အသက်ကြီးသူများ၏ ကျန်းမာရေးလျှို့ဝှက်ချက်များ  

 အသက်ကြီးသူများ၏ ကျန်းမာရေးလျှို့ဝှက်ချက်များ  
Published 4 November 2023
ဒေါက်တာလွင်သန့်

 ဂျပန်နိုင်ငံအမျိုးသမီးတစ်ယောက်ရဲ့သတ်တမ်းဟာ ၈၆ ဒသမ ၆ နှစ်ရှိနေချိန်မှာ မြန်မာနိုင်ငံရဲ့ ၂၀၁၄ သန်းခေါင်စာရင်းအရပျမ်းမျှသက်တမ်း ၆၆ ဒသမ ၈ နှစ်ရှိနေရာ အာဆီယံနိုင်ငံများအတွင်းမှာပင်သက်တမ်းတိုတဲ့အုပ်စုထဲပါဝင်နေပါတယ်။ အသက်အရွယ်ကြီးရင့်ပြီး သက်တမ်းစေ့နေထိုင်ဖို့ဆိုတာ ခက်ပါတယ်။ အရသာရှိတဲ့အစားအစာကိုလူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ နှစ်သက်တဲ့အရသာချင်းမတူညီကြပါဘူး။ အချို့ကအခါးအရသာပိုကြိုက်တာမျိုးရှိတယ်။ အချို့ကျငန်လေကြိုက်လေ၊ အချို့ကစပ်လေကြိုက်လေဖြစ်တယ်။ အရသာအမျိုးမျိုးကို၊လူအမျိုးမျိုးကခွဲခြားပြီးကြိုက်တက်သလို အစားများများစားတတ်ကြပါတယ်။အသက်ကြီးလာပြီဆိုတော့လျှာအရသာအကြိုက်ကိုအလိုသိပ်မလိုက်သင့်တော့ပါဘူး။ကိုယ့်နဲ့သင့်တော်တဲ့အစားအစာကိုသာချင့်ချိန်ပြီး တန်ဆေးလွန်ဘေးမဖြစ်အောင်စားသုံးရမှာပဲဖြစ်ပါတယ်။

 မျှတအောင်စားသင့်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အာဟာရအစုံ မျှတစွာရရှိအောင်စားသုံးတတ်ဖို့လိုပါတယ်။ ကာဗိုဟိုက်ဒြိတ်လို၊ အဓိကကစီဓာတ်ကို ထမင်း၊ ဂျုံ၊ ပြောင်း၊ ပရိုတင်းကရရှိပါတယ်။ အစာတွေက အသား၊ ငါး၊ ပဲ၊ အဆီဖြစ်တဲ့သံလွင်ဆီ၊ နေကြာဆီ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရရှိတဲ့ဟင်းသီးဟင်းရွက်၊ အသီးအနှံစတာတွေကိုမျှမျှတတရရှိအောင်စားသုံးဖို့လိုအပ်ပါတယ်။

 နို့သောက်သင့်ပါတယ်။ အသက်ကြီးလာတဲ့အခါအဆီနည်းတဲ့နို့ (သို့မဟုတ်) အဆီမပါတဲ့နို့ကိုသောက်သင့်တယ်။ နို့နဲ့မတည့်ရင် ဒိန်ချဉ်၊ ဒိန်ခဲ အစရှိတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေကိုစားပေးဖို့လိုအပ်ပါတယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ကိုရရှိစေပါတယ်။

   အစာကိုနည်းနည်းသာစားသင့်ပါတယ်။ မျှတတဲ့အစားအသောက်တွေကို တစ်ထိုင်တည်းအများကြီးစားတာမျိုးမလုပ်ဘဲ နည်းနည်းနဲ့မကြာခဏစားပေးဖို့လည်းလိုအပ်ပါတယ်။

သံလွင်ဆီ စားသုံးသင့်ပါတယ်။ သံလွင်ဆီမှာ အဓိကပါဝင်တဲ့အဆီက မိုနိုမပြည့်ဝဆီ (Monounsaturated Fat) ဖြစ်ပါတယ်။ ကောင်းတဲ့အဆီလို့ သတ်မှတ်တာဖြစ်လို့ အခြားအဆီထဲမှာပါဝင်တဲ့မပြည့်ဝဆီကသွေးတွင်းမကောင်းတဲ့အဆီဓာတ်ကိုလျှော့ချပေးပြီး နှလုံးသွေးကြောရောဂါတွေမဖြစ်ပွားအောင်ကာကွယ်ပေးပါတယ်။ပြည့်ဝဆီ(saturated Fat) ကိုပြန်ကြော်ဆီ၊ တိရစ္ဆာန်အဆီ၊ ဆီအုန်းတို့မှရရှိပါတယ်။

