ပြည်ပအလုပ်အကိုင်အေဂျင်စီ ခြောက်ခု ထပ်တိုးလာပြီး လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၄၇ ခုအထိရှိလာ

ပြည်ပအလုပ်အကိုင်အေဂျင်စီ ခြောက်ခု ထပ်တိုးလာပြီး လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၄၇ ခုအထိရှိလာ
Published 20 February 2024

ပြည်ပအလုပ်အကိုင်အေဂျင်စီ ခြောက်ခု ထပ်တိုးလာပြီး လိုင်စင်ရပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၄၇ ခုအထိရှိလာကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည့် စာရင်းအရ လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၅၄၁ ခုသာရှိရာမှ ဖေဖော်ဝါရီလမကုန်မီတွင် အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်သည့်စာရင်းအရ အလုပ်အကိုင်အေဂျင်စီ ခြောက်ခု ထပ်တိုးလာခြင်းဖြစ်သည်။

ယင်းသို့ လိုင်စင်ရပြည်ပအလုပ်အကိုင် အေဂျင်စီ ၅၄၇ ခုအနက် အချို့သည် လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခံရသည့် ကုမ္ပဏီများလည်းရှိကြောင်း သိရသည်။

လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းခံထားရသည့် အေဂျင်စီများအနက် ခြောက်လယာယီ ပိတ်သိမ်းခံရသည့် အေဂျင်စီများတွင် အောင်ကောင်းမွန်၊ Mon Angela Thi ကုမ္ပဏီ၊ New Three Diamond ကုမ္ပဏီ၊ ရွှေလွင်လွင် ကုမ္ပဏီ၊ တစ်နှစ်ပိတ်သိမ်းခံထားရသည့် အေဂျင်စီများအနေဖြင့် ဒိုင်းမွန်းပုဂံဂျင်နရယ်ဆားဗစ် ကုမ္ပဏီ၊ JMK Services ကုမ္ပဏီ၊ ဖြုစင်မေကုမ္ပဏီ၊ ရွှေဖြိုးသာကုမ္ပဏီ၊ Top Choice ကုမ္ပဏီ၊ ဝင်းဖြိုးအောင်ကုမ္ပဏီ တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပသို့အလုပ်သွားရောက် လုပ်ကိုင်လိုလျက်ရှိသည့် မြန်မာလူငယ်အများစုသည် ပြည်ပ အလုပ်အကိုင်စျေးကွက်သို့ လာရောက်မေးမြန်းခြင်းများရှိလာသည်ဟု သိရသည်။

လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီအရေအတွက်သည် ၂၀၂၁ ခုနှစ်မတိုင်မီက ၃၀၀ ကျော်သာရှိခဲ့သော်လည်း သုံးနှစ်ကျော်ကာလအတွင်းတွင် လိုင်စင်ရကုမ္ပဏီအရေအတွက် ၅၀၀ ကျော်သို့ ရောက်ရှိလာခဲ့သည်။

Most Read

Most Recent