မပြီးဆုံးနိုင်သော အကြမ်းဖက်မှုများနှင့် ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ - ၃

မပြီးဆုံးနိုင်သော အကြမ်းဖက်မှုများနှင့် ၂၀၂၃ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ - ၃
အောက်တိုဘာ ၂၇ ရက်က ဂါဇာဒေသမြောက်ပိုင်းတွင် အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မီးခိုးလုံးကြီးများ တက်လာပုံကိုတွေ့ရစဉ်
အောက်တိုဘာ ၂၇ ရက်က ဂါဇာဒေသမြောက်ပိုင်းတွင် အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မီးခိုးလုံးကြီးများ တက်လာပုံကိုတွေ့ရစဉ်
Published 5 November 2023
နိုင်ငံတကာသတင်းအယ်ဒီတာအဖွဲ့

၂၀၁၄ ခုနှစ်၊ ဂါဇာစစ်ပွဲ

၂၀၁၄ ခုနှစ်တွင် အစ္စရေးနှင့် ဟားမာ့စ်အကြား ပြင်းထန်သည့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် အင်ပြည့်အားပြည့် ဂါဇာစစ်ပွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲသည် ၂၀၀၈-၂၀၀၉ ခုနှစ်ကဖြစ် ပွားခဲ့သည့် စစ်ပွဲထက် လူသေဆုံးမှု ပိုမိုများပြားခဲ့သည်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဟားမာ့စ်တို့၏ ဒုံး ကျည်တိုက်ခိုက်မှုများကို တုံ့ပြန် သည့်အနေဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင် ၈ ရက်တွင် Operation Protective စစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး က လေကြောင်းတိုက်ခိုက်မှု အရင် ပြုလုပ်ခဲ့သဖြင့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက် တွင် အစ္စရေးတပ်ဖွဲ့များသည် ဂါ ဇာကမ်းမြောင်ဒေသ အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ထိုစစ်ပွဲအတွင်း ပါလက်စ တိုင်းဘက်မှ အရပ်သား ၁၄၈၃ ဦး အပါအဝင် လူပေါင်း ၂၂၀၅ ဦးသေ ဆုံးခဲ့ပြီး အစ္စရေးဘက်မှ စစ်သား ၆၆ ဦး အပါအဝင် လူ ၇၁ ဦးနှင့် ပြည်ပနိုင်ငံသား တစ်ဦး သေဆုံးခဲ့ သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ UNOCHA  က ထုတ်ပြန်ခဲ့သည်။

ထိုစစ်ပွဲသည် ရက်ပေါင်း ၅၀ ကြာဖြစ်ပွားခဲ့ပြီး ၂၀၁၄ ခုနှစ် သြ ဂုတ် ၂၆ ရက်တွင် အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်ဖြင့် စစ်ပွဲ အဆုံးသတ်ခဲ့သည်။

၂၀၁၈ ခုနှစ်၊ နယ်စပ်ဆန္ဒပြမှု

၂၀၁၈ ခုနှစ် မြေဒေး (Land Day) ဆန္ဒပြမှုများအတွင်း ဂါဇာ- အစ္စရေးနယ်စပ်တွင် ပါလက်စ တိုင်းများနှင့် အစ္စရေးစစ်သားများ အကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပါ လက်စတိုင်း ၁၆၈ ဦး သေဆုံးကာ ထောင်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၏ အရှေ့တောင်ဘက်တွင် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့များ၏ ဝင် ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ခုနစ်ဦး သေဆုံးခဲ့ပြီး အစ္စရေးစစ်တပ်အရာရှိတစ်ဦးသေ ဆုံးကာ နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

ဂါဇာဒေသထဲမှ အစ္စရေးသို့ ဒုံးကျည် တစ်ဒါဇင်ကျော်ပစ်ခတ်ခဲ့ ပြီး ထိုဒုံးကျည်များအနက် ဒုံးကျည် သုံးစင်းသည် ပစ်ချခံခဲ့ရသည်။

ပါလက်စတိုင်းနှင့် အစ္စရေးအ ကြား အပြန်အလှန် ပစ်ခတ်တိုက် ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီမှုရရှိခဲ့သည်။

၂၀၁၉ ခုနှစ် မတ်

မတ် ၂၅ ရက်က အစ္စရေး၏ မစ်ရှ်မာရက်မြို့ရှိ နေအိမ်တစ်လုံး သည် ဒုံးကျည်ထိမှန်သဖြင့် ပျက်စီး ခဲ့ပြီးနောက် အစ္စရေးတွင် လူခုနစ် ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအတွက် ဟား မာ့စ်အဖွဲ့တွင်တာဝန်ရှိကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ သည်။

