မြန်မာနှင့် နယ်စပ်လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက်ကို ရပ်ဆိုင်းမည်ဟု အိန္ဒိယ ပြောကြား

မြန်မာနှင့် နယ်စပ်လွတ်လပ်စွာ သွားလာခွင့် သဘောတူညီချက်ကို ရပ်ဆိုင်းမည်ဟု အိန္ဒိယ ပြောကြား
Photo: AFP
Photo: AFP
Published 10 February 2024
Ref: AFP

မြန်မာနိုင်ငံနှင့် နယ်စပ်လွတ်လပ်စွာ သွားလာခွင့်သဘောတူညီချက်ကို အမြန်ဆုံး ရပ်ဆိုင်းရေးအတွက် အကြံပြု ထောက်ခံခဲ့ သည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ယမန်နှစ်က မြန်မာနိုင်ငံတွင် တပ်မ တော်နှင့် အတိုက်အခံများအကြား တိုက်ပွဲ ဖြစ်ပွားမှု အရှိန်မြင့်တက်ခဲ့ပြီးနောက် မြန်မာ ဘက်မှ လူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း သိရသည်။

နယ်စပ်ဒေသများတွင် နေထိုင်သူများ ကို အိမ်နီးချင်းနိုင်ငံ၏ နယ်နိမိတ်ထဲသို့ ဗီဇာ မလိုဘဲ ခရီးတိုသွားလာဝင်ထွက်ခွင့်ပြု သည့် သဘောတူညီချက်အား ဖျက်သိမ်းမည့်လုပ်ငန်းစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနကဆောင် ရွက်နေပြီဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားက ပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နေထိုင် သူ အများအပြားသည် ယဉ်ကျေးမှုနှင့် ဘာ သာရေးအရ နီးကပ်သည့် ဆက်နွှယ်မှုများရှိ ကြသည်။

ပြည်တွင်းလုံခြုံမှုရှိရေးအတွက် သေချာ အောင်လုပ်ဆောင်ရန်နှင့် မြန်မာနှင့် နယ်နိ မိတ်ချင်း ထိစပ်နေသည့် ဒေသများတွင် လူဦး ရေဆိုင်ရာ ဖွဲ့စည်းမှုကို ဆက်လက်ထိန်းသိမ်း ရန်လိုအပ်သည်ဟု ၎င်းင်းက ဆိုသည်။ ယင်းကဲ့ သို့ နယ်စပ်ဒေသများတွင် အိန္ဒိယ၏ နယ်မြေ မတည်ငြိမ်သည့် မဏိပူရပြည်နယ်လည်း ပါ ဝင်နေသည်။

လွတ်လပ်စွာ သွားလာခွင့်ကို ရပ်ဆိုင်း ခြင်းသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု များကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းလုံခြုံရေးကို  ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန်အ တွက် အဓိကကျသည်ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န်ဘီရန်ဆင်းက ဖေဖော်ဝါရီ ၈ ရက်တွင် X လူမှုကွန်ရက်မှတစ်ဆင့် ပြော ကြားခဲ့သည်။ ၎င်းင်းသည် အာဏာရ ဟိန္ဒူအ မျိုးသားရေးဝါဒီ ဘာရာတီယာ ဂျာနာတာ BJP ပါတီမှဖြစ်သည်။

ယမန်နှစ်နိုဝင်ဘာလတွင် ရက္ခိုင့်တပ် တော် (AA) က လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနယ်စပ်အ နီးရှိ မြန်မာနိုင်ငံ၏ ဒေသအချို့တွင် တိုက်ပွဲ များ မကြာခဏဖြစ်ပွားခဲ့သည်။

ယခုသီတင်းပတ်ထဲတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်အနီးတွင်လည်း တိုက်ပွဲများ ပျံ့နှံ့ဖြစ်ပွားခဲ့ကာ ထိတွေ့တိုက် ခိုက်မှုများအတွင်း လက်နက်ကြီးကျည် ထိမှန် မှုကြောင့် ဖေဖော်ဝါရီ ၅ ရက်က အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့သည်။

အိန္ဒိယအနေဖြင့် မြန်မာနှင့်နယ်စပ်တစ် လျှောက်တွင် ကိလိုမီတာ ၁,၆၀၀ ကျော် (မိုင် ၁,၀၀၀ ကျော်) ရှိသည့် ခြံစည်းရိုးခတ်ရန် စီ စဉ်နေသည်ဟု ပြည်ထဲရေးဝန်ကြီး အာမစ်ရှား က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

“ဝန်ကြီးချုပ်မိုဒီရဲ့ အစိုးရဟာ နယ်စပ် ဒေသကို စိမ့်ဝင်ထိုးဖောက်လို့မရတဲ့ နေရာ အဖြစ် တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားပါ တယ်” ဟု ဖေဖော်ဝါရီ ၆ ရက်တွင် ၎င်းင်းကပြော ကြားခဲ့သည်။

နယ်စပ်ခြံစည်းရိုးခတ်ရာတွင် လမ်းမ တစ်ခုထည့်သွင်းဖောက်လုပ်မည်ဖြစ်ကာ မ ဏိပူရပြည်နယ်$ ၁၀ ကီလိုမီတာရှိသည့်လမ်း ပိုင်းတစ်ခု ဖောက်လုပ်ပြီးစီးသွားပြီဖြစ် ကြောင်း ရှားက ဆိုသည်။

အိန္ဒိယသည် ပါကစ္စတန်နှင့်နယ်စပ်တွင် ကီလိုမီတာ ၂,၀၀၀ ကျော်ရှိသည့် နယ်စပ်ခြံ စည်းရိုး ကာရံထားပြီး ဘင်္ဂလားဒေ့ရှ်နှင့်လည်း ကီလိုမီတာ ၃,၁၀၀ ရှိသည့် နယ်စပ်ခြံစည်းရိုး ကာရံထားသည်ဟု ၂၀၂၁ ခုနှစ်တွင် အိန္ဒိယ အစိုးရက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများ အရ သိရသည်။

 

 

         

Most Read

Most Recent