  အစားကိုပမာဏအများကြီးမစားသင့်ပါဘူး။ မျှတတဲ့အစားအသောက်တွေကိုတစ်ထိုင်တည်းအများကြီးစားတာမျိုးမလုပ်ဘဲ နည်းနည်းနဲ့မကြာခဏစားပေးဖို့လိုအပ်ပါတယ်။ အစာငါးနပ်လောက်ခွဲစားသင့်တယ်။

 ကယ်လိုရီကိုထိန်းထားသင့်ပါတယ်။ ကယ်လိုရီများများပါတဲ့အစားအစာတွေကို များများစားသုံးတာကြောင့်ခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီတွေများလာပြီး ဝိတ်တက်လာပါတယ်။ အသက်ကြီးလာချိန်မှာ အရိုးအဆစ်နဲ့ကြွက်သားတွေပါ အားနည်းတာကြောင့် ဝိတ်အရမ်းများနေရင်ခန္ဓာကိုယ် လေးလံသွားပြီး သွားလာရခက်ခဲတတ်ပါတယ်။ ဒါ့ပြင်ခန္ဓာကိုယ်တွင်းမှာအဆီတွေများနေတာက နှလုံးသွေးကြောရောဂါ၊ဆီချိုသွေးချိုရောဂါစတဲ့မကူးစက်တက်တဲ့ရောဂါတွေလည်းဖြစ်ပွားလာနိုင်ပါတယ်။

အစာကိုကျန်မာရေးနဲ့ညီညွှတ်အောင်စားသင့်ပါတယ်။ အသက်ကြီးလာတဲ့အခါ စားသုံးတဲ့အစာတွေမှာ ကျန်မာရေးနဲ့ညီညွတ်နေဖို့လိုပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွတ်မှုရှိ၊ မရှိကိုပြန်လည်ဆန်းစစ်ကြည့်ဖို့လည်းလိုပါတယ်။ အသားနဲ့ဟင်းသီးဟင်းရွက်ကိုမျှတစွာစားသင့်တယ်။

 ရေသောက်သင့်ပါတယ်။အသက်ကြီးလာတဲ့အခါ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်စတဲ့အဖျော်ယမကာတွေကိုသောက်သုံးမယ်ဆိုရင် ရေဓာတ်ခန်းခြောက်မှုပိုမိုဖြစ်လွယ်စေပါတယ်။ရေဆာရင်ရေပဲသောက်သင့်ပါတယ်။ တစ်နေ့ကိုရေ(၆-၈)ဖန်ခွက်သောက်သင့်ပါတယ်။ အချိုရည်တွေကိုလည်းရေအစား မသောက်သင့်ပါဘူး။အရက်၊ဘီယာ၊မသောက်သင့်ပါဘူး။အရက်၊ဘီယာကခန္ဓာကိုယ်ထဲကရေဓာတ်ကိုအချိန်တိုအတွင်းညစ်နွမ်းစေလို့ ရေများများသောက်သင့်ပါတယ်။ ရေများများသောက်မှအညစ်အကြေးတွေဆီး၊ ချွေးကတစ်ဆင့် ထွက်သွားပါမယ်။

 ကလေးတစ်ယောက်လို ကြေညက်လွယ်တဲ့အစားအစာတွေကို စားသင့်ပါတယ်။အသက်ကြီးလာတဲ့အခါ ကလေးတွေစားသလို ပြန်စားဖို့လိုအပ်ပါတယ်။ ကလေးဘဝမှာ အစာကိုတွေ့ကရာစုံအောင်ကျွေးတာ၊လမ်း ဘေးစာ၊အသင့်အမြန်စားအစာစနပ်(snap)ဖြစ်တဲ့ဟမ်ဘာဂါ၊ဆင်းဒစစ်၊ပီဇာ၊အာလူးချောင်းကြော်၊လမ်းဘေးထမင်းဟင်းရှောင်သင့်ပါတယ်။အသက်ကြီးလာချိန်မှာအစားအသောက်တွေကိုတွေ့ကရာစားတာမျိုး မလုပ်သင့်ပါဘူး။ ကလေးတစ်ယာက်လို ကြေညက်လွယ်တဲ့အစားအစာတွေကိုသာနူးနူးနပ်နပ်ချက်ပြုတ်ကျွေးမွေးဖို့လိုအပ်ပါတယ်။

