ပါလက်စတိုင်းသိုးထိန်းများကို ဒုက္ခပေးနေသော အစ္စရေးရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်သူများ

ပါလက်စတိုင်းသိုးထိန်းများကို ဒုက္ခပေးနေသော အစ္စရေးရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်သူများ
Photo:AFP
Photo:AFP
Published 4 February 2024

အသက် ၅၇ နှစ်အရွယ် ပါလက်စတိုင်း သိုးထိန်းကာဒရီဒါရက်မာသည် ၎င်းတွင် အသက်မွေးဝမ်း ကြောင်းအဖြစ် မွေးမြူရေးခြံများမှ လွဲ၍ မည်သည့်အရာမျှ မရှိဘဲ၎င်း၏ သားနှစ်ဦးမှာလည်း အကျဉ်းကျ လျက်ရှိသည်။

၎င်း၏ လေဟာပြင်တဲအတွင်း၌ ဘုံပိုင်ရေနှင့် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိခြင်းနှင့်အတူ ၎င်း၏နာ မကျန်းဖြစ်နေသော ဇနီးသည်မှာ မျက်ရည်များဝဲလျက်ရှိသည်။

“ကျွန်တော့်ကလေးတွေက ထောင်ထဲမှာပါ။နေ့စဉ်နေ့တိုင်း အစားအစာဝယ်ဖို့ မရှိသည့်တိုင် ကျွန် တော်ပေးချေဖို့ ငွေအများကြီးလိုအပ်နေပါတယ်”ဟုကာဒရီက ဆိုသည်။

ကာဒရီ၏ ဒုက္ခသည်လွန်ခဲ့သည့်လက သိသိသာသာ စတင်ပိုမိုဆိုးရွားလာခဲ့သည်။ ဒီဇင်ဘာ ၂၅ ရက်က ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်သူများသည် ညအချိန်တွင် ၎င်း၏ကျွဲနွားတိရစ္ဆာန်များမှ အကောင် ၁၀၀ ကို ခိုးယူခဲ့ပြီး လမ်းမတစ်ခုအနီးတွင် အချို့နွားများ လွတ်သွားခဲ့ကာ ယင်းနောက်တွင် အစ္စရေးရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရသည်။

အစ္စရေးဥပဒေအောက်တွင် ကျွဲနွားများ လွတ်လပ်စွာ လှည့်လည်သွားလာနေမှုသည် တရားမဝင်သောကြောင့် ရဲတပ်ဖွဲ့များသည် နွားများကို သိမ်းယူခဲ့သည်။ကာဒရီသည် ၎င်း၏နွားများမှ ၁၉ ကောင်ကိုပြန် လည်ရယူနိုင်ရန်အတွက် ရှီကယ် ၄၉,၀၀၀(ဒေါ်လာ၁၂,၉၀၀)ကိုပေး ချေရန် အတင်းအကျပ်တောင်းဆို ခံခဲ့ရသည်။ ကာဒရီသည် မိတ်ဆွေများနှင့် အစ္စရေးတက်ကြလှုပ်ရှားသူများ၏ အကူအညီဖြင့်သာ ယင်းငွေကို ပေးချေနိုင်ခဲ့သည်။

ကာဒရီသည် ယင်းတုန်လှုပ်ခြောက်ခြားဖွယ် ဒုက္ခအခြေအနေမှ ထွက်ပြေးလိုသော်လည်း ဇန်နဝါရီ ၇ ရက် ညနေခင်းတွင် ၎င်း၏သားနှစ်ဦးက ၎င်းထံ ဖုန်းဆက်ခဲ့ကာ သူတို့သည် ယူရီကိုဟန်ဟုခေါ်သော အ ခြေချနေထိုင်သူတစ်ဦး၏ အကွက်ဆင်ခံခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

ကိုဟန်သည် အသက် ၂၉ နှစ် အရွယ် ဂျာဆာနှင့် အသက် ၁၉ နှစ် အရွယ် ရီဟတ်တို့ကို ဆက်သွယ်ခဲ့ပြီး ကျွဲနွားများအတွက် အနှောင့်အယှက်ကင်းသည့် စားကျက်မြေတစ်ခုရှိသည်ဟု ကမ်းလှမ်းခဲ့သည်။ယင်း ကမ်းလှမ်းချက်သည် ငြင်းဆန်ရန် ခက်ခဲသည့် ကမ်းလှမ်းချက်ဖြစ်သည်။

စစ်ပွဲအစောပိုင်းရက်များတွင် ကိုဟန်အတွက် အလုပ်လုပ်ကိုင်ပေးနေသူများ အပါအဝင် အခြေချနေ ထိုင်သူများသည် ကျွဲနွားအုပ်များကို လက်နက်ဖြင့်တိုက်ခိုက်ခဲ့ပြီး ခွေးများကို လွှတ်ပေးခြင်းသို့မဟုတ်သိုး များကို ခြောက်လှန့်၍ မောင်းထုတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ယင်းကဲ့သို့ အလားတူဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ချိန်၌ ကိုဟန်က“ဒီပြဿနာတွေကို ဘာလို့စွဲကိုင်ထားတာလဲ။ ခင်ဗျားရဲ့ကျွဲနွားတွေကို ကျွန်တော့်ဆီရောင်းလိုက်”ဟုပြောကြားခဲ့ကြောင်း ကာဒရီကဆိုသည်။