ထို့နောက် အစ္စရေးလေတပ် သည် ဂါဇာကမ်းမြောင်ဒေသအ တွင်းသို့ တိုက်လေယာဉ်များစေ လွှတ်ခဲ့ပြီး ဟားမာ့စ်အဖွဲ့၏ ထိပ် သီးအရာရှိ အစ္စမေးလ် ဟာနီယာ၏ ရုံးခန်း၊ ဂါဇာစီးတီးမြို့ရှိ ဟားမာ့စ် အဖွဲ့၏ စစ်ထောက်လှမ်းရေးဌာန ချုပ်များအပါအဝင် ဂါဇာဒေသအ တွင်းရှိ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ မေ

ဂါဇာ-အစ္စရေးနယ်စပ်တွင် အပတ်စဉ် ဆန္ဒပြမှုများအတွင်း ဂါ ဇာကမ်းမြောင်ဒေသအတွင်းရှိ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့၏စနိုက်

ပါတစ်ဦး၏ ပစ်ခတ်မှုကြောင့် မေ ၃ ရက်တွင် အစ္စရေး စစ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်။

ထိုဖြစ်စဉ်ကို တုံ့ပြန်သည့်အ နေဖြင့် အစ္စရေးလေတပ်က လေ ကြောင်းတိုက်ခိုက်ခဲ့ရာ ပါလက်စ တိုင်း လေးဦး သေဆုံးခဲ့သည်။

ထို့ပြင် အစ္စရေး၏ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးကာ ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်စဉ်များအပြီး ဂါဇာဒေ သအတွင်းရှိ လက်နက်ကိုင်များက အစ္စရေးကို ဒုံးကျည်များ ရာနှင့်ချီ ပစ်ခတ်ခဲ့သည်။

ထိုပစ်ခတ်မှုကို တုံ့ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာကမ်း မြောင်ဒေသအတွင်းရှိ ပစ်မှတ်အ များအပြားကို လေကြောင်းတိုက် ခိုက်ခဲ့သည်။ ထို့ပြင် အစ္စရေးက ဂါ ဇာ-အစ္စ ရေးနယ်စပ်အနီးတွင် တပ် စွဲထားသည့် အစ္စရေးစစ်သားအရေ အတွက်ကို တိုးမြှင့်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ

၂၀၁၉ ခုနှစ် နိုဝင်ဘာလအ တွင်းဖြစ်ပွားခဲ့သည့် ဂါဇာ-အစ္စရေး ပဋိပက္ခကို အစ္စရေးက Black Belt  စစ်ဆင်ရေးဟူ၍ အမည်ဝှက်ပေးခဲ့ သည်။

အစ္စရေးစစ်တပ်က ဂါဇာတွင် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီ ဟတ် (PIJ)  အဖွဲ့၏ ထိပ်သီးတပ်မှူး ဘာဟာ အဘူ အယ်အာတာကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့ပြီး ဆီးရီးယားတွင် နောက်ထပ် PIJ ထိပ်သီး တပ်မှူးတစ်ဦးကို သတ်ဖြတ်ရန်ကြိုး ပမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အစ္စရေး နှင့် PIJ အဖွဲ့အကြား ပဋိပက္ခများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

PIJ အဖွဲ့က တဲလ်အဗစ်မြို့ကို တာဝေးပစ်ဒုံးကျည်များဖြင့် ပစ် ခတ်မှုအပါအဝင် ဒုံးကျည်အများ အပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သ ဖြင့် အစ္စရေးတွင် အရပ်သားများ ဒဏ်ရာရရှိခဲ့သည်။

ထိုတိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် အစ္စရေးက ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သဖြင့် ပါလက်စတိုင်း လက်နက်ကိုင်များနှင့် အရပ်သား များ သေဆုံး၊ ဒဏ်ရာရခဲ့သည်။

ထိုတိုက်ခိုက်မှုများသည် ၄၈ နာရီကြာ ဖြစ်ပွားခဲ့ပြီးနောက် အစ္စ ရေးနှင့် ပါလက်စတိုင်းအကြား အ ပစ်အခတ်ရပ်စဲရေး သဘောတူညီ မှု ရရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီ

အစ္စရေးတောင်ပိုင်း ဒုံးကျည် ဖြင့် ပစ်ခတ်ခံရပြီးနောက် ဧပြီ ၁၅ ရက်တွင် အစ္စရေးစစ်တပ်က ဂါ ဇာရှိ စစ်ရေးပစ်မှတ်များကို တိုက် ခိုက်ခဲ့သည်။ ပစ်ခတ်ခဲ့သော ပစ် မှတ်များတွင် လက်နက်ထုတ်စက် ရုံတစ်ခု၊ လက်နက်ခိုးဝှက်သယ်ယူ သော လိုဏ်ခေါင်းတစ်ခု၊ ဟားမာ့စ် ကင်းစခန်းတစ်ခုတို့ ပါဝင်သည်။

၂၀၂၁ ခုနှစ်၊ မေ

အစ္စရေးကို ၎င်းင်း၏တပ်ဖွဲ့များ  မေလ ၁၀ ရက် ညနေ ၆ နာရီ တွင် အယ်လ်-အက်ဆာ ဗလီမှ ရုပ်သိမ်း ပေးရန် ဟားမာ့စ်က တောင်းဆိုခဲ့ သည်။ သတ်မှတ်ချိန်ကျော်လွန် သွားပြီးနောက် မိနစ်ပိုင်းအတွင်း ဟားမာ့စ်က ဂါဇာမှ အစ္စရေးသို့ ဒုံးကျည် ၁၅၀ ကျော်ပစ်ခဲ့သည်။ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် အစ္စ ရေးက မေ ၁၀ ရက်တွင်ပင် ဂါဇာ ကမ်းမြောင်ကိုလေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အရုဏ်ဦး စစ်ဆင်ရေး

၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက် တွင် အကြီးတန်း ဟားမာ့စ် တိုက် ခိုက်ရေးသမားတစ်ဦး အနောက် ဘက်ကမ်းတွင် ဖမ်းဆီးခံရပြီး နောက် ဟားမာ့စ်ဘက်က လက်တုံ့ ပြန်မည်ကို စိုးရိမ်သောကြောင့်  ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်တွင် အ စ္စရေးက ဂါဇာကိုလေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ သည်။

၂၀၂၃ ခုနှစ်၊ ဧပြီ

၂၀၂၃ အယ်လ်-အက်ဆာဗ လီ ခိုက်ရန်ဖြစ်ပွားမှုများ၏ နောက် ဆက်တွဲအဖြစ် ပါလက်စတိုင်းလက် နက်ကိုင်အဖွဲ့ ဟားမာ့စ်က အစ္စ ရေးကို ဂါဇာကမ်းမြောင်၊ လက်ဘ နွန်တို့မှ ဒုံးကျည်များဖြင့်ပစ်ခတ် ခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေ

၂၀၂၃ ခုနှစ် မေလ ၉ ရက်တွင် အစ္စရေးက Operation Shield and Arrow ဟု အမည်ပေးထား သောစစ်ဆင်ရေးဖြင့် ဂါဇာကမ်း မြောင်ကို လေကြောင်းတိုက်ခိုက်မှု များ အဆက်မပြတ် လုပ်ဆောင်ခဲ့ ရာ ပါလက်စတိုင်းသားများက လည်း အစ္စရေးကို ပြန်လည်တိုက် ခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်တွင် အပစ်ရပ်စဲရန်သဘော တူညီမှု ရရှိခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်နှင့် ၎င်း၏ အဖွဲ့ခွဲ Popular front of the Liberation of Palestine တို့က ဂါဇာကမ်းမြောင်မှအစ္စရေးနိုင်ငံထဲ ကို အကြီးစားထိုးစစ်ဆင်ခဲ့သည်။ ထို့ကြောင့် ရုတ်တရက် တိုက်ခိုက်ခံ ရသည့်အတွက် အစ္စရေးဘက်တွင် ထိခိုက်ဆုံးရှုံးမှု များပြားခဲ့သည်။ အစ္စရေးတွင် အရပ်သားအများစု အပါအဝင် လူ ၁,၄၀၀ သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော် ဓားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ ဟားမာ့စ်တိုက် ခိုက်မှုကို တုံ့ပြန်ရန် အစ္စရေးက အရေးပေါ်အခြေအနေကြေညာခဲ့ ပြီး ဟားမာ့စ်ကို စစ်ကြေညာခဲ့ သည်။

ထို့နောက် အစ္စရေးသည် ဂါဇာကမ်းမြောင်ကို လေကြောင်း ထိုးစစ်များ မရပ်မနား လုပ်ဆောင် ခဲ့သည်။ ထို့ကြောင့် ဂါဇာတွင် ထိ ခိုက်ဆုံးရှုံးမှုကြီးမားခဲ့သည်။ သေ ဆုံးသူ များပြားခဲ့သည်။ အရပ်သား များ သေဆုံးမှု များပြားခဲ့သည်။

