UEC နှင် မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံပြီး မဲစာရင်း ပြုစုဆောင်ရွက်နေသည့် အခြေအနေအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

UEC နှင် မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံပြီး မဲစာရင်း ပြုစုဆောင်ရွက်နေသည့် အခြေအနေအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 15 February 2024

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ များတွေ့ဆုံသည့် အခမ်းအနားကို ဖေဖော် ၀ါရီ ၁၄ ရက်က နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကို နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနနှင့် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ တာ ဝန်ရှိသူများ၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေး ပါတီများမှဥက္ကဋ္ဌများ၊ ခေါင်းဆောင် များ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

UEC ဥက္ကဋ္ဌက လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီ များနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင် ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဇန်နဝါရီ ၃၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥပဒေ အမှတ် ၁၅/၂၀၂၄ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း ခဲ့ကြောင်း၊ ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ် ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင် လျက် ရှိပြီး ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှသာအောင် မြင်မည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင် ရွက် ရေး ကြီးကြပ်ပေးရမည်ဖြစ်သကဲ့သို့ နိုင်ငံ ရေးပါတီများ၏ လိုအပ်ချက်များကိုလည်း ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့ လာသည့် လူဦးရေစာရင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စိစစ်သည့် လုပ် ငန်းများဆောင်ရွက်လျက်ရှိပြီး မဲစာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံး မဲပေးခွင့်ရရှိစေရေး ဆောင်ရွက် လျက်ရှိကြောင်း UEC ဥက္ကဋ္ဌုကဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသကဲ့သို့ ပြည်သူလူထု၏ ယုံကြည်မှုပါ ဆုံးရှုံးခဲ့ရ သည့် အတွက် လာမည့်ရွေးကောက်ပွဲ သည် ဂုဏ် သိက္ခာနှင့် ယုံကြည်မှု ပြန်လည်ရယူနိုင်ရေး ကြိုးစားဆောင်ရွက်ရမည့် ရွေးကောက်ပွဲ ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကိုလည်း လွတ်လပ် တရားမျှတစွာကျင်းပနိုင်ရေး ပြဋ္ဌာန်း ထား သည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပ ဒေများနှင့်အညီ ကော်မရှင်က ကြီးကြပ် ဆောင်ရွက်မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦး ကိုကိုက ပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက် ရောက်လာသည့် နိုင်ငံရေးပါတီများ၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  တို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြရာ UEC ဥက္ကဋ္ဌက တင်ပြချက်များအပေါ် ပြန် လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent