၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်၊ အမျိုးသားဇာတ်ဆောင်ဆုကို ရန်အောင်၊ အမျိုးသမီးဇာတ်ဆောင်ဆုကို စိုးမြတ်သူဇာ၊ အမျိုးသားဇာတ်ပို့ဆုကို နေဝင်း၊ အမျိုးသမီးဇာတ်ပို့ဆုကို မေမြင့်မိုရ်တို့ ရရှိခဲ့ပြီး စုစုပေါင်း ၁၂ ဆု ပေးအပ်ချီးမြှင့်ခဲ့

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်၊ အမျိုးသားဇာတ်ဆောင်ဆုကို ရန်အောင်၊ အမျိုးသမီးဇာတ်ဆောင်ဆုကို စိုးမြတ်သူဇာ၊ အမျိုးသားဇာတ်ပို့ဆုကို နေဝင်း၊ အမျိုးသမီးဇာတ်ပို့ဆုကို မေမြင့်မိုရ်တို့ ရရှိခဲ့ပြီး စုစုပေါင်း ၁၂ ဆု ပေးအပ်ချီးမြှင့်ခဲ့
Published 4 February 2024

၂၀၂၃ ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ရက်က နေပြည်တော်ရှိ MICC-I ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာတွင် ရုပ်ရှင်တစ်သတ်တာဆု သုံးဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း ၁၂ ခု ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုများကို ၁၉၅၂ ခုနှစ်မှ စတင်ကာ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ၂၀၂၃ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား ၃၅ ကားအနက် ဆန်ခါတင်စာရင်းဝင် ၁၂ ကားထဲမှဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးနှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတအစည်းအရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းနောက် အကယ်ဒမီ ဆုပေးပွဲအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် စည်သူ ကြည်စိုးထွန်းတို့က အကယ်ဒမီ ဆုပေးပွဲအခမ်းအနားကို အကယ် ဒမီရွှေစင်ရုပ်စက်ခလုတ်ဖြင့် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဖွင့်ပွဲအပြီးတွင် မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းနှင့် အကယ်ဒမီသမိုင်းကြောင်းများ ရှင်းလင်းတင်ပြခြင်းနှင့်အတူ နိုင်ငံတော်က ရုပ်ရှင်လောကသားများအတွက် စီစဉ်ဆောင်ရွက်နေမှုများကို ဗီဒီယိုဖြင့် ရှင်းလင်းမိတ်ဆက် ခဲ့သည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ယင်းနောက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် စည်သူကြည်စိုးထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအခမ်းအနားတွင် ရွှေကြိုများအဖြစ် ဆောင်ရွက်မည့် ရွှေကြိုမောင်မယ်များကို မိတ်ဆက်ခြင်းပြုလုပ်ခဲ့သည်။ ယင်းနောက် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်လာသူများအနက် အကောင်းဆုံးဝတ်စားဆင်ယင် မှုဆု ရရှိသူများကို ချီးမြှင့်ခဲ့ရာ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို  အကယ်ဒမီခန့် စည်သူကလည်းကောင်း၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို  အကယ်ဒမီ ခင်သီတာထွန်းကလည်းကောင်း၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆုကို  ဟင်နရီဆန်နှင့် အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို အိချောပိုတို့က ရရှိခဲ့ကြသည်။

ယင်းဆုများကို ယမန်နှစ်အကယ်ဒမီတွင် စတင်ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆုချီးမြှင့်ရာတွင် ဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖွင့်ဖောက်ကြေညာခဲ့ရာဒါရိုက်တာ စည်သူဦးအောင်မြင့်မြတ်၊ စည်သူဒေါ်နွဲ့နွဲ့စန်းနှင့် ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုးတို့က ရရှိခဲ့သည်။

အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့်ရာတွင် ၂၀၂၃ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို  ဝင်းလွင်ထက်က  ‘ကံကောင်းဇာတ်ကားဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ုပ်ရှင်နောက်ခံတေးဂီတဆုကို ကောင်းဆက်ပိုင် (ဂီတမြို့) ကကံကောင်းဇာတ်ကားဖြင့် ရရှိခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးက ရွာစားကြီး စိန်တင်ဟန်၏ထန်းရွက်ပုတီးတေးသီချင်းဖြင့် သရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို  ညိုမင်းလွင်က ‘ The Teacher ‘ဆရာမဇာတ်ကားဖြင့် ရရှိခဲ့သည်။

ဆက်လက်၍ အကယ်ဒမီဆုများ ထပ်မံပေးအပ်ရာတွင် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ခတ္တိယရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ခဲ့သည့်ကံကောင်းဇာတ်ကားက ရရှိခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ပေးအပ်ရာတွင် ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)ကစောင်နီလေး တစ်ထည်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို  မေမြင့်မိုရ်ကမုန်းခွင့်ဇာတ်ကားဖြင့် ရရှိခဲ့သည်။

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို နေဝင်းကရည်ရွယ်မိုးဇာတ်ကားဖြင့် ရရှိခဲ့သည်။

ထို့နောက် အလင်္ကာကျော်စွာ ရွှေပြည်အေး၏တောသူလုပ်ငန်းနှင့်မြန်မာ့မြန်မာ့ရုပ်ရှင်တေးသီချင်းတို့ဖြင့် သရုပ်ဖော် ဖျော် ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ အကယ်ဒမီဆုများကို ဆက်လက်ရွေးချယ်ပေးအပ်ခဲ့ရာတွင်၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို စိုးမြတ်သူဇာကဘယ်တော့မှ အရှုံးမပေးဘူးဇာတ်ကားဖြင့်ရရှိခဲ့ကြောင်း သိရ သည်။ ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို  ရန်အောင်ကစောင်နီလေး တစ်ထည်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်ချီးမြှင့်ခဲ့သည်။              

ထို့နောက် မြန်မာနိုင်ငံသဘင်အစည်း အရုံးဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းနှင့် ဇာတ်မင်းသမီး ရေကြည်ချမ်းမြတို့က ဂီတစာဆို ကိုသက်ဦး၏ ‘ဒေဝစ္ဆရာတေးသီချင်းဖြင့် သရုပ်ဖော် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း၊ ယင်းနောက် စုပေါင်းဓာတ်ပုံရိုက်ခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပွဲတွင် အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆုနှင့် အကောင်းဆုံးရုပ်ရှင်  အသံဆုတို့ကို ပေးအပ်ချီးမြှင့်နိုင်ခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent