ရင်ခုန်ရဦးမယ့် နည်းပြအရွေ့များ

ရင်ခုန်ရဦးမယ့် နည်းပြအရွေ့များ
Photo : Getty Images
Photo : Getty Images
Published 8 February 2024
Phoe Thar

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ လီဗာပူးလ်အသင်းရဲ့ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်နဲ့ ဘာစီလိုနာအသင်းရဲ့ စပိန်လူမျိုးနည်းပြ ဇာဗီတို့က လာမယ့်နွေရာသီမှာ သက်ဆိုင်ရာကလပ်အသင်းတွေနဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း ရှေ့ဆင့်နောက်ဆင့်ပဲ အတည်ပြုကြေညာသွားခဲ့တယ်။ သာမန်အရကြည့်ရင် ဘောလုံးလောကအတွက် ထူးခြားလှတဲ့ အခြေအနေမဟုတ်ပေမယ့် လီဗာပူးလ်နဲ့ ဘာစီလိုနာဆိုတဲ့ကလပ်အသင်း (၂)သင်းရဲ့ အရှိန်အဝါ၊ ကလော့ပ်နဲ့ ဇာဗီတို့ရဲ့ ပုံရိပ်တွေကြောင့် ဒီလမ်းခွဲသတင်းတွေက မီဒီယာစာမျက်နှာထက်ကို တောမီးလိုပဲ အလျင်အမြန်ကူးစက်လောင်ကျွမ်းသွားခဲ့တယ်။

 

Most Read

Most Recent