လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အမျိုးသား စစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးရန် လိုအပ်လာခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အမျိုးသား စစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးရန် လိုအပ်လာခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 11 February 2024

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးရန် လိုအပ်လာခြင်းကြောင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည် ကြောင်း သတ်မှတ်ခဲ့သည့် အမိန့်ကြော်ငြာစာ ကို ဖေဖော်ဝါရီ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ပြီးနောက် ယင်းဥပဒေစပ်လျဉ်းသည့် အကြောင်း အရာများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော် တို့နိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေ များအရ ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူ အားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒါ တွေကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ မှာလည်း လိုအပ်လာလျှင် အရင်အမျိုးသား စစ်မှုထမ်းစနစ်ထက်မြင့်မားတဲ့ စစ်စည်းရုံးမှု  War Mobilization  ဆိုတဲ့ ပုံစံမျိုးအထိ လုပ် ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီ လိုမျိုးလုပ်ဆောင်လာခြင်းဟာ နိုင်ငံတော်ကာ ကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လို အပ်လာလျှင် ဆောင်ရွက်ရခြင်းသာဖြစ်ပါ တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ဥပဒေအာဏာတည်သည်ဟု အမိန့်ကြော်ငြာ စာထုတ်ပြန်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေ သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ဥပဒေအမှတ် (၂၇/ ၂၀၁၀) ဖြင့် ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီဟာဆောင် ရွက်ရခြင်းဟာ ကျွန်တော်တို့အနေနဲ့ စစ်ရေး တာဝန်တစ်ခုတည်းကို ရည်မှန်းပြီးတော့ ဆောင်ရွက်ရတာပါ။ ပြည်သူ့စစ်မဟာဗျူ ဟာရဲ့သဘောမှာ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့ရဲ့အကြား အဆက်အစပ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအမြဲတမ်းတပ် မတော်နဲ့ ပြည်သူတို့ရဲ့အဆက်အစပ်ကို ပြည် သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေ မှာဖြစ်ပါတယ်။ ပိုပြီးတော့ တည်မြဲစေမှာ ဖြစ် ပါတယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့နေရာမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေအနေနဲ့ စစ်ကိုဟန့်တားနိုင်တဲ့စွမ်းရည် utterance power  ပိုမိုပြီးရရှိလာမှာဖြစ်ပါတယ် ” ဟု ပြောကြားသည်။ 

၁၉၆၄ ခုနှစ် တပ်မတော် တပ်မှူးများ ညီလာခံမှစတင်ပြီး ပြည်သူ့စစ်မဟာဗျူဟာ အကောင်အထည်ဖော်ရန် စတင်ဆွေးနွေးခဲ့ ပြီး ၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် အနေနှင့် စစ်စည်းရုံးနိုင်မှုစွမ်းရည်နှင့် ပြည် သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်နိုင်မှုစွမ်း ရည်များကို ပြည်ပကျူးကျော်မှုဖြစ်သည့် တရုတ် ဖြူ ကူမင်တန်ကျူးကျော်စစ်ကာလ၊ ပြည်တွင်း သောင်းကျန်းမှုအရှိန်မြှင့်တင်နေသည့်ကာ လများတွင် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“စစ်စည်းရုံးခြင်းဆိုတဲ့ဟာတွေ ဆောင် ရွက်တဲ့အခါမှာတော့ နိုင်ငံတော်မှာ စစ်ကာ လ၊ ဒါမှမဟုတ် အရေးပေါ်ကာလရည်မှန်း ချက်များကို အောင်မြင်နိုင်ဖို့အတွက် နိုင်ငံ ရဲ့အရင်းအမြစ်များကို စုစည်းတဲ့၊ ဖွဲ့စည်းတဲ့၊ အသုံးချတယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်တဲ့နေရာမှာ ယခု ကျွန်တော်တို့ လက်ရှိ ဆောင်ရွက်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ထက်မြင့်မားတဲ့ကိစ္စတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရသည့် အဓိကရည်ရွယ်ချက်မှာ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်း လုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်နှင့် အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင် ရန်ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒါအပြင် ပြည် သူအားလုံးသည် စစ်မှုထမ်းစနစ်နဲ့ အကျုံး ဝင်နေတဲ့အတွက် စစ်ဖက်အရပ်ဖက်ဆက်ဆံ ရေးကိုလည်း ပိုမိုကောင်းမွန်စေနိုင်မှာ ဖြစ် ပါတယ်။ ပြီးရင်တော့  အမြဲတမ်းတပ်မတော်ကို အင်အားအကြီးမားဆုံး၊ အခိုင်ခန့်ဆုံး မတည် ဆောက်ဘဲ ပြည်သူအားလုံးပါဝင်တဲ့စနစ်ကို ဖော်ဆောင်မှာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးတည်ဆောက်မှုနဲ့ ကာကွယ်ရေး တည်ဆောက်မှုတို့ကို ဘက်ညီမျှတစေမှာလည်း ဖြစ်ပါတယ်။ ပြီးရင် စစ်သိပ္ပံနဲ့ နည်းပညာဖွံ့ ဖြိုးတိုးတက်မှုတွေရရှိလာမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ နိုင်ငံလုံးဆိုင်ရာ စုစည်းညီညွတ်မှု တွေ ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်”  ဟု ပြောကြားသည်။

ထို့ပြင် မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေး သွေးစည်းညီညွတ်မှုများကိုလည်း တိုးမြင့်လာ နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်သည် ပြည်သူတစ်ရပ်လုံးတွင် တာဝန် ရှိသည့်အတွက် လက်ရှိပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အားလုံးက ဂုဏ် ယူဝမ်းမြောက်စွာနှင့် တာဝန်ထမ်းဆောင် ကြရန်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent