နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ
Published 2 November 2016

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (နိုဝင်ဘာ ၂ ရက်) ဒေသစံတော်ချိန် ၀၉း၃၀ နာရီအချိန်၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တိုကျိုမြို့ရှိ Rahga Hotel တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ယင်းအခမ်းအနားသို့ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား တစ်သောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်သည့် မိန့်ခွန်းကို ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားမျာနှင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး အပါအဝင် မြန်မာနိုင်ငံ၊ နိုင်ငံကူးလက်မှတ် ပြန်လည်ကိုင်ဆောင်ခွင့် ရရှိရေး စသည့်ကိစ္စရပ်များအား ပြန်လည်ဆွေးနွေး ဖြေကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ၁၁း၀၀ နာရီတွင် မြန်မာသံရုံး၊ တိုကျိုမြို့ရှိ သံရုံး/စစ်သံရုံး ဝန်ထမ်းမိသားစုဝင်များနှင့် တွေ့ဆုံပြီး သံရုံးဝန်ထမ်း မိသားစုများနှင့်အတူ နေ့လည်စာ သုံးဆောင်မည်ဖြစ်ကြောင်း သိရသည်။Credit : MOFA Myanmar Facebook 

Most Read

Most Recent