မန္တလေး-ပြင်ဦးလွင ်ကားလမ်း (အဆင်းလမ်း)တွင် Express ခရီးသည်တင် မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွား

မန္တလေး-ပြင်ဦးလွင ်ကားလမ်း (အဆင်းလမ်း)တွင် Express ခရီးသည်တင် မော်တော်ယာဉ် မီးလောင်မှုဖြစ်ပွား
Published 18 February 2024

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း (အဆင်းလမ်း)တွင် Express ခရီးသည်တင်မော်တော်ယာဉ် မီးလောင်မှု ဖေဖော်ဝါရီ ၁၇ ရက်  ညနေ ၆ နာရီ ၃၄ မိနစ်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိပါသည်။

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၊ စက်သုံးဆီဆိုင်ရှေ့  မန္တလေး-ပြင်ဦးလွင်ကားလမ်း (အဆင်းလမ်း)တွင် ပြင်ဦးလွင်မှ ရန်ကုန်သို့ မောင်းနှင်လာသည့် Express ခရီးသည်တင်မော်တော်ယာဉ်သည် နောက်ညာဘက် ဘရိတ်ရှူးကပ်၍ အပူ လွန်ကဲကာ  မီးစတင်လောင်ကျွမ်းခဲ့ရာမှတဆင့် ယာဉ်ပေါ်ရှိ ကုန်ပစ္စည်းများသို့ မီး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ယာဉ်အပေါ်ပိုင်း၊ ဖင်ထိုင်ခုံများနှင့် နောက်ဘီး တာယာများ တန်ဖိုး ၃၄ဝဝဝဝဝဝ၊ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများနှင့် ခရီးသည်များ၏ပစ္စည်းများတန်ဖိုး၁ဝဝဝဝဝဝ ၊ စုစုပေါင်း ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး ၃၅,၀၀၀,ဝဝဝ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ် သန္ဓေတပ်ဖွဲ့ဝင် (၆)ဦး မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မန္တလေးခရိုင် မီးသတ်စခန်းမှ သန္ဓေ(၆)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၆)ဦး မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ သန္ဓေ(၇)ဦး မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ အရန်(၅)ဦး မီးငြိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောကျေးရွာစေတနာမွန်လူမှုညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၅၄ မိနစ် အချိန်တွင် မီးထိန်းပြီး၊ ည ၇ နာရီ ၄ မိနစ် အချိန်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း၊ DCP မီးသတ်ဆေးဘူး (၅၀)kg (၂)ဘူး၊ (၅)kg (၂)ဘူး၊ (၃)kg (၁)ဘူးနှင့် ရေဂါလံ(၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

 ယာဉ်ပေါ်တွင် လိုက်ပါလာသော ယာဉ်မောင်း နှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

 

Most Read

Most Recent