မြန်မာနိုင်ငံသားများ အများအပြားဝင်ရောက်လာမှုအတွက် စိုးရိမ်စရာအကြောင်းမရှိဟု ထိုင်းကာကွယ်ရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသားများ အများအပြားဝင်ရောက်လာမှုအတွက် စိုးရိမ်စရာအကြောင်းမရှိဟု ထိုင်းကာကွယ်ရေးဝန်ကြီး ပြောကြား
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ထိုင်းစစ်သားများက ကာကွယ်စောင့်ကြပ်ပေးနေစဉ်(Photo:AP)
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ထိုင်းစစ်သားများက ကာကွယ်စောင့်ကြပ်ပေးနေစဉ်(Photo:AP)
Published 25 February 2024

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ အများအပြားဝင်ရောက်လာမှုအတွက် စိုးရိမ်စရာအကြောင်းမရှိဟု ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင်ခလန်ဆန်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်း မြန်မာ့တပ်မတော်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ပြီး ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ထိုကဲ့သို့ လှုပ်ရှားသူများကို အခြားမြန်မာရွှေ့ပြောင်းနေထိုင်သူများနှင့် ကွဲပြား ခြားနားစွာ ဆက်ဆံသင့်ကြောင်းလည်း ဆူတင်က ပြောကြားခဲ့သည်။

“လက်ရှိအချိန်မှာတော့ ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး”ဟု မစ္စတာ ဆူတင်က ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်သည့် မြန်မာကျေးရွာသားများ၏ အရေအတွက်သည် အလွန်များပြားခြင်း မရှိကြောင်းနှင့် ၎င်းတို့သည် မကြာမီအချိန်အတွင်း နေရပ်သို့ ပြန်လိမ့်မည်ဟု ယူဆရ ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသို့ ယခင်ကတည်းက ရွှေ့ပြောင်းအခြေချခဲ့သူများသာ နိုင်ငံအတွင်း ဆက်လက် နေထိုင်လိမ့်မည်ဖြစ်ကြောင်း မကြာသေးမီက မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေကို ကြေညာခဲ့သည့်တိုင် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အရေအတွက် အလွန်မြင့်တက်လာသည့် လက္ခ ဏာများမတွေ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

မစ္စတာ ဆူတင်သည် ထိုင်းနိုင်ငံနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ စစ်စခန်းတစ်ခုသို့ ဖေဖော်ဝါရီ ၂၃ ရက်က သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း အဆိုပါမှတ်ချက်စကားများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဒေသများတွင် တာဝန်ကျနေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၊ အရန်စစ်တပ် အရာရှိများနှင့် စစ်သားများကို ကိုယ်ချင်းစာကြောင်းနှင့် ၎င်းတို့အား ပိုမိုကောင်းမွန်သည့် ထောက်ပံ့ကြေးများ ပေးအပ်သွားမည် ဟု ဆူတင်က ကတိပြုခဲ့သည်။

ထိုလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်စပ်ဒေသ လုံခြုံရေးအတွက်သာမဟုတ်ဘဲ မူးယစ် ဆေးဝါးမှောင်ခိုကူးမှုကဲ့သို့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပုံစံမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနေရကြောင်း ဆူတင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ မြေပေါ်တွင် မြန်မာ့တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ရန်ပုံ ငွေများရှာဖွေ စုဆောင်းနေသည့် အဖွဲ့များ၏ လှုပ်ရှားမှုများကို ထိုင်းအစိုးရနှင့် လုံခြုံရေးအာဏာပိုင်များက အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိအချိန်တွင် ထိုလှုပ်ရှားမှုများသည် ကြီးမားသည့် ခြိမ်းခြောက်မှု သို့မဟုတ် စိုးရိမ်စရာကောင်းသည့် အခြေအနေဟု မယူဆနိုင်ကြောင်း ဆူတင်က ပြောသည်။

­­­ထိုအခြေအနေကို ထိန်းချုပ်ထားနိုင်ပြီး  မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားအားလုံးသည် တပ်မတော်ကို ဆန့်ကျင်နေသည်ဟု မည်သည့်အခါမျှ မယူဆရန် အရေးကြီးသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်း မြန်မာတပ်မတော်ကို ဆန့်ကျင်သည့် အဖွဲ့များကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့် လုပ်ဆောင်မှုများအတွက် အထူးနည်းလမ်းများရှိကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

Ref:Bangkok Post

Most Read

Most Recent