■ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာ ခေတ်တစ်ခေတ် အရွေ့     

■ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာ ခေတ်တစ်ခေတ် အရွေ့     
Photo: Getty Images
Photo: Getty Images
Published 2 February 2024
AK

လွန်ခဲ့တဲ့ (၁၆) နှစ်ကို ပြန်သွားကြည့်ရအောင်၊ လာပါ၊ ၂၀၀၈ ခုနှစ်ကို ပြန်သွားကြည့်ရအောင်ပါ။ အဲဒီအချိန်တုန်းက ဘာစီလိုနာမြို့ထဲ မိုးတွေအုံ့ခဲ့တယ်။ ဖရန့်ရီကတ်ရဲ့ဘာစီလိုနာဟာ ဂုဏ်ကျက်သရေ ညှိုးရော်နေခဲ့တယ်။ ချောက်ထဲကျဖို့ လက်တစ်ကမ်းအလို ရောက်နေခဲ့ပြီ။ နှစ်ရာသီဆက် ဖလားလက်မဲ့ ကံကြမ္မာဆိုးဟာ ဘာစီလိုနာမြို့ထဲ မုန်တိုင်းလိုပဲ။ ဘယ်သူ့ကိုမှမပျော်ရွှင်စေဘူး။ ပိုဆိုးတာက ဘာနေဗျူးမှာ ဝပ်တွားခဲ့ရတာပဲ။ လာလီဂါချန်ပီယံ ရီးယဲလ်ကို Guard of Honour လုပ် ပေးရတယ်။ ဒါက သိပ်ပြီးအောက်ကျတယ်လို့ မဆိုနိုင်ဘူး။ ချန်ပီယံအသင်းကို လူကြီးလူကောင်းဆန်ဆန် ဂုဏ်ပြုတာမဟုတ်လား။ လေးစားစရာအပြုအမူဆိုပြီး တံဆိပ်ကပ်နိုင်တယ်။ ဘာစီလိုနာအတွက် အရှက်စရာက ဘာနေဗျူးမှာ ဂန္ထဝင်ပြိုင်ဘက် ရီးယဲလ်ကို ဂိုးပြတ် အညံ့ခံရတာပဲ။

 

Most Read

Most Recent