ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory)

ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory)
Published 29 October 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် တိုင်းပြည် တည်ဆောက်ခြင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာရေးသူ သင်ယူလေ့လာခဲ့ရသည့်၊ သင်ကြား ပြသပေးခဲ့ရသည့် စာရင်းအင်းပညာ ဘာသာရပ်များအပေါ်တွင် အခြေခံ ကာ ရှုထောင့်အမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုး၊ အဆင့် (Level) အမျိုးမျိုးတို့ အတွက် လက်လှမ်းမီရရှိနိုင်သော ရင်းမြစ်များအား လေ့လာဆန်းစစ်ကာ မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်စေမည့် သတင်းအချက်အလက်များကို ကြိုးစားပြီး ရေးသားတင်ပြလျက်ရှိပါသည်။

ထိုသို့ တင်ပြလျက်ရှိရာတွင် တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားနိုင်ငံသားများက ပိုင်ဆိုင်လျက်ရှိသည့် အရင်းအမြစ်များကို အစွမ်းကုန် အသုံးပြုနိုင်စေရန်အတွက်သော်လည်းကောင်း၊ တိုင်းပြည်နိုင်ငံ၏ စီးပွားရေး အစွမ်းကုန် ဖွံ့ဖြိုးလာစေရန်အတွက်သော်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်ခြင်း၊ စေ့စပ်ညှိနှိုင်းခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း စသည့် လုပ်ငန်းရပ်များကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် အမြဲတစေ ဆောင်ရွက်နေခြင်းအားဖြင့်သော်လည်းကောင်း တိုင်းပြည် နိုင်ငံ၏ နိုင်ငံရေးစနစ် စီးပွားရေးစနစ် အုပ်ချုပ်ရေးစနစ်တို့၏ အခြေခံကောင်းများကို ချမှတ်ပေးနိုင်စေမည့် ကော်ပို ရိတ်အုပ်ချုပ်ရေး (Corporate Governance) နှင့် ဆက်စပ်ပတ်သက်သည့် အကြောင်းအရာများကို ရေးသား တင်ပြလျက်ရှိပါသည်။

စာရေးသူသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 36, Vol. 18 တွင် “ကော်ပိုရိတ် အုပ်ချုပ်ရေး (Corporate Governance)” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားရှိသည့် ကော်ပို ရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်စေရန်အလို့ငှာ အောက်ဖော်ပြပါ အရေးအကြီးဆုံး သီအိုရီလေးခုကို သီအိုရီတစ်ခုလျှင် ဆောင်းပါး တစ်ပုဒ်စီဖြင့် ရေးသားတင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ ၎င်းသီအိုရီ လေးခုမှာ -

(၁) ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရား သီအိုရီ (Institutional Theory)

(၂) အေဂျင်စီသီအိုရီ (Agency Theory)

(၃) အကျိုးနှင့် သက်ဆိုင်သည့် ပါဝင် ပတ်သက်သူများ သီအိုရီ (Stakeholder Theory) နှင့်

(၄) ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory) တို့ ဖြစ်ကြပါသည်။

အထက်တွင်ဖော်ပြထားရှိသည့် သီအိုရီလေးခုအနက် သီအိုရီသုံးခု (သီအိုရီနံပါတ် ၁၊ ၂ နှင့် ၃) ကို ပြုစု ရေးသားပြင်ဆင်ပြီးဖြစ်ပါသည်။ ယခု နောက်ဆုံးသီအိုရီဖြစ်သည့် (၄) ကြီး ကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory) ကို ရေးသားပြင်ဆင် တင်ပြခြင်းဖြစ်ပါသည်။

စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြရမည်ဆိုပါက ပြည်သူ ပြည်သား နိုင်ငံသားများအကြားတွင် ကော်ပိုရိတ် အုပ်ချုပ်ရေး (Corporate Governance) ကို အကျိုးရှိ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည်ဆိုပါလျှင် ယနေ့မြန်မာနိုင်ငံတွင် တွေ့ကြုံရင် ဆိုင်ရလျက်ရှိသည့် သမိုင်းထောင်ချောက်၊ တော်လှန်ရေးထောင်ချောက်၊ အာဏာရှင်ထောင်ချောက် စသည့်ထောင်ချောက်များအတွင်း ကျရောက်လျက်ရှိသော အမိုက်အမှောင်ခေတ်ကြီးမှ ကျော်လွှားလွန်မြောက်နိုင်စေရေးကို တိုက်ရိုက်မဟုတ်ပါသော်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်း ကာလတာရှည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူပြည်သားနိုင်ငံသားများ၏ သဘောဆန္ဒအရမဟုတ်ဘဲ အင်အားကိုအခြေပြုပြီး ရယူခဲ့ကြရာ သမိုင်း ထောင်ချောက်၊ တော်လှန်ရေးထောင် ချောက်၊ အာဏာရှင်ထောင်ချောက် စသည့်ထောင်ချောက်များအတွင်းသို့ ကျရောက်လျက်ရှိပြီး အမိုက်အမှောင် ခေတ်ကြီးကို ကြုံတွေ့ရင်ဆိုင်လျက်ရှိ နေပါသည်။ အဆိုပါ အမိုက်အမှောင် ခေတ်ကြီးမှ ကျော်လွှားလွန်မြောက် နိုင်စေရေးအတွက် တိုက်ရိုက်မဟုတ်ပါသော်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေရန်အလို့ငှာ ပြည်သူ ပြည်သား နိုင်ငံသားများ အကြားတွင် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို အကျိုးရှိထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် အဓိကအရေးကြီးသည့် သီအိုရီလေးခုကို ရေးသားတင်ပြလျက်ရှိရာ ယခုနောက်ဆုံးသီအိုရီတစ်ခု

ဖြစ်သည့် ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory) ၏ သဘောတရားများကို သိမြင်နားလည်ပြီးလျှင် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။

ကြီးကြပ်အုပ်ချုပ်မှုသီအိုရီကို လေ့လာခြင်းမပြုမီ စာဖတ်သူများ အတွက် ခွဲခြားသိမြင်စေလိုသည့် အချက်မှာ (၁) ပရင်စီပယ် (Principal)၊ (၂) မန်နေဂျာ (Manager)၊ (၃) အေးဂျင့် (Agent) နှင့် (၄) ကြီးကြပ် အုပ်ချုပ်ရသူ (Steward) တို့ ဖြစ်ကြပါသည်။ ထို့ပြင် ၎င်းတို့တစ်ခုချင်းစီ၏ သဘောသဘာဝနှင့် ရှင်သန်ရပ် တည်ပုံကို သိမြင်နားလည်စေရန် လိုအပ်ပြီး ထိုမှတစ်ဆင့် ပရင်စီပယ်နှင့် မန်နေဂျာ၊ ပရင်စီပယ်နှင့် အေးဂျင့်၊ ပရင်စီပယ်နှင့် ကြီးကြပ်အုပ်ချုပ်ရသူ၊ မန်နေဂျာနှင့် ပိုင်ရှင်၊ မန်နေဂျာနှင့် အေးဂျင့်၊ မန်နေဂျာနှင့် ကြီးကြပ်အုပ်ချုပ်ရသူ စသည့်အတွဲတို့၏ သဘောသဘာဝနှင့် ရှင်သန်ရပ်တည် ပုံတို့ကိုလည်း သိမြင်နားလည်စေရန် လိုအပ်ပါသည်။

စာရေးသူအနေဖြင့် ကြီးကြပ် အုပ်ချုပ်မှု သီအိုရီ (Stewardship Theory) နှင့် ဆက်စပ်ပတ်သက် လျက်ရှိသည့် သဘောတရားများ၊ အကြောင်းအရာများကို ရှင်းလင်းတင်ပြရာတွင် စာဖတ်သူများ စာလေးခြင်းကို လျှော့ချနိုင်စေရေးအလို့ငှာ မြန်မာဘာသာသို့ ပြန်ဆိုထားရှိသည်များကို ဦးစွာရှင်းလင်းတင်ပြပြီး မူရင်း အင်္ဂလိပ်စာနှင့် တင်ပြထားသည်များကို ကပ်လျက်ဖော်ပြပေးပါမည်။