အမျှင်ဓာတ်များများစားသုံးသင့်ပါတယ်။ အမျှင်ဓာတ်တွေပါဝင်တဲ့အစားအစာတွေကို စားသုံးတာကြောင့်နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊အူရောင်ငန်းများ(Typhoid)ရောဂါ၊ ဝမ်းချုပ်တာစတဲ့ရောဂါဝေဒနာတွေဖြစ်ပွားမှုကိုလျှော့ချနိုင်ပါတယ်။ အမျှင်ဓာတ်ကိုများများရရှိအောင်သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုနေ့စဉ်ပါဝင်အောင်စားသုံးဖို့လိုအပ်ပါတယ်။ ဆွတ်ဆွတ်ဖြူတဲ့ဆန်နဲ့ပေါင်မုန့်တွေစားသုံးမယ့်အစား ဆန်လုံးညိုနဲ့ဂျုံကြမ်းပေါင်မုန့်တွေစားသုံးသင့်ပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်တဲ့တွေကာတွေကိုလည်းမနက်ခင်းစာအဖြစ်စားသုံးနိုင်တယ်။ သရေစာကိုသစ်သီးဖျော်ရည်ဖြစ်ဖြစ် လတ်လတ်ဆတ်ဆတ်သစ်သီးကိုခွဲစိတ်ပြီးစားသုံးတာဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ စွပ်ပြုတ်၊ဆန်ပြုတ်တွေသောက်တဲ့အခါအသီးအရွက်တွေထည့်ချက်ပြီးသောက်သုံးနိုင်ပါတယ်။

 အပင်ကရရှိတဲ့သဘာဝဒြပ်ပေါင်းတွေပါဝင်အောင်စားသုံးသင့်ပါတယ်။ အပင်ထွက်အစားအစာတွေထဲမှာ သဘာဝဒြပ်ပေါင်းတွေများစွာပါဝင်တတ်တယ်။ ဒါကိုဇိုင်တိုနျူးထရီရန့်(Zytonutriants)လို့ခေါ်ပါတယ်။ အဆိုပါဓာတ်တွေကအပင်ကိုပိုးမွှားတွေမှိုပါးတွေမကျရောက်အောင် ကာကွယ်ပေးနိုင်သလို ကိုယ့်ခန္ဓာကိုယ်ကိုလည်းရောဂါဝေဒနာတွေမကျရောက်အောင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

 အသင့်အမြန်စားအစာတွေရှောင်သင့်ပါတယ်။အသက်အရွယ်မရွေး၊ကျန်မာရေးနဲ့မညီညွှတ်တဲ့အဆင်သင့်အစာတွေကိုမစားသင့်ပါဘူး။အဆီတွေ၊အငန်တွေ၊အချိုမှုန့်တွေများစွာပါဝင်တဲ့အဆင်သင့်စာတွေကိုအသက်ကြီးသူတွေအနေနဲ့လုံးဝရှောင်သင့်ပါတယ်။တာရှည်ခံအောင်ပြုပြင်ထားတဲ့အစာ၊ဆိုးဆေးနဲ့ဓာတ်ပစ္စည်းပါဝင်တာတွေကိုလည်း မစားသင့်ပါဘူး။အိမ်မှာပဲ၊သန့်သန့်ရှင်းရှင်းပူပူနွေးနွေးချက်ပြုတ်ပြီးကျွေးမွေးတာက၊သက်ကြီးသူတွေအတွက်ကျန်မာရေးနဲ့ညီညွတ်စေပါတယ်။အပြင်စာတွေတတ်နိုင်သလောက်ရှောင်သင့်ပါတယ်။

 အိပ်ရေးဝဝအိပ်စက်သင့်ပါတယ်။ အသက်ကြီးလာတဲ့အခါ အိပ်စက်အားနည်းလာပြီး မကြာခဏအိပ်ရာကနိုးကာ နိုးပြီးရင် ပြန်မအိပ်ပျော်တာ၊ မနက်အစောကြီး အိပ်ရာကနိုးနေတာမျိုးတွေဖြစ်လာတတ်ပါတယ်။ နေ့လယ်နေ့ခင်းမှာတစ်မှေးလောက်အိပ်စက်သင့်တယ်ဆိုပေမဲ့ အချိန်အကြာကြီးအိပ်တာ၊ ညနေကောင်း ကောင်းအိပ်စက်တာမျိုးလုပ်မယ်ဆိုရင်တော့ ညဘက်အိပ်မပျော်တာမျိုးဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို ခုနစ်နာရီရအောင်အိပ်စက်သင့်ပါတယ်။ဒါမှသာစိတ်နဲ့ခန္ဓာကိုယ်အနားရစေပြီး နောက်နေ့အလုပ်လုပ်ဖို့အားအင်ဖြစ်စေတယ်။