လူဦးရေ ၂ ဒသမ ၃ သန်းနေ ထိုင်နေသော ပါလက်စတိုင်းနယ် မြေစုဖြစ်သည့် ဂါဇာကမ်းမြောင် တွင် အနည်းဆုံး လူ ၉,၀၆၁ ဦးသေ ဆုံး(ရိုက်တာသတင်းဌာနက ဖော် ပြသောစာရင်းဖြစ်ပြီး နိုဝင် ဘာ ၂ ရက်အထိ စာရင်းဖြစ်သည်)  ထား သည်ဟု ဂါဇာကျန်းမာရေး တာဝန် ရှိသူများ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါသေဆုံးသူများထဲ တွင် ကလေး ၃,၇၆၀၊ အမျိုးသမီး ၂,၃၂၆ ဦး ပါဝင်သည်ဟု ဆိုသည်။

 ယင်းသို့ သေဆုံးသူများပြား နေသည့် အနေအထားတွင် အစ္စ ရေးတိုက်ခိုက်မှုများက အရပ်သား များကို ထိခိုက်စေခြင်းမရှိအောင် ဆောင်ရွက်ရေးအတွက် အစ္စရေး နှင့် ဆွေးနွေးရန် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီ ဘလင် ကင်သည် နိုဝင်ဘာ ၃ ရက်တွင် အစ္စရေးနိုင်ငံကို ရောက်ရှိလာ သည်။ ဘလင်ကင်သည် တစ်လမ မပြည့်သေးချိန်တွင် အစ္စရေးကို ဒု တိယအကြိမ် ရောက်ရှိလာခြင်းဖြစ် သည်။

မပြီးဆုံးနိုင်သော ပဋိပက္ခ

ဂါဇာ၌ အပြစ်မဲ့ အရပ်သား သေဆုံးမှုများ မြင့်တက်လာသည့် အပေါ် နိုင်ငံတကာ ဝေဖန်မှုများ မြင့်တက်လာသော်လည်း အစ္စရေး က ဝေဖန်မှုများကို အလေးမထား ဘဲ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

အစ္စရေးသည် မြေပြင်စစ် ဆင်ရေးကိုလည်း ဆက်လက်လုပ် ဆောင်လျက်ရှိသည်။ ဂါဇာကို ၀ိုင်း ထားပြီးပြီဟု အစ္စရေးစစ်တပ်က ပြောသည်။ ဟားမာ့စ် ဌာနချုပ်ဖြစ် ၍ ဂါဇာကို ၀ိုင်းထားလိုက်ခြင်းဖြစ် သည်ဟု အစ္စရေးက အကြောင်းပြ သည်။

အပစ်ရပ်စဲရေး တောင်းဆိုမှု များကို ဆွေးနွေးမည်မဟုတ်ဟု အစ္စရေးက ပြောထားသည်။ ခေါင်း မာနေသော အစ္စရေးက ဂါဇာကို ၀ိုင်းထားပြီးနောက် ဂါဇာအတွင်း ပိုင်းရှိ ဟားမာ့စ်တို့ကို အပြီးချေမှုန်း မည်ဟု ပြောထားသည်။

ဂါဇာသည် အစ္စရေးအတွက် သမိုင်းကျိန်စာလော

အစ္စရေးမြေပြင်တပ်များက ဂါဇာကို ၀ိုင်းထားလိုက်ပြီဟု အစ္စ ရေးစစ်တပ်က ပြောကြားပြီး နောက် မကြာမီမှာပင် ဟားမာ့စ် အဖွဲ့ခွဲတစ်ခုဖြစ်သော Ezzedine Al- Qassam Brigades ၏ ပြောရေးဆိုခွင့်ရှိသူ အဘူအိုဘေဒါက အစ္စရေးကို သတိပေးလိုက်သည်။

ကျူးကျော်လာသော အစ္စရေး စစ်သားများသည် အလောင်းထည့်သည့် အိတ်မည်းများဖြင့် အိမ်ပြန် ကြရလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။

“ဂါဇာဟာ အစ္စရေးအတွက် သမိုင်းရဲ့ကျိန်စာဖြစ်လာပါလိမ့် မယ်” ဟု အဘူအိုဘေဒါက သတိ ပေးထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် တို့က အစ္စရေး-ပါလက်စတိုင်း နှစ် ပြည်ထောင် အတူယှဉ်တွဲနေထိုင်ရေးကိစ္စကို “တည်” ပြောလာသည့် တိုင် အစ္စရေးနှင့်ပါလက်စတိုင်းတို့ ၏ ၂၀၂၃ ခုနှစ် ပဋိပက္ခသစ်က အ စ္စရေးနှင့်ပါလက်စတိုင်းတို့ ယှဉ်တွဲ နေထိုင်ရေးကို ပိုမိုခက်ခဲသွားစေ သည်။

အစ္စရေး-ပါလက်စတိုင်းပဋိ ပက္ခသည် ပြီးဆုံးရန် လမ်းစမပေါ် သေးပေ။

 

 

 

 

 

 

 

 

 

 

 

Most Read

Most Recent