ပထမဦးစွာ ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory) ၏ အခြေခံသဘောတရားများကို ရှင်းလင်းတင်ပြပါမည်။ ကြီးကြပ်အုပ်ချုပ်မှုသီအိုရီ ဆိုသည်မှာ စီမံခန့်ခွဲမှုသီအိုရီများရှိ ယုတ္တိတန်သည့် ဆင်ခြင်တုံတရားကို အခြေခံသော လုပ်ဆောင်ချက်လုပ်ရပ်ကို တန်ပြန်အလေးပေးထိန်းကျောင်းစေလျက် ဘောင်ခတ် ကန့်သတ်ထားရှိခြင်းပင် ဖြစ်ပါသည်။

အဆိုပါသီအိုရီသည် ပိုင်ရှင်နှင့် မန်နေဂျာအကြားတွင် အကျိုးစီးပွား ပဋိပက္ခမဖြစ်ပေါ်စေရန် ထိန်းချုပ် ထားရှိပါသည်။ အုပ်ချုပ်ရေး၏ အဓိက ရည်မှန်းချက်သည် ပိုင်ရှင်နှင့် မန်နေဂျာအကြားရှိ အမြင့်မားဆုံးသော အကျိုးရှိထိရောက်စေသည့် ညှိနှိုင်းဆောင်ရွက်ခြင်းကို လွယ်ကူချော မွေ့စေရေးအတွက် တိကျရှင်းလင်းသည့် ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်း များကို ရှာဖွေတွေ့ရှိရန်ဖြစ်ပါသည်။  ကြီးကြပ်အုပ်ချုပ်မှုသီအိုရီသည် အလုပ်အမှုဆောင်များ၏ ထိန်းချုပ်မှုကြောင့် ပင်ကိုအားဖြင့် တည်ရှိဖြစ်ပေါ်လာစေတတ်သည့် ပြဿနာကို ဆုပ်ကိုင်ထားခြင်းမရှိပါ။ အဓိပ္ပာယ်အားဖြင့် အဖွဲ့အစည်း ကုမ္ပဏီမန်နေဂျာများသည် ၎င်းတို့၏ ပြုမူလုပ် ဆောင်ခြင်းများတွင် ကြင်နာနူးညံ့ ပျော့ပျောင်းသည်ကို ပြသနိုင်ရန် ကြိုးစားအားထုတ်လေ့ရှိခြင်းကြောင့် ဖြစ်ကြပါသည်။

“Stewardship Theory has been framed as the organizational behavior counterweight to rational action theories of management.  This theory holds that there is no conflict of interest between managers and owners, and that the goal of governance is, precisely, to find the mechanisms and structure that facilitate the most effective coordination between the two parties. Stewardship Theory holds that there is no inherent problem of executive control, meaning that organizational managers tend to be benign in their actions.” (Reference: 1, pp – 4).

ကြီးကြပ်အုပ်ချုပ်မှုသီအိုရီ၏ မရှိမဖြစ် ပဓာနကျအရေးကြီးသည့် ယူဆချက်တစ်ရပ်အနေဖြင့် ကြိုတင်သတ်မှတ်ထားရှိချက်မှာ မန်နေဂျာ၏ အပြုအမူလုပ်ကိုင်ဆောင်ရွက်ခြင်း များသည် ပရင်စီပယ်၏ အကျိုးစီးပွားများနှင့် လိုက်လျောညီထွေဖြစ် စေရန် ဖြစ်ပါသည်။ ကြီးကြပ်အုပ်ချုပ်မှုသီအိုရီသည် အေးဂျင့်တို့၏ ကိုယ်ကျိုးစီးပွားထက် ကော်ပိုရိတ် အုပ်ချုပ်ရေးတွင် ပါဝင်လျက်ရှိသည့် လူပုဂ္ဂိုလ်များ၊ ပါတီများအကြားရှိ တူ ညီသော ဘုံရည်မှန်းချက်ကို ပိုမိုတန်ဖိုးထားရှိ နေရာပေးရန် ဖြစ်ပါသည်။

