နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်း
Published 3 November 2016

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျိုတိုတက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို့ယနေ့ (နိုဝင်ဘာ ၃ ရက်) ဒေသစံတော်ချိန် ၁၄း၁၀ နာရီတွင် ကျိုတိုတက္ကသိုလ် Yamauchi Hall ၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ကျောင်းသူ/ကျောင်းသား (၈) ဦးနှင့် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေဆိုင်ရာ ဆွေးနွေးမေးမြန်းမှု အခမ်းအနားအား ဆက်လက်ပြုလုပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ထို့နောက် ကျိုတိုတက္ကသိုလ် အပါအဝင် ကျိုတိုမြို့ရှိ အခြားတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံမှ ပညာတော်သင် ဝန်ထမ်းများနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းလည်း သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၆း၃၀ နာရီတွင် ကျိုတို နိုင်ငံတော်ဧည့်ဂေဟာသို့ ရောက်ရှိရာ အသင့်စောင့်ကြိုလျက်ရှိသည့် Rryogoku တက္ကသိုလ်မှ Emeritus Professor Mr. Otsu နှင့် ကျောင်းသူ ကျာင်းသားများအား နှုတ်ဆက်စကား ပြောကြားကာ သိရှိလိုသည့် မေးမြန်းမှုများအား ဖြေကြားပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုကျိုမြို့မှ ကျိုတိုမြို့သို့ ဒေသစံတော်ချိန် ၁၃း၁၇ နာရီတွင် Shinkansen ရထားဖြင့် ရောက်ရှိခဲ့ပြီး ကျိုတိုမြို့တွင် ရောက်ရှိနေစဉ်အတွင်း ကျိုတိုမြို့တော် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။Credit - MOFA Myanmar

Most Read

Most Recent