မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ရှိရပြီးနောက် လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ရှိရပြီးနောက် လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 2 February 2024

မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ရှိရပြီးနောက် လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အပတ် စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး  JN.1  ကူးစက်မှုကြောင့် ဒေသတွင်းနှင့် အိမ်နီးချင်း နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း JN.1  ကူးစက်မှုအား အတည်ပြုတွေ့ရှိထားပြီးဖြစ် ကာ လတ်တလောကာလတွင် ကိုဗစ်-၁၉ ရော ဂါ အပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့် တက်နေသည်ကို တွေ့ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ခံရ ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထား သည့် တစ်ကိုယ်ရေကာကွယ်ရေးစည်းမျဉ်း စည်းကမ်းများကို လိုက်နာကြရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းသည်။

လူထူထပ်သောနေရာ၊ အလုံပိတ်နေရာ၊ လေဝင်/လေထွက်မကောင်းသော နေရာများ တွင်ရှိနေချိန်၊ အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ် စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ ဆေး ရုံ/ကျန်းမာရေးဌာနများနှင့် ဘိုးဘွားရိပ်သာ များသို့ သွားရောက်ခြင်း စသည့်အခြေအနေ များတွင် နှာခေါင်းစည်း (Mask) များ တပ်ဆင် ရန် ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြား သည်။

ထို့ပြင် ရောဂါပြင်းထန်နိုင်ခြေနှင့် သေ ဆုံးနိုင်ခြေမြင့်မားသော အသက်အရွယ်ကြီး သူများ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းနေသူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

Most Read

Most Recent