Licha ကို လွမ်းရဦးမယ့်အချိန်

Licha ကို လွမ်းရဦးမယ့်အချိန်
Photos: AFP & X
Photos: AFP & X
Published 10 February 2024
AK

ပြီးခဲ့တဲ့ရာသီမှာ မာတီနက်ဇ်ရဲ့တန်ဖိုးကို အားလုံးမြင်ခဲ့ရတယ်။ မန်ယူရဲ့အဓိက ကစားသမားတစ်ဦး၊ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ဦး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ မာတီနက်ဇ်ဟာ ဒဏ်ရာနတ်ဆိုး ပူးကပ်ခဲ့တယ်။ ဒူးဒဏ်ရာကြောင့် အချိန်အကြာကြီးနားလိုက်ရပါတယ်။ မန်ယူအတွက် ပွဲစဉ်၂၂ ပွဲအထိ မာတီနက်ဇ် အသုံးတော်မခံနိုင်ခဲ့ဘူး။ ဇန်နဝါရီလ ၁၄ ရက်မှာကစားတဲ့ စပါးနဲ့ပွဲကျမှ သူ ပြန်လာနိုင်ခဲ့တယ်။ သားသတ်သမားကြီးရဲ့ သန်မာမှုတွေ ခံစားလို့မဝသေးခင်မှာပဲ ဒဏ်ရာနတ်ဆိုးက ရက်စက်စွာကျီစယ်ပြန်တယ်။ ဝက်စ်ဟမ်းနဲ့ပွဲက ဒဏ်ရာကြောင့် မာတီနက်ဇ် ရှစ်ပတ်လောက် နားရပါဦးမယ်။ တန်ဟက်ဂ်က "မာတီနက်ဇ်အတွက် တစ်ကိုယ်ရေစာ ကမ္ဘာပျက်တာပါပဲ။ ကျွန်တော်တို့ အတွက်လည်းသူဟာ သိပ်ပြီးအရေးပါလို့ စိတ်ပျက်စရာသတင်းဆိုးပါပဲ"လို့ ပြောခဲ့တယ်။

 

Most Read

Most Recent