EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၈၃ ခုအား တာဝန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ထုတ်ပေးမည်

EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကုမ္ပဏီ ၈၃ ခုအား တာဝန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင် ထုတ်ပေးမည်
Published 8 February 2024

EV လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ် ငန်းများ ဆောင် ရွက်နိုင်ရန်ကုမ္ပဏီ ၈၃ ခုကို တာဝန်ပေးထားပြီး သတ်မှတ်ချက်နှင့် ကိုက် ညီသည့် ကုမ္ပဏီများကို သွင်းကုန်လိုင်စင်ထုတ် ပေးမည်ဖြစ်ကြောင်း အမျိုးသားအဆင့်လျှပ် စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၏ ထုတ်ပြန်ထားချက် အရ သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော် မတီမှ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်ခွင့်ပြုထားသည့် ကုမ္ပဏီများ စာရင်းတွင် charging station သီးသန့် ဆောင်ရွက်သည့်ကုမ္ပဏီနှစ်ခုနှင့် E bus ပြေး ဆွဲခြင်းလုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီနှစ်ခု တို့ပါဝင်ကြောင်း သိရသည်။

Charging station သီးသန့် ဆောင်ရွက် သည့်ကုမ္ပဏီနှစ်ခုမှာ yangon aerodome ကုမ္ပဏီနှင့် pioneer aerodome ကုမ္ပဏီတို့ ဖြစ်ပြီး E bus ပြေး ဆွဲခြင်းလုပ်ငန်း ဆောင် ရွက်မည့်ကုမ္ပဏီနှစ်ခုမှာ မန္တလာမင်း express ကုမ္ပဏီနှင့် ရာဇာမင်း industry ကုမ္ပဏီတို့ ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ကား တင်သွင်းရောင်းချသူများ အနေဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး brand showroom ဖွင့်လှစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့်ကုမ္ပဏီ များကို သွင်းကုန်လိုင်စင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရသည့် အခြားကုမ္ပဏီများ မှာ amazing auto ၊ အောင်ကမ္ဘာ့မော်တာ ကုမ္ပဏီ၊ Auto top power, Myanmar brilliance ကုမ္ပဏီ၊ ရောင်နီဦးကုမ္ပဏီ၊ စူပါဆဲ ဗင်းစတားကုမ္ပဏီ၊ ဒေါင်ဖန်းမော်တာကုမ္ပဏီ၊ ထက်ဝေယံဟိန်းကုမ္ပဏီ အစရှိသည်တို့ ပါဝင် သည်ကိုလည်း တွေ့ရသည်။

၂၀၂၃ ခုနှစ် ဧပြီနှင့် ဇွန်လများ၌ လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း သည့် ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်း အဝေးများတွင် လျှပ်စစ်သုံးယာဉ်များ ပြန် လည်ရောင်းချရာတွင် ဃှုင်္ တန်ဖိုးအပေါ်  အမြတ်ရာခိုင်နှုန်း ၂၀ ထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချ ခြင်းမပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင်ရောင်းချခြင်း မပြုရန် အသိပေးဆောင်ရွက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင် ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်း ကော်မတီ က ထုတ်ပြန်ထားသည်။

 

ထို့ပြင် လျှပ်စစ်ကား (EV) များနှင့် အားသွင်းစက်(charger) များ ဝယ်ယူအသုံးပြုရာ တွင် စိတ်ကျေနပ်မှုမရှိခြင်းနှင့် နစ်နာဆုံးရှုံးမှု များရှိပါက တိုင်ကြားရန် စားသုံးသူရေးရာဦး စီးဌာနက အသိပေးကြေညာထားသည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံး သူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ရည် ရွယ်ချက်များနှင့်အညီ စားသုံးသူပြည်သူများ အတွက် စားသုံးသူအခွင့်အရေးများ အပြည့် အဝရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အာမခံချက်အပြည့် အဝရရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများအား ကု စားပေးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည် ဟု အဆိုပါဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent