လ၏ တောင်ဝင်ရိုးစွန်းပေါ်ကို နှစ် ၅၀ ကျော်တွင် ပထမဆုံး ဆင်းသက်သည့် အမေရိက၏ အာကာသယာဉ်

လ၏ တောင်ဝင်ရိုးစွန်းပေါ်ကို နှစ် ၅၀ ကျော်တွင် ပထမဆုံး ဆင်းသက်သည့် အမေရိက၏ အာကာသယာဉ်
Photo - AFP
Photo - AFP
Published 25 February 2024

ယခု ဆယ်စုနှစ် နှောင်းပိုင်းလောက်တွင် အာကာသယာဉ်မှူးများလိုက်ပါသော မစ်ရှင်များအတွက် လမ်းပွင့်သွားစေရန် ရည်ရွယ်လျက် နာဆာငွေကြေးပံ့ပိုးပေးသော ၊ လူလိုက်ပါခြင်းမရှိသော စီးပွားဖြစ် အာကာသယာဉ်များ၏ အစိတ်အပိုင်းအဖြစ် ဟူစတန်အခြေစိုက် ကုမ္ပဏီတစ်ခုသည် နှစ်ပေါင်း ၅၀ ကျော် တွင်အမေရိက၏ ပထမဆုံးအာကာသယာဉ်ကို လပေါ်တွင် ဆင်းသက်စေခဲ့သည်။

ပျံသန်းရေးလမ်းကြောင်းကို ထိန်းချုပ်သူများက ၎င်းတို့သည် အားနည်းသော ဆက်သွယ်ရေးအ ချက်ပြမှုများကိုသာ လက်ခံရရှိထားသည်ဟု အတည်ပြု ပြောကြားခဲ့ကြသည်ဆိုသော်လည်း Intuitive Machines ကုမ္ပဏီက တည်ဆောက်သော Odysseus အာကာသယာဉ်သည် ပြည့်ပြည့်ဝ၀ အလုပ်လုပ်နေ သလားဆိုသည်ကို ချင်ချင်း ရှင်းရှင်းလင်းလင်းမသိရပေ။ အာကာသယာဉ်သည် ဟန်ချက်ကောင်း ကောင်းမညီဟု ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ရာတွင် ကြေညာသူများက ပြောသည်။

ဆဌဂံပုံစံ အာကာသယာဉ်သည် တစ်နာရီ မိုင် ၄,၀၀၀(ကီလိုမီတာ ၆,၅၀၀) မှ အရှိန်လျှော့ချလိုက်ပြီး ဂနင်းနစ်စံတော်ချိန် ည ၁၁ နာ ရီ ၂၃ မိနစ်တွင် လ၏တောင်ဝန်ရိုးစွန်းအနီးကို ဆင်းသက်ခဲ့သည်။

ဆင်းသက်နေစဉ် နောက်ဆုံး စက္ကန့်များတွင် အာကာသယာဉ် ကိုယ်ထည်ထဲမှ ထွက်လာပုံရသည့် ပြင်ပကင်မရာ EagleCam မှ ရိုက်ထားသော ပုံများကို မကြာမီ ထုတ်ပြန်ပေးလာနိုင်သည်။

သို့သော်လည်း လောလောဆယ်တွင် မည်သည့်အရာမျှ မသေချာသေးဟု ဆိုသည်။

“ကျွန်တော်တို့ရဲ့အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်ကို ရောက်သွားပြီဆိုတာ သံသယမရှိပါနဲ့။ ကျွန်တော်တို့ကလည်း အချက်အလက်တွေကို ထုတ်လွှင့်ပေးနေတာပါ”ဟု ယင်းကုမ္ပဏီ၏ နည်း ပညာရှင်ဌာနအကြီးအကဲ တင်(မ်)ခရိုင်းက ပြောသည်။

အခြားသော အမေရိကန်ကုမ္ပဏီတစ်ခုက လွန်ခဲ့သောလတွင် လပေါ်ကို လွှတ်တင်ခဲ့သော အာကာ သယာဉ်သည် အောင်မြင်မှုမရခဲ့ပေ။ သို့ဖြစ်ရာ ပုဂ္ဂလိက လုပ်ငန်းနယ်ပယ် သည် အမေရိကန် အာကာသအေ ဂျင်ဆီ နာဆာက ၁၉၇၂ ခုနှစ်တုန်းက နာဆာ၏ လူလိုက်ပါသွားသော အပိုလို ၁၇ မစ်ရှင် ရရှိခဲ့သည့် နောက်ဆုံးအောင်မြင်မှု(လပေါ် ဆင်းသက်မှု) ရခဲ့သလိုမျိုး ထပ်မံရရှိအောင် ဆောင်ရွက်ရေးသည် ပိုမို ခက်ခဲနေသည်ကို လွန်ခဲ့သောလတွင် အမေရိကန်ပုဂ္ဂလိက ကုမ္ပဏီတစ်ခု အောင်မြင်မှုမရခဲ့ခြင်းက ဖော်ပြလျက်ရှိသည်။

