တေးသီချင်း ဖျော်ဖြေမှု၊ အကများနှင့် graffiti ရေးဆွဲခြင်းများ ပါဝင်သည့် ရန်ကုန်လမ်းမပေါ်က အနုပညာပွဲတော်ပါတီ ပင်လယ်စတူဒီယိုတွင် ပြုလုပ်

တေးသီချင်း ဖျော်ဖြေမှု၊ အကများနှင့် graffiti ရေးဆွဲခြင်းများ ပါဝင်သည့် ရန်ကုန်လမ်းမပေါ်က အနုပညာပွဲတော်ပါတီ ပင်လယ်စတူဒီယိုတွင် ပြုလုပ်
Published 7 December 2015
ထက်သျှိုင်း

လူငယ်များ၏ အကပြိုင်ဆိုင်ခြင်းများ၊ graffiti ရေးဆွဲခြင်းများ၊ ဟစ်ဟော့တေးသီချင်း ဖျော်ဖြေတင်ဆက်မှုများ ပါဝင်သည့် Yangon Street Art ပွဲတော်၏ ပါတီပွဲကို ဒီဇင်ဘာ ၅ရက် ညပိုင်းက ရန်ကုန် မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ပင်လယ်စတူဒီယိုတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပါတီသို့ ပြည်တွင်း၊ ပြည်ပ လူငယ်များ လာရောက်ခဲ့ကြ ပြီး  ပင်လယ် စတူဒီယိုတွင်ပြသထားသည့် မှတ်တမ်းများ၊ မြန်မာ လူငယ်များ၏ graffiti ရေးဆွဲမှုများ၊ စတူဒီယိုပြင်ပတွင် ရဲဇာနည်၏ ဗွီဒီယို mapping ၊Remi Assezat နှင့် VJ Zero တို့၏ လိုက်ဖ်graffiti ရေးဆွဲခြင်းကို ဗွီဒီယိုဖြင့် သရုပ်ဖော်ခြင်း၊ ၁၆၀၂ ဟစ်ဟော့ရှိုး၊ ဒီဂျေ တေးသီချင်းများကို လာရောက်ကြသည့် ပရိတ်သတ်များ ခံစားနိုင်ခဲ့ကြ သည်။
“ဒီပွဲကတော့ 1st Edition ဖြစ်ပါတယ်။အခုပွဲကို လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက စတင်ခဲ့တာပါ။ ရည်ရွယ်တာကတော့ မြို့ပြအနုပညာကို မြှင့်တင်နိုင်ဖို့ပါ။အကနဲ့ graffiti ပိုင်းတွေ ပါပါတယ်”ဟု ပြင်သစ် ယဉ်ကျေးမှုဌာနမှ Anais Robert  က ပြောကြားသည်။
Yangon Street Art ပွဲတော် ကို ဒီဇင်ဘာ ၁ ရက်က စတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဟစ်ဟော့အက၊ graffiti ရေးဆွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးခြင်းများကို ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များနှင့် အတူ ဆွေးနွေးနိုင်ခဲ့ကြပြီ၊ graffiti ပါမောမန့်များ ပါဝင်ခဲ့သည်။ အဆိုပါ ပွဲတော်ကို ရန်ကုန်မြို့ရှိ လူစည်ကား ရာ တော်ဝင်စင်တာ၊ လှည်းတန်း စင်တာတို့တွင် ပြုလုပ်ခဲ့ပြီးဆွေးနွေး မှုများကို ပြင်သစ်ယဉ်ကျေးမှု စင်တာတွင် ပြုလုပ်ခဲ့သည်။
“အခုပွဲမှာ မြန်မာဘက်က ၂၅ ယောက် ပါဝင်ပါတယ်။ အဲဒါကတော့ မြန်မာ့ graffiti ပိုင်းပါပဲ။ကျန်တဲ့ Street Dance နဲ့ Beat Box အဆိုတော် ကြက်ဖတို့လည်း ပါဝင်ပါတယ်”ဟု ၁၆၀၂ ပွဲတော်၏ Coor-dinator  ဖြစ်သူ Elodie Sobezak က ပြောကြားသည်