန်တော် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဂျာဇီရာက နေ ထွက်ပြေးခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

“လမ်းပေါ်မှာတော့ အထိတ်တလန့်ဖြစ်ပြီး ခြေဗလာနဲ့ လျှောက်သွားနေတဲ့ လူပေါင်းထောင်ချီကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့တွေထဲက အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေပါ”ဟု ၎င်းက ဆိုသည်။

အယ်ဟက်ဆန်နှင့် ၎င်း၏မိသားစုသည် အီရစ်ထရီးယား နယ်စပ်အနီးရှိ ကက်ဆာလာပြည်နယ်၏ မြို့တော်တွင် ယာယီခိုလှုံရန် နေရာတစ်နေရာတွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ ယင်းနေရာတွင် နေထိုင်လျက်ရှိကာ သူသည် ဆက်တိုက် အသစ်ရောက်ရှိလာသူများကို မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

“လူတွေက ကက်ဆာလာပြည်နယ်ကို အမောတကြီးနဲ့ ရောက်လာကြပါတယ်။သူတို့တွေထဲက တစ်ချို့ ကတော့ နာမကျန်းဖြစ်နေပြီး ဆာလောင်နေကြတယ်။အများစုကတော့ သူတို့ ဘဏ်ကြွေးတွေမဆပ် နိုင်ကြတော့ဘူးလို့ ကျွန်တော့်ကို ပြောပြကြပါတယ်။လူပေါင်းထောင်ချီဟာ အရမ်းကို ဆင်းရဲချို့တဲ့တဲ့အ ခြေအနေတွေနဲ့ ခိုလှုံနေထိုင်နေကြတာကို ကျွန်တော် မြင်တွေ့နေရပါ တယ်”ဟု အယ်ဟက်ဆန်က ပြော ကြားခဲ့သည်။

ဆူဒန်နိုင်ငံတွင် ဖြစ်ပွားသော စစ်ပွဲအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ကာ အနောက်ဘက်ပိုင်း ဒါဖာဒေသရှိ အယ်ဂျီနီးနာမြို့တွင် တစ်ရက်အတွင်းလူ ၁၀,ဝဝဝမှ ၁၅,၀၀၀ အထိ သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း ရွှေ့ပြောင်းနေ ထိုင်သူ ခြောက်သန်းကျော်ရှိကာ လူတစ်သန်းကျော်သည် ပြည်ပသို့ထွက် ပြေးခဲ့ကြပြီး အများစုသည် အိမ်နီးချင်း ချဒ်နှင့် အီဂျစ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ရောဂါကူးစက် ဖြစ်ပွားမှုများ အထူးသဖြင့် လူများပြည့်သိပ်ကြပ်နေသော ယာယီခိုလှုံနေထိုင်သည့် နေရာများတွင် ခြိမ်းခြောက်မှုများ ပိုမိုမြင့်တက်လာကာ ဆူဒန်တွင် ယခင်ကတည်းက ကာလဝမ်းရောဂါနှင့် ငှက်ဖျားရောဂါများလည်း ကူးစက်ပျံ့နှံ့လျက်ရှိသည်။

နိုင်ငံတွင်း၌ လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့် လူ ၂၅ သန်းသည် လူသားချင်းစာနာထောက် ထားမှု အကူအညီ လိုအပ်လျက်ရှိသည်။ ယင်းတို့ထဲတွင် လူ ၁၈ သန်းသည် အကျပ်အတည်း သို့မဟုတ် အ ငတ်ဘေး၏ အဆိုးရွားဆုံးအဆင့်များနှင့် ရင်ဆိုင်နေရသည်။

ပဋိပက္ခအစောပိုင်းကာလမှ ၁၀ လအတွင်း လူအများစုသည် အစားအစားရရှိနိုင်ရန် ရုန်းကန်နေရ သည်။ နော်ဝေးဒုက္ခသည် ကောင်စီ၏ ဆူဒန်ဒါရိုက်တာ ဝီလျံကာတာ က မကြာသေးမီ သီတင်းပတ်များအတွင်း ဒါဖာသို့ သွားရောက်ခဲ့သည်။

“စိတ်ဒဏ်ရာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေအပြင် ဆာလောင်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ လူတွေက သူတို့ဆီမှာ ရှိသမျှ အားလုံးကို ရောင်းချနေကြတယ်။ ပေါင်မုန့်ဆိုင်တွေဆိုရင်လည်း ဂျုံမရှိတဲ့အတွက် သူတို့ပုံမှန်ရောင်းနေကြ ပမာဏရဲ့ ထက်ဝက်ကိုတောင် မရောင်းနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ပြင်သစ်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Solidarites International က ဆူဒန်အနေဖြင့် အရေးတယူ ဆောင်ရွက်မှု တစ်စုံတစ်ရာမရှိလျှင် အငတ်ဘေးဆိုက်နိုင်သည့် အခြေအနေသို့  ရောက်ရှိလိမ့်မည်ဟု သတိပေးခဲ့သည်။                                Ref:AFP

Most Read

Most Recent