“အခု မစ်ရှင်ဟာ နောင်မှာ ကျွန်တော်တို့ရဲ့အာကာသယာဉ်မှူးတွေကို ပို့ဆောင်မယ့်နေရာရဲ့သဘာ ဝပတ်ဝန်းကျင် အခြေအနေတွေကို  အမှန်တကယ် လေ့လာဖို့ လရဲ့ တောင်ဝန်ရိုးစွန်းကို သွားတဲ့ ပထမ ဆုံးမစ်ရှင်တစ်ခု ဖြစ်လာပါလိမ့်မယ်”ဟု နာဆာ အကြီးတန်းတာဝန်ရှိသူ ဂျိုးရယ်ကန်းစ်က ပြောသည်။

“ဘာဖုန်အမျိုးအစား ဒါမှမဟုတ် ဘာအမှိုက်အမျိုးအစားတွေ ရှိနေသလဲ။ ဘယ်လောက်အေးလဲ၊ ဘယ်လောက်ပူလဲ။ ဖြာထွက်ရောင်ခြည်ပတ်ဝန်းကျင်က ဘာလဲစတာတွေကို ပထမဆုံး လူသားစူးစမ်းလေ့ လာရေးသမားတွေကို မစေလွှတ်မီ တကယ်သိထားရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

SpaceX၏ Falcon 9 ဒုံးပျံဖြင့် ဖေဖော်ဝါရီ ၁၅ ရက်တွင် လွှတ်တင်လိုက်သော Odysseus အာကာ သယာဉ်သည် အေးခဲလွန် အောက်ဆီဂျင်ရည် အမျိုးအစားသစ်၊ မီသိန်း ရည်တွန်းကန်စနစ်တို့ ပါဝင်နေပေရာ အာကာသထဲတွင် မြန်မြန်သွားနိုင်သည်။

ယင်းအာကာသယာဉ် ဆင်းသက်သည့်နေရာဖြစ်သော မာလာပါ့အေသည် လ၏တောင်ဝင်ရိုးစွန်း မှ မိုင် ၁၈၀ (ကီလိုမီတာ ၃၀၀) ဝေးပြီး ဝင်ဆောင့်ထားခြင်းကြောင့် ဖြစ်ပေါ်နေသော အက်ကွဲကြောင်းကြီး ဖြစ်သည်။

နာဆာသည် ၎င်း၏ထိပ်တန်း ဦးစားပေးမစ်ရှင်ဖြစ်သည့် Moon-to-Mars အစီအစဉ်ဖြစ်သော အာတီမစ်အရ ယင်းနေရာတွင် ကာလရှည်နေထိုင်သည့် စခန်းကို နောက်ဆုံးတွင် တည်ဆောက်သွားမည်ဟု မျှော်မှန်းထားပြီး သောက်သုံးရေနှင့် ဒုံးကျည်လောင်စာ နှစ်မျိုးစလုံးအတွက် ထိုနေရာတွင် ရေခဲကို ထုတ်လုပ်သွားရန် ရည်မှန်းထားသည်။

Odysseus ပေါ်တွင် သယ်ယူသွားသော ပစ္စည်းကိရိယာများတွင် အာကာသယာဉ် အင်ဂျင်မှ ထွက်သော အခိုးအငွေ့များကြောင့် လမျက်နှာပြင် အပြောင်းအလဲများ ဖြစ်ပုံကို လေ့လာမည့် ကင်မရာများနှင့် နေမှလာသော ဖြာထွက်ရောင်ခြည်ကြောင့် ဆည်းဆာချိန်၌  လမျက်နှာပြင်ပေါ်တွင် ရစ်ဝဲနေသော  လျှပ်စစ်ဓာတ်အားရှိသည့် ဖုန်မှုန်ထုများကို လေ့လာမည့် ကိရိယာတစ်ခုတို့ ပါဝင်သည်။

လေဆာခုန်နှုန်းများ ထုတ်ပေး သည့် ဆင်းသက်စနစ်ပါဝင်ရာ ယင်းပါစနစ်သည် ဆင်းသက်ချိန် လမျက်နှာပြင်နှင့် အာကာသယာဉ်တို့ မတိုက်မိစေရန် ယာဉ်၏အလျင်နှင့် အကွာအဝေးတို့ကို ကြိမ်နှုန်းဖြင့် ဖော်ပြပေးသည်။            Ref:AFP

Most Read

Most Recent