အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ဆန်တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ရောင်းချမည်

ပုံစာ- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်အတွင်းက သက်သာသောစျေးဖြင့် ဆန်ရောင်းချပေးနေစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ပုံစာ- ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်အတွင်းက သက်သာသောစျေးဖြင့် ဆန်ရောင်းချပေးနေစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 15 February 2024

အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ဆန်တစ်ပြည် ကျပ် ၃၃၀၀ ဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်း ဖေဖော်ဝါရီ ၁၆ ရက်မှ စတင် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ပို့ကုန် ကုမ္ပဏီများ၏ပူးပေါင်းပါဝင်မှုဖြင့် ပြည်တွင်း ဆန်စျေးကွက် စျေးနှုန်းတည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်လက်လီအရောင်းဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှစတင်၍ စားသုံးသူများထံသို့ ဝယ်ယူသူတစ်ဦးလျှင် Reasonable Well Milled ၁၅ ရာခိုင်နှုန်း ဆန်ဖြူ ဆန်နှစ်ပြည်နှုန်းကို တစ်ပြည်လျှင် ကျပ် ၃၃၀၀ နှုန်းဖြင့် တိုက်ရိုက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင်လည်း အလားတူအစီအစဉ်များ ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းစီစဉ်လျက်ရှိကြောင်း သိရသည်။

ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများအတွက် လိုအပ်ချက်ရှိပါက ကုန်စည်ဒိုင်များနှင့် အသင်းချုပ်သို့ တိုက်ရိုက် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း၊ ဆက်သွယ်လိုပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်-ဖုန်း -၀၉၄၀၀၀၇၆၂၆၀၊ ၀ါးတန်းကုန်စည်ဒိုင်- ဖုန်း ၀၁-၈၂၂၁၄၄၈၊ ဘုရင့်နောင်ကုန်စည် ဒိုင်-၀၉၇၆၉၀၂၉၄၂၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent