PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဘာနာဒိုဆေးလ်ဗား ဆန္ဒရှိနေဆဲဖြစ်

PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဘာနာဒိုဆေးလ်ဗား ဆန္ဒရှိနေဆဲဖြစ်
Photo: Getty Images
Photo: Getty Images
Published 19 February 2024

မန်စီးတီးအသင်း၏ ပေါ်တူဂီတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားသည် PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဘာနာဒိုဆေးလ်ဗား(၂၉ နှစ်)သည် မန်စီးတီးအသင်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော်လည်း ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးခဲ့ဖူးသည်။

၎င်းသည် မိုနာကိုအသင်းနှင့်အတူ ပြင်သစ်လိဂ်တွင် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သောကြောင့် ပြင်သစ်ထိပ်သီး PSG အသင်းတွင် ပြောင်းရွှေ့ကစားလိုခြင်းဖြစ်ပြီး PSG အသင်းကလည်း ဘာပေကို လက်လွှတ်ရတော့မည်ဖြစ်၍ ထိပ်တန်းကစားသ မားများ ပြန်လည်အားဖြည့်ရန် စီစဉ်နေရာ ဘာနာဒိိုဆေးလ်ဗားကို ကြိုးပမ်းဖွယ်ရှိနေသည်။