ပရင်စီပယ်နှင့် ကြီးကြပ်အုပ်ချုပ်ရသူတို့၏ ဆက်စပ်ပတ်သက်မှု ရလဒ်များအတွက် စီးပွားရေးအကျိုးအမြတ် ရှုထောင့်အရ ကြည့်ပါလျှင် လေ့လာစောင့်ကြည့်ခြင်းနှင့် စီးပွား ရေး မက်လုံးပေးဆွဲဆောင်မှုကုန်ကျ စရိတ်များအတွက် လျော့နည်းသက်သာစေခြင်းနှင့်အတူ ကူးသန်းရောင်းဝယ်ရေးကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်ပါသည်။ သုတေသနပညာရှင်များသည် ယေဘုယျအားဖြင့် မန်နေဂျာ၏ အခန်းကဏ္ဍကို အေးဂျင့်အဖြစ် အလေးအနက်ထား စဉ်းစားလေ့ရှိကြပါသော်လည်း ပရင်စီပယ်အား အေးဂျင့်အဖြစ် စဉ်းစားခြင်းကိုမူ လျစ်လျူရှုလေ့ရှိကြပါသည်။

“The essential assumption underlying the prescriptions of Stewardship Theory is that the behaviors of the manager are aligned with the interests of the principals. Stewardship Theory places greater value on goal convergence among the parties involved in corporate governance than on the agent’s self-interest. The economic benefit for the principal in a principal-steward relationship results from lower transaction costs associated with the lower need for economic incentives and monitoring.  Researchers, in general, have tended to ignore the principal as the agent and have overemphasized the role of the manager as the agent.” (Reference: 1, pp – 4).

ဒုတိယအနေဖြင့် အေဂျင်စီသီ အိုရီ သဘောတရားအရ ရှင်သန်ရပ် တည်ဆောင်ရွက်ရမည့် လူတို့၏ အပြုအမူအနေအထား တစ်နည်းအားဖြင့် လူတို့၏ ဒီဇိုင်းမိုဒယ်ပုံစံ (Model of Man) နှင့် ကြီးကြပ်အုပ် ချုပ်မှု သီအိုရီသဘောတရားအရ ရှင်သန်ရပ်တည်ဆောင်ရွက်ရမည့် လူတို့၏ အပြုအမူ အနေအထား တစ်နည်းအားဖြင့် လူတို့၏ ဒီဇိုင်းမိုဒယ်ပုံစံ (Model of Man) တို့ကို နှိုင်းယှဉ်ပြီး ရှင်းလင်းတင်ပြပါမည်။

ပထမအချက်အနေနှင့် အေဂျင် စီသီအိုရီ သဘောတရားအရ ရှင်သန်ရပ်တည်ဆောင်ရွက်ရမည့် လူတို့၏ အပြုအမူ အနေအထား တစ်နည်းအားဖြင့် လူတို့၏ ဒီဇိုင်းမိုဒယ်ပုံစံ (Model of Man) ကို တင်ပြရပါလျှင် - အေဂျင်စီသီအိုရီ သဘောတရားအရ ရှင်သန်ရပ်တည်ဆောင်ရွက်ရမည့် လူတို့၏ အပြုအမူ အနေအထား သို့မဟုတ် လူတို့၏သဘောထား တစ်နည်းအားဖြင့် လူတို့၏ ဒီဇိုင်းမို ဒယ်ပုံစံ (Model of Man) သည် ယုတ္တိရှိပြီး ဆင်ခြင်တုံတရားနှင့် ပြုလုပ်ဆောင်ရွက်တတ်သူများ ဖြစ်ကြ ပါသည်။

ထိုပုဂ္ဂိုလ်တို့သည် အသုံးစရိတ်ကို အနည်းဆုံး ဖြစ်နိုင်ခြေနှင့် ၎င်းတို့၏ အသုံးဝင်မှုတန်ဖိုး အမြင့်မားဆုံးကို ရှာဖွေကြသူများ ဖြစ်ကြပါသည်။ အေဂျင်စီ သီအိုရီတွင် လူတစ်ဦးတစ်ယောက်သည် ယုတ္တိရှိပြီး ဆင်ခြင်တုံတရားကို အခြေခံသောသူ၊ ကိုယ်ကျိုးစီးပွားကို ရှာဖွေသူနှင့် အခွင့်အရေးကို ရှာဖွေလျက်ရှိသူ အခွင့်အရေးသမား တစ်ဦးအဖြစ် ယူဆနိုင်မှတ်ယူနိုင်ပါသည်။  အထူးသဖြင့် လူတစ်ဦးချင်းစီတိုင်းသည် ငွေကြေးနှင့်ပတ်သက်ပြီး ဆုလာဘ်အဖြစ် ရရှိရန်နှင့် အပြစ်ပေး အရေးယူခြင်းကို ရှောင်ရှားနိုင်ရန် ကြိုးပမ်းအားထုတ်လေ့ရှိကြပါသည်။ ကုမ္ပဏီတစ်ခုသည် ကန်ထရိုက်စာချုပ် ဆက်စပ်မှုတစ်ခုအနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အကြံဉာဏ်များ တည်ရှိနေစေပြီး ၎င်းကန်ထရိုက်စာ ချုပ်များသည် စိတ်ပါဝင်စားလာစေရန် တွန်းအားပေးနိုင်ခြင်း စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးနိုင်ခြင်း၊ ဆုလာဘ် ရရှိနိုင်စေခြင်းနှင့် အေးဂျင့်၏ လုံ့လဉာဏ်စွမ်းအား စိုက် ထုတ်ခြင်းကို ကြီးကြပ်နိုင်ခြင်းတို့အား ပြုလုပ်ဆောင်ရွက်နိုင်သည်ဟု ယူဆနိုင်ပါသည်။

