စတုဂတ်အသစ်

စတုဂတ်အသစ်
Photos: X
Photos: X
Published 6 March 2024
AK

ဘွန်ဒစ်လီဂါဆို လေဗာကူဆင်၊  ပရီးမီးယားလိဂ်ဆို ဗီလာ၊ လာလီဂါဆို ဂျီရိုနာ၊ သူတို့ရဲ့အံ့ဖွယ်တည် ရှိမှုအကြောင်း တခုတ်တရပြောကြတယ်။ အားလုံး သတိမထားမိတဲ့ အသင်းတစ်သင်း ရှိနေတယ်။ စတုဂတ်ပါပဲ။ ပြီးခဲ့တဲ့ဧပြီလတုန်းက စတုဂတ်ဟာ တန်းဆင်းဇုန်ထဲ ရောက်နေတယ်။ ဘွန်ဒစ်လီဂါမှာ ရှင်သန်ရစ်အောင် Play-off ကစားရမယ့် အခြေအနေပါ။ ဆီဘက်စတီယန်ဟိုးနက်စ်က အဲဒီဧပြီလအတွင်းမှာ စတုဂတ်နည်းပြဖြစ်လာတယ်။ သူ့ အတွက် မြူခိုးတွေကြားထဲ နေထိုင်ရသလို အသက်ရှူကျပ်ခဲ့ပါတယ်။ စတုဂတ်ကယ်တင် ရေးစီမံကိန်းမှာ ဆီဘက်စတီယန်က တစ်ရာသီအတွင်း တတိယမြောက်နည်းပြပဲ။ ရာသီနှောင်းပိုင်းကာလ ဘွန်ဒစ်လီဂါ ၁၂ ပွဲမှာ စတုဂတ်က နှစ်ပွဲသာ ရှုံးပြီး သစ်လွင်သွားတယ်။ အဲဒီအရှိန်အဟုန်က လက်ရှိရာသီအထိ မရပ်တန့်ဘူး။ အခုဆိုရင် စတုဂတ်က ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ခွင့်ရှိနေပြီ။

 

Most Read

Most Recent