ဂရင်းဝုဒ်အားခေါ်ယူရန် စပိန်ထိပ်သီး (၃)သင်း အပြိုင်စိတ်ဝင်စားနေဟု Football Espana ဖော်ပြ

ဂရင်းဝုဒ်အားခေါ်ယူရန် စပိန်ထိပ်သီး (၃)သင်း အပြိုင်စိတ်ဝင်စားနေဟု Football Espana ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 1 January 2024

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှ ဂီတာဖေးအသင်းသို့ အငှားလာရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ် (၂၂  နှစ်) အားခေါ်ယူရန်အတွက် စပိန်ထိပ်သီး (၃)သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ အပြိုင်စိတ်ဝင်စားနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

ဂရင်းဝုဒ်သည် ပုဂ္ဂိုလ်ရေးပြဿနာအချို့ကြောင့် ပြီးခဲ့သည့် ၂၀၂၂-၂၃ တစ်ရာသီလုံး မန်ယူအသင်းတွင် ပွဲကစားခွင့်မရရှိခဲ့ဘဲ ၂၀၂၃ နွေရာသီတွင် ဂီတာဖေးအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်အသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဂရင်းဝုဒ်သည် ဂီတာဖေးအသင်းတွင် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၅)ပွဲကစားရာတွင် သွင်းဂိုး (၅)ဂိုးနှင့် ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်နိုင်ခဲ့သည်။

ထို့ကြောင့် ဂရင်းဝုဒ်အားခေါ်ယူရန်အတွက် စပိန်ထိပ်သီး (၃)အသင်းက အပြိုင်စိတ်ဝင်စားလာခြင်းဖြစ်ပြီး ဂီတာဖေးအသင်းမှာလည်း ယူရိုသန်း (၄၀) ဖြင့်အပြီးသတ်ခေါ်ယူနိုင်ရန်အတွက် မန်ယူအသင်းထံ ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

 

Most Read

Most Recent