၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး လာမည့် ဇွန်၊ ဇူလိုင်တွင် ကျင်းပပြုလုပ်မည်

၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး လာမည့် ဇွန်၊ ဇူလိုင်တွင် ကျင်းပပြုလုပ်မည်
Photo: MFF
Photo: MFF
Published 1 January 2024

၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲများကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး လာမည့် ဇွန်၊ ဇူလိုင်တွင် ကျင်းပပြုလုပ်သွားရန် လျာထားလျက်ရှိကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၄ ခုနှစ်အတွင်း စီနီယာလက်ရွေးစင်အသင်းကြီးပြိုင်ပွဲများဖြစ်သည့် ၂၀၂၄ အာဆီယံမစ်ဆူဘီရှီအီလက်ထရစ်ဖလားပြိုင်ပွဲ၊ အာဆီယံအမျိုးသမီးဖလားပြိုင်ပွဲတို့ကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ၂၀၂၄ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲများ၏ အိမ်ရှင်နိုင်ငံကို အင်ဒိုနီးရှား၊ ၂၀၂၄ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ နှင့် အာဆီယံသဲသောင်ပြင်ဘောလုံးပြိုင်ပွဲများ၏ အိမ်ရှင်နိုင်ငံကို ထိုင်းနိုင်ငံတို့အား ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် လက်ရှိတွင် မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းကို ဖွဲ့စည်းထားသော်လည်း မြန်မာ ယူ-၁၆ လက်ရွေးစင်အသင်းကိုမူ ဖွဲ့စည်းထားရသေးခြင်းမရှိကြောင်း သိရသည်။

မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ဟောင်း ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်နေလျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးအောင်နိုင်သည် ယခုနှစ်ကုန်ပိုင်းတွင် အသင်းအား ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ -၁၉ အသင်းသည်၂၀၂၃ ခုနှစ်အတွင်း  Junior Lions  အသင်းအမည်ဖြင့် MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာတွင် အသင်းအားပြန်လည်ဖွဲ့စည်းကာ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

ဦးအောင်နိုင်သည် MNL ကလပ် ရှမ်းယူနိုက်တက်အသင်းတွင် နည်းပြချုပ်/နည်းစနစ်ဒါရိုက်တာအဖြစ် ကာလအတန်ကြာ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ ရယူပေးခဲ့သူဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ယခု ၂၀၂၄ ခုနှစ်အတွင်း ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့်  ၂၀၂၅ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။