၂၀၂၃ ခုနှစ် ကမ္ဘာတစ်ဝန်း အားကျစရာနှင့် လွှမ်းမိုးမှုရှိသော ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် ပါဝင်လာသည့် သရုပ်ဆောင် ခိုင်နှင်းဝေ

၂၀၂၃ ခုနှစ် ကမ္ဘာတစ်ဝန်း အားကျစရာနှင့် လွှမ်းမိုးမှုရှိသော ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် ပါဝင်လာသည့် သရုပ်ဆောင် ခိုင်နှင်းဝေ
Published 2 January 2024

၂၀၂၃ ခုနှစ်အတွင်း အနုပညာရှင်များအနက် သရုပ်ဆောင် ခိုင်နှင်းဝေသည် ဘီဘီစီ၏ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် မြန်မာနိုင်ငံမှ ရွေးချယ်ခံရသည့် တစ်ဦးတည်းသော အမျိုးသမီးတစ်ဦးလည်း ဖြစ်ပြီး ယခုနှစ်အတွက် ထင်ရှားသည့် အနုပညာရှင်အနေဖြင့် ဖော်ပြလိုက်ပါသည်။       

၂၀၂၃  ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းက အားကျစရာအဖြစ်ဆုံးနှင့် လွှမ်းမိုးမှုအရှိဆုံး ထူးချွန်ထင်ရှားအမျိုးသမီး ၁၀၀ စာရင်းကို ဘီဘီစီက နိုဝင်ဘာတွင် ထုတ်ပြန်ခဲ့ရာ ယင်းစာရင်းတွင် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်ခဲ့သည်။

ဘီဘီစီ၏ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းသည် ကမ္ဘာတစ်ဝန်းရှိ ကဏ္ဍအသီးသီးမှ လွှမ်းမိုးမှုရှိပြီး ထင်ရှားသည့် အမျိုးသမီးများကို ရွေးချယ်ဖော်ပြခြင်းဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိရာ ယခုနှစ်အတွက် စာရင်းတွင် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်လာခြင်းဖြစ်သည်။

သရုပ်ဆောင် ခိုင်နှင်းဝေသည် လမ်းဘေးတွင် စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးငယ်များ၊ မိဘမဲ့က လေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်း၊ မွေးစားခြင်းများကို ထဲထဲဝင်ဝင် လုပ်ဆောင်နေသည့် ပရဟိတ သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည်။

သရုပ်ဆောင် မင်းသမီးတစ်ဦး ဖြစ်သည့် ခိုင်နှင်းဝေသည် ၁၉၉၉ ခုနှစ်တွင် “ဆန်ရေ” ရုပ်ရှင်ကားတွင် ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများထင်ရှားလာကာ  “ကျွန်မက မဟေသီ ”ရုပ်ရှင် ဇာတ်ကားကြီး၊ “တုနှိုင်းမရတဲ့ မေတ္တာ”ဇာတ်လမ်းတွဲတို့ဖြင့်လည်း ထင်ရှားသည့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

ထို့နောက် သရုပ်ဆောင်ခိုင်နှင်းဝေကို  အလှူအတန်းနှင့် ပရဟိတလုပ်ငန်းများတွင် ထဲထဲဝင်ဝင် လုပ် ကိုင်နေသူအဖြစ်  လူသိများလာခဲ့ပြီး မိဘမဲ့နှင့် စွန့်ပစ်ခံရသောကလေးငယ်များကို ပြုစုစောင့်ရှောက်မှု အပါ အဝင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် ခိုင်နှင်းဝေဖောင်ဒေးရှင်းကို ဖွဲ့စည်းထူ ထောင်ခဲ့ကြောင်း ဘီဘီစီ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ဘီဘီစီ ၂၀၂၃ ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် သက်ဆိုင်ရာ လူမှုအသိုက်အဝန်းများကို ကူညီရေး အလုပ်လုပ်ခဲ့ကြသည့် အမျိုးသမီးများကို ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းတွင် မီး မောင်းထိုးပြထားခြင်းဖြစ်ရာ ထိုစာရင်းတွင် ပါဝင်ခြင်းကို ဝမ်းသာကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“ဝမ်းသာပါတယ်။ တကယ်ဝမ်း သာပါတယ်။ ကလေးတွေရဲ့ မေတ္တာတရားကြောင့်လည်း ပါပါတယ်။ကိုယ်ကလည်း လုပ်သလို သူတို့ရဲ့ ကုသိုလ်ကံလည်း ပါပါတယ် ”ဟု သရုပ်ဆောင် ခိုင်နှင်းဝေက ပြောကြားခဲ့သည်။

ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် မိဘများက ပြုစုစောင့်ရှောက်မှု ဆက်မလုပ်နိုင်တော့သည့် ကလေးငယ် ၁၀၀ ဝန်းကျင်ကို သူ၏ “ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ”နှင့် ပရဟိတလုပ်ငန်းများကနေ တစ် ဆင့်စောင့်ရှောက်ထားကြောင်း၊ သရုပ်ဆောင် ခိုင်နှင်းဝေသည် ကလေးသူငယ် လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာ သံတမန်အဖြစ်လည်း ဆက်လက်ထမ်းဆောင်နေကြောင်း သိရသည်။

 

Most Read

Most Recent