“The ‘model of man’ underlying Agency Theory is that of a rational actor who seeks to maximize his or her utility with the least possible expenditure.  Agency Theory assumes that a human being is rational, self-interested, and opportunistic; a calculating individual who seeks to attain rewards and avoid punishments, especially financial ones.  The company is conceived as a nexus of contracts, and it is assumed that contracts can motivate, reward and supervise agents’ efforts.” (Reference: 1, pp – 3).

အေဂျင်စီသီအိုရီနှင့် ကြီးကြပ် အုပ်ချုပ်မှုသီအိုရီကို နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုပါက အဖွဲ့အစည်းတစ်ရပ်အား စီးပွားရေးပညာရပ် ရှုထောင့်အရ လေ့လာဆန်းစစ်ရာတွင် သချင်္ာပုံစံဒီဇိုင်းမိုဒယ် တည်ဆောက်ခြင်းဖြစ်သည့် ရှင်းလင်းလွယ်ကူစေရန် ဆောင်ရွက်ခြင်းသည် လူတို့၏ စိတ်ပါဝင်စားလာစေရန် တွန်းအားပေးနိုင်ခြင်း စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးနိုင်ခြင်းကို ဖြစ်စေမည့် ဒီဇိုင်းမိုဒယ်ပုံစံကို လျှော့ချခြင်း ဖြစ်သည့်အတွက် မကြာခဏဆိုသလို ဝေဖန်ဆန်းစစ် အကဲဖြတ်လေ့ ရှိကြပါသည်။

သိပ္ပံနည်းကျ ကောင်းမွန်သင့်တော်သည့် ဒီဇိုင်းမိုဒယ်ပုံစံတစ်ခုသည် ခန့်မှန်းတန်ဖိုးများ ရရှိနိုင်စေရန်ကိုသာ အခြေခံထားရှိ တည်ဆောက်ကြခြင်းဖြစ်ပြီး ၎င်းမိုဒယ်၏ အခြေခံ ယူဆချက်များ မှန်ကန်တိကျခိုင်မာစေရန် မဟုတ်သည်ကို လေ့လာတွေ့ ရှိရမည် ဖြစ်ပါသည်။ အေဂျင်စီသီ အိုရီကဲ့သို့ လူတို့အား စိတ်ပါဝင်စား လာစေရန် တွန်းအားပေးခြင်း သို့မဟုတ် စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းတို့ ပြုလုပ်ရသည့် ဒီဇိုင်းမိုဒယ်ပုံစံသည် သိပ္ပံနည်းကျ ကောင်းမွန်သင့်တော်သည့် မိုဒယ်အဖြစ် စဉ်းစားနိုင်ပါသည်။

အဖွဲ့အစည်းတည်ဆောက်ခြင်းနှင့် စီမံခန့်ခွဲမှုသီအိုရီတည်ဆောက်ခြင်း နှစ်ရပ်စလုံးတွင် လူတို့အား စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်း သို့မဟုတ် စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းတို့အား လမ်းညွှန်အဖြစ် ယူဆချက်များသည် ပြဿနာတစ်ရပ်အဖြစ် တည်ရှိဖြစ်ပေါ်စေနိုင်ပါသည်။ အဖွဲ့အစည်းအတွင်း ဖော်ပြပါယူဆချက်များ အမြဲတစေ တည်ရှိဖြစ်ပေါ်နေစေခြင်းသည် အပြုအမူလုပ်ဆောင်ပုံများကို ပြောင်းလဲဖြစ်ပေါ်လာစေရန် တွန်းအားပေး ဆောင်ရွက်စေပါသည်။

