သစ်သားစည်များအတွင်းမှ အက္ခရာနှင့် နံပါတ်များကို လူကနှိုက်ပေးရသည့်စနစ်အစား Air Blow Digital Machine စနစ်ဖြင့် အောင်ဘာလေပေါက်မဲဂဏန်းများ ရွေးချယ်မည့်စနစ်ကို စတင်အသုံးပြုမည်

သစ်သားစည်များအတွင်းမှ အက္ခရာနှင့် နံပါတ်များကို လူကနှိုက်ပေးရသည့်စနစ်အစား Air Blow Digital Machine စနစ်ဖြင့် အောင်ဘာလေပေါက်မဲဂဏန်းများ ရွေးချယ်မည့်စနစ်ကို စတင်အသုံးပြုမည်
Published 31 January 2024

သစ်သားစည်များအတွင်းမှ အက္ခရာနှင့် နံပါတ်များကို လူကနှိုက်ပေးရသည့်စနစ်အစား Air Blow Digital Machine စနစ် ဖြင့် အောင်ဘာလေပေါက်မဲဂဏန်းများ ရွေး ချယ်မည့်စနစ်ကို စတင်အသုံးပြုမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်မည့် ၅၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေ သိန်းဆုထီဖွင့်မှ စတင်ကာ ယင်းစနစ်ကိုအသုံး ပြုမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အောင်ဘာလေထီ၏ ဆုမဲနံ ပါတ်များကို ရွေးချယ်ရာ၌ သစ်သားစည်များ အတွင်းမှ အက္ခရာနှင့် ဂဏန်းဂေါ်လီများကို လူပုဂ္ဂိုလ်များမှ နှိုက်ယူပြီး ရွေးချယ်ဖွင့်လှစ် သည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယခုအသုံးပြုမည့်နည်းစနစ်မှာ နိုင်ငံတကာအဆင့်မီ Air Blow Digital Machine စနစ်ဖြင့် အက္ခရာနှင့် ဂဏန်းဂေါ်လီများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေထီကို ယခင်က ဆိုင်များ တွင်သာ ကံစမ်းနိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇွန်လမှစတင်ကာ အွန်လိုင်းစနစ်ဖြင့် ကံစမ်း နိုင်သည့်စနစ်ကို ထပ်တိုးခဲ့သည်။

အောင်ဘာလေအွန်လိုင်းထီ ဆုငွေများ နှင့် ပတ်သက်၍ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများကို အီလက်ထရွန်နစ် ငွေပေးချေ မှုစနစ်ဖြင့် ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

အောင်ဘာလေအွန်လိုင်းထီ ကံစမ်းလို သူများအနေဖြင့် Aung Bar Lay Application မှတစ်ဆင့် ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ဝယ်ယူကံစမ်းနိုင်ကြောင်း သိရသည်။    

အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူကံစမ်းလိုသူများအနေဖြင့် application မှတစ်ဆင့် မိမိနှစ်သက်ရာ အက္ခ ရာနှင့် နံပါတ်ကို ရွေးချယ်ဝယ်ယူခြင်း စနစ်မှ အလိုအလျောက် ရွေးချယ်ပေးသော အက္ခရာ နှင့် နံပါတ်အား ဝယ်ယူခြင်းတို့ကို ဆောင်ရွက် နိုင်မည်ဖြစ်သည်။ထီလက်မှတ် ဝယ်ယူပြီးပါက ဝယ်ယူထားသည့် ထီလက်မှတ်များကို ဝယ်ယူ သူ၏ ဗခခသကညအ တွင် ပြန်လည်ကြည့်ရှုစစ်ဆေး နိုင်မည်ဖြစ်သည်။

ဝယ်ယူကံစမ်းခဲ့သည့် အောင်ဘာလေ အွန်လိုင်းထီလက်မှတ်များထဲမှ ကံထူးခဲ့ပါက ကံထူးရှင်၏ဖုန်းနံပါတ်သို့ စာတိုပေးပို့အ ကြောင်းကြားခြင်း၊ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများဖြစ်ပါက application မှတစ်ဆင့် ထီဆုငွေ ထုတ်ယူနိုင်ရန်အတွက် လျှို့ဝှက် ကုတ်နံပါတ်ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

Most Read

Most Recent