 အငန်လျော့စားသင့်ပါတယ်။ အသက်ကြီးသူတွေမှမဟုတ်ပါဘူး။ လူတိုင်းအငန်ဓာတ်(ဆား)များတဲ့အစာအချိုမှုန့်(Monosodium Gluconate)များတဲ့အစာတွေကိုလျှော့ပြီးစားသုံးသင့်ပါတယ်။ဆား၊အချိုမှုန့်၊ငံပြာရည်၊ငါးပိရည်၊ငါးခြောက်စတာတွေမှာဆားပါဝင်မှုများလာတာကြောင့်အသက်ကြီးသူတွေဒါတွေဆားရင်သွေးတိုးရောဂါဖြစ်စေလို့ အသက်မကြီးခင်ကတည်းကဆားကိုတတ်နိုင်သမျှလျှော့ချစားသုံးဖို့လိုပါတယ်။

 အသက်ကြီးတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှခန္ဓာကိုယ်နဲ့စိတ်မှာဘယ်လို့တွေပြောင်းလဲလာသလဲ။ ကိုယ့်ကိုယ်ကိုယ်ကျန်းမာသန်စွမ်းအောင်ဘယ်လိုနေထိုင်မလဲဆိုတာသိထားရင်အသက်ကြီးလာမှာကိုကြောက်စရာမလိုပါဘူး။ သည်နည်းလမ်းကတော့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့နည်းလမ်းကောင်းလေးတွေကိုလိုက်နာဖို့လိုပါတယ်။ 

  သက်ကြီးရွယ်အိုတွေရာသီပြောင်းမှာ မိုးရာသီမှာ တုပ်ကွေးဖြစ်စေပါတယ်။ မိုးကခပ်စိပ်စိပ်ရွာလာချိန်မှာအဖြစ်များတဲ့ကျန်မာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ တုပ်ကွေးဟာအသက်အရွယ်မရွေးဖြစ်တယ်ဆိုပေမဲ့ ကိုယ်ခံအားနည်းလာပြီးဖြစ်တဲ့ ဘိုးဘိုးဘွားဘွားတွေနဲ့ကိုယ်ခံအားမပြည့်ဝသေးတဲ့ကလေးတွေမှာပိုဖြစ်တတ်ပါတယ်။ နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးပုံမှန်ထိုးနှံခြင်းကတုပ်ကွေးရောဂါမှ တစ်နှစ်တာကာကွယ်နိုင်ပါတယ်။ ကြက်စွပ်ပြုတ်သောက်သင့်ပါတယ်။ကြက်ပေါင်တစ်ခြမ်း၊မုန်လာဉနီ၊တစ်လုံး၊မုန်းလာဉဖြူတစ်လုံး၊ပြောင်းဖူးတစ်ဖူး၊ငုံးဥငါးလုံး၊ မုန်ညင်းစိမ်းနှစ်စုံ၊ဆားအနည်းငယ်၊ကြက်သွန်ဖြူသုံးမွှာ၊ချင်းလက်တစ်ဆစ်၊ငရုတ်ကောင်းလက်ဖက်စားဇွန်းတစ်ဇွန်း၊ အာလူးတစ်လုံးတိုနဲ့စွပ်ပြုတ်တစ်ခွက် အာဟာရပြည့်ဝအောင်ချက်ပြုတ်စားသောက်စေသင့်ပါတယ်။

 အသက်အရွယ်ကြောင့်ကြွက်သားဆုံးရုံးမှုကိုကာကွယ်ဖို့ အသား၊ ပဲအမျိုးမျိုးစားပေးသင့်ပါတယ်။ အသားမှာပရိုတင်းပါဝင်မှုအများဆုံးအစားအစာတစ်မျိုးဖြစ်တယ်။အသားကိုစဉ်းကောလုပ်စားတာလိုမျိုးပြင်ဆင်ပေးသင့်ပါတယ်။ပင်လယ်ငါးစားသင့်ပါတယ်။ပင်လယ်ငါးတွေမှာပရိုတင်းနို့အိုမီဂါ(၃) ဖက်တီးအက်စစ်တို့ကြွယ်ဝလို့အရွယ်တင်စေပါတယ်။ ပဲအမျိုးမျိုးစားသင့်ပါတယ်။ ဒုတိယတန်စားပရိုတင်းဆိုပေမယ့် သက်သတ်လွတ်စားသူတွေ၊ အဆာလျှော့စားသူတွေအတွက်အာဟာရများတဲ့ပရိုတင်းပါဝင်တဲ့ဟင်းပဲဖြစ်ပါတယ်။ ပဲနို့လိုအချိုမပါတာမျိုး တိုက်ပေးနိုင်ပါတယ်။

 

Most Read

Most Recent