လူသားဆန်သည့် စီမံခန့်ခွဲမှု သီအိုရီရှုထောင့်ဖြင့် ပြောင်းလဲလာစေသည့် ကြီးကြပ်အုပ်ချုပ်မှုသီအိုရီအရမူ လူတို့အား စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်း သို့မဟုတ် စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းတို့ မဖြစ်ပေါ်နိုင်ပါ။ တစ်ဆက်တစ်စပ်နည်းမှာပင် ၎င်းသည် လူတို့အား စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်း သို့မဟုတ် စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းတို့ကို အထောက်အပံ့လည်း မပေးနိုင်ပါ။

“An economics view of the organization has often been criticized for its reductionist model of human motivation, an over-simplification for mathematical modeling. Despite this reductionism, the validity of a model in science has traditionally rested on the utility of its predictions, not on the accuracy of its assumptions; that is why a simplistic model of human motivation like that of Agency Theory has been considered scientifically valid. The problem lies in the fact that these reductionist assumptions of human motivation guide both organizational and managerial theory building, and serve to produce behavior in the organization that is consistent with those assumptions. Moving towards a more humanistic managerial perspective like Stewardship Theory may not readily yield sharp and testable propositions, but nor does it provide simple and reductionist managerial propositions.” (Reference: 1, pp – 3 - 4).

ဒုတိယအချက်အနေဖြင့် ကြီး ကြပ်အုပ်ချုပ်မှု သီအိုရီ သဘောတရားအရ ရှင်သန်ရပ်တည်ဆောင် ရွက်ရမည့် လူတို့၏ အပြုအမူ အနေ အထား သို့မဟုတ် လူတို့၏သဘောထား တစ်နည်းအားဖြင့် လူတို့၏ ဒီဇိုင်းမိုဒယ်ပုံစံ (Model of Man) ကို တင်ပြရပါလျှင် - ကြီးကြပ်အုပ်ချုပ်မှုသီအိုရီတွင်ရှိ လူတို့၏အပြုအမူ သို့မဟုတ် လူတို့၏သဘောထားသည် လူတစ်ဦးချင်းစီ လူတစ်ယောက်ချင်းစီ၏ ပြုမူပုံလုပ်ဆောင်ပုံထက် အဖွဲ့အစည်း၏ အသုံးဝင်မှုတန်ဖိုး အမြင့် မားဆုံးတည်ရှိဖြစ်ပေါ်နေစေရန် အမိန့်ပေးစေခိုင်းသူ၏ အပြုအမူ လုပ်ဆောင်ပုံများသာလျှင် ဖြစ်ပါသည်။ အဆိုပါ ဒီဇိုင်းမိုဒယ်ပုံစံသည် ယုတ္တိရှိပြီး ဆင်ခြင်တုံတရားကို အခြေခံထားရှိပါသော်လည်း မိမိကိုယ်မိမိ သဘောကျ ပြုမူဆောင်ရွက်ခြင်းထက် အတူတကွပူးပေါင်းဆောင်ရွက်ခြင်း အပြုအမူများနှင့် အသုံးဝင်မှုတန်ဖိုးကို ပိုမိုမြင့်မားတိုးတက်လာစေရန် ဖြစ်ပါသည်။ သဘောတရားမှာ ရှယ်ယာပိုင်ရှင်များ၏ ချမ်းသာကြွယ်ဝမှု အမြင့်မားဆုံးသို့ ရောက်ရှိလာသော အခါတွင် ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ၏ အသုံးဝင်မှုလုပ်ငန်းများကလည်း အမြင့်မားဆုံးတွင် တည်ရှိဖြစ်ပေါ် စေခြင်းဖြစ်ပါသည်။ ကြီးကြပ်အုပ်ချုပ်ရသူသည် ပရင်စီပယ်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း အပြုအမူနှင့် ကိုက်ညီစေရန် ညှိနှိုင်းဆောင်ရွက်ရာမှ ရရှိသည့် အသုံးဝင်မှုတန်ဖိုးသည် မိမိကိုယ်မိမိ သဘောကျ တစ်ဦးချင်း ဆောင်ရွက်သည့် အပြုအမူက ရရှိသည့် အသုံးဝင်မှုတန်ဖိုးထက် မြင့်မားနေရမည် ဖြစ်ပါသည်။

“The ‘model of man’ in Stewardship Theory is someone whose behavior is ordered such that pro-organizational behaviors have higher utility than individualistic behaviors.  This model of man is rational as well, but perceives greater utility in cooperative behaviors than in self-serving behaviors. A steward’s utility function is maximized when the shareholders’ wealth is maximized. The steward perceives that the utility gained from interest alignment and collaborative behavior with the pr incipal is higher than the utility that can be gained through individualistic, self-serving behaviors.” (Reference: 1, pp – 4).

ကြီးကြပ်အုပ်ချုပ်မှုသီအိုရီနှင့် အေဂျင်စီသီအိုရီကို နှိုင်းယှဉ်လေ့လာကြည့်မည်ဆိုပါက - ကြီးကြပ်အုပ် ချုပ်ရသူတို့သည် မူလမဟုတ်သော ပြင်ပရှိ ဆုလာဘ်များထက် မူလပင်ကို ဆုလာဘ်အားဖြင့်သာလျှင် လူတို့အား စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်း သို့မဟုတ် စိတ်ဓာတ် တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။ ၎င်းပင်ကို ဆုလာဘ်များမှာ အပြန်အလှန် အပေးအယူပြုရသော သဘောတရားနှင့် ပေးအပ်ထားရှိသည့် တာဝန်ဝတ္တရားများကိုအခြေခံကာ ကိုက်ညီစေရန် ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက် ခြင်းတို့ ဖြစ်ပါသည်။

ကြီးကြပ်အုပ်ချုပ်ရသူနှင့် အေးဂျင့်တို့၏ အဓိကကွာခြားချက်မှာ ကြီးကြပ်အုပ်ချုပ်ရသူသည် တစ်ဦး ချင်းပန်းတိုင်ထက် စုပေါင်းထားရှိသည့် တန်ဖိုးအပေါ်တွင်သာ ထားရှိပါသည်။ ကြီးကြပ်အုပ်ချုပ်ရသူ၏ ကိုယ်ပိုင်ပြီးမြောက်အောင်မြင်စေရန် ဆောင်ရွက်မှုသည် ကုမ္ပဏီ၏ အောင်မြင်မှုအဖြစ် သိရှိနားလည်ထားရမည် ဖြစ်ပါသည်။ ထို့ကြောင့် ဖော်ပြပါသီ အိုရီနှစ်ရပ်၏ အဓိကခြားနားချက်မှာ လူတို့အား စိတ်ပါဝင်စားလာစေရန် တွန်းအားပေးခြင်း သို့မဟုတ် စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော် ပေးခြင်းတို့၏ သဘာဝအပေါ်တွင် ဖြစ်ပါသည်။ အေဂျင်စီသီအိုရီသည် မူလမဟုတ်သော ပြင်ပရှိ လူတို့အား စိတ်ပါဝင်စားလာစေရန် တွန်းအား ပေးခြင်း သို့မဟုတ် စိတ်ဓာတ်တက်ကြွလာစေရန် လှုံ့ဆော်ပေးခြင်းတို့အပေါ်တွင် အဓိကနေရာယူလျက်ရှိပြီး ကြီးကြပ်အုပ်ချုပ်မှု သီအိုရီမှာမူ မူလပင်ကို ဆုလာဘ်များအပေါ်တွင် အဓိက ဦးတည်ထားရှိပါသည်။ ၎င်းဆုလာဘ်များဖြစ်ကြသည့် တိုးတက်ခြင်း၊ လုပ်ငန်းပြီးမြောက်အောင်မြင်ခြင်းနှင့် တာဝန်ဝတ္တရားများကို အလွယ်တကူ ကိန်းဂဏန်းများနှင့် ဖော်ပြရန် မဖြစ်နိုင်ပါ။ ကိန်းဂဏန်း များဖြင့် အလွယ်တကူ ဖော်ပြခြင်း မပြုလုပ်နိုင်ပါ။

“Stewards are motivated by intrinsic rewards, such as reciprocity and mission alignment, rather than solely extrinsic rewards. The steward, as opposed to the agent, places greater value on collective rather than individual goals; the steward understands the success of the company as his own achievement. Therefore, the major difference between both theories is on the nature of motivation. Agency Theory places more emphasis on extrinsic motivation, while Stewardship Theory is focused on intrinsic rewards that are not easily quantified, such as growth, achievement, and duty.” (Reference: 1, pp – 4).

တတိယအနေဖြင့် မန်နေဂျာနှင့် အေးဂျင့် တစ်သဘောတည်း၊ တစ်သားတည်း တည်ရှိဖြစ်ပေါ်လျက်ရှိ သည့်အခြေအနေ သို့မဟုတ် ပရင်စီပယ်နှင့် ကြီးကြပ်အုပ်ချုပ်ရသူတို့ တိုက်ရိုက်အဆက်အသွယ်ဖြစ်ပေါ်စေပြီး တစ်သဘောတည်း၊ တစ်သားတည်း တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများတွင် ပရင်စီပယ်-မန်နေဂျာ ရွေးချယ်မှု ဒီဇိုင်းမိုဒယ်ပုံစံ အဖြစ်သို့ ရောက်ရှိစေပါသည်။ အဆို ပါ ဒီဇိုင်းမိုဒယ်ပုံစံကို (စာ - ၄) ပုံတွင် ဖော်ပြထားပါသည်။

ပုံတွင်ဖော်ပြထားသည့် ဒီဇိုင်း မိုဒယ်ပုံစံအား အသေးစိတ်ရှင်းလင်း တင်ပြရမည်ဆိုပါက ယခုဆောင်းပါး အဆင့်နှင့် မဖြစ်နိုင်ပါသဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခြင်းမပြုတော့ပါ။ စာရေးသူသည် အကြောင်းအရာကို အသေးစိတ် စိတ်ဝင်စားသည့် စာဖတ်သူများအနေဖြင့် အလွယ်တကူ သိမြင်နားလည်စေရန်နှင့် ဉာဏ်ကွန့် မြူးပြီး ဆက်လက် စဉ်းစားတွေးခေါ် နိုင်စေရန်အလို့ငှာ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစလုံးကို အသုံးပြုပြီး (စာ - ၄) ပုံတွင် ရှင်းလင်း တင်ပြထားပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း ကာလတာရှည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ပြည်သူ ပြည်သား နိုင်ငံသားများ၏ သဘောဆန္ဒအရ မဟုတ်ဘဲ အင်အားကို အခြေပြုပြီး ရယူခဲ့ကြရာ သမိုင်းထောင်ချောက်၊ တော်လှန်ရေး ထောင်ချောက်၊ အာဏာရှင်ထောင်ချောက် စသည့်ထောင်ချောက်များအတွင်းသို့ ကျရောက်လျက်ရှိပြီး အမိုက်အမှောင်ခေတ်ကြီးကို ကြုံတွေ့ ရင်ဆိုင်လျက်ရှိနေပါသည်။ အဆိုပါ အမိုက်အမှောင်ခေတ်ကြီးမှ ကျော်လွှားလွန်မြောက်နိုင်စေရေးအတွက် တိုက်ရိုက်မဟုတ်ပါသော်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေရန်အလို့ငှာ ပြည်သူပြည်သား နိုင်ငံသားများအကြားတွင် ကော်ပို ရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို အကျိုးရှိ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် အဓိက အရေးကြီးသည့် သီအိုရီလေးခုကို ရေးသားတင်ပြလျက်ရှိရာ ယခု နောက်ဆုံးသီအိုရီ တစ်ခုဖြစ်သည့် ကြီးကြပ်အုပ်ချုပ်မှု သီအိုရီ (Stewardship Theory) ၏ သဘောတရားများကို အလုံးစုံ သိမြင်နားလည်ပြီးလျင် ကော်ပိုရိတ်အုပ်ချုပ်ရေး (Corporate Governance) ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference:

1. David Pastoriza and Miguel A. Ariño (2008), “When Agents Become Stewards: Introducing Learning in the Stewardship Theory”, This Working Paper was Prepared for: 1st IESE Conference on “HUMANIZING THE FIRM AND THE MANAGEMENT PROFES- SION” Barcelona, IESE Business School, June 30 – July 2 2008.

Most Read

Most Recent