ကာဒရီ၏သားများက ကိုဟန်၏ ကမ်းလှမ်းချက်ကို လက်ခံရန်ဆုံးဖြတ်ခဲ့သည်။သို့သော် ၎င်းတို့သည် ကိုဟန်ပြောပြသော စားကျက်မြေသို့ သွားရောက်သောအခါ ကိုဟန်က ကောင်စီစုံစမ်းစစ်ဆေးသူနှင့်ရဲ တပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်။ ရဲတပ်ဖွဲ့က ပုဂ္ဂလိကမြေနေရာပေါ်သို့ ကျွဲနွားခေါ်ဆောင်လာမှုအတွက် ကာဒရီ၏သားနှစ်ဦးကို လက်ထိပ်ခတ်ဖမ်းဆီခဲ့ကာ ၎င်းတို့၏ နွားအကောင်ရေ ၆၀ ကိုသိမ်းဆည်းခဲ့သည်။

ယင်းဖြစ်စဉ်ကို ကာဒရီထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ ၎င်း၏ ဇနီးဖြစ်သူနှင့် အခြားသားနှစ်ဦးဖြစ်သော အသက် ၃၁ နှစ်အရွယ်လူရေးနှင့် အသက် ၂၇ နှစ်အရွယ်ဘာဆယ်တို့ ရဲစခန်းဆီအလျင်အမြန်သွား ရောက်ခဲ့ကြသည်။

ကာဒရီက ဂျော်ဒန်တောင်ကြားဒေသကောင်စီအတွက် မြေနေရာစုံစမ်းစစ်ဆေးနေသည့် ဒေသခံ အခြေချနေထိုင်သူ ရှိင်အီဂါကို ဆန့်ကျင်ပြောကြားခဲ့ရာ နယ်ခြားစောင့်ကင်းလှည့်အရာရှိ ရောက်ရှိလာခဲ့ ပြီးနောက် ကာဒရီကို သွေးထွက်သည်အထိ ထိုးကြိတ်ခဲ့သည်။အကြမ်းဖက်အခြေအနေကြောင့် လူ ရေးနှင့်ဘာဆယ်တို့က ၎င်းတို့ကားထံ ပြန်ပြေးခဲ့ရာ ယင်းအရာရှိက ကားကို သေနတ်ဖြင့်စတင်ပစ်ခတ်ခဲ့ သည်။ယင်းနောက် အစ္စရေးအရာရှိများက ၎င်းတို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရဲစခန်းမှတစ်ဆင့် အိုဖာအကျဉ်း ထောင်သို့ ပို့ဆောင်ခဲ့သည်။သီတင်းတစ်ပတ်အကြာတွင် နောက်ထပ်ထောင်တစ်ခုသို့ ပြောင်းလဲပို့ဆောင် ခဲ့သည်။ဘာဆယ်ကို သီတင်းတစ်ပတ်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး လူရေးကို သီတင်းနှစ်ပတ်ကျော်အ ကြာတွင် အာမခံဖြင့်ပြန်လွှတ်ခဲ့သည်။ကျွဲနွားများကိုယူဆောင်ခဲ့သည့် ဂျေဆာနှင့် ရီဟတ်တို့ကိုအစ္စ ရေးလုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီရ ရက်ညအချိန်တွင် ဝေးလံသည့် နေရာတစ်နေရာသို့ ခေါ်ဆောင်ခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခဲ့သည်။

ကာဒရီသည် အသက်မွေးဝမ်းကြောင်းအတွက် ကျွဲဲနွားမရှိလုနီးပါးဖြစ်နေကာ ဒေသခံအခြေချနေထိုင် သူများကောင်စီက ထိန်းသိမ်းထားသော နွားအကောင်ရေ ၆၀ ကိုပြန်လည်ရရှိရန် ဒေါ်လာ၃၁,၆၀၀ ပေး ဆောင်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

“အခြေအနေက အရမ်းဆိုးပါတယ်။လူ့အခွင့်အရေး၊တရားမျှတမှု ဘာမှမရှိပါဘူး။ကျွန်တော်တို့ငြိမ်း ချမ်းရေး လိုချင်ပါတယ်။ကျွန်တော်တို့ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ကျွန်တော်တို့မှာ ကလေးတွေရှိပါတယ်။ ကျွန်တော်တို့ အသက်ရှင်ချင်တယ်။ ဒါပေမဲ့ သူတို့ဒီလိုလုပ်နေရင် ကျွန်တော်တို့မှာ အနာဂတ်ဆိုတာမရှိပါဘူး”ဟုကာဒရီက ပြောကြားခဲ့သည်။

                                  Ref:Reuters

         

Most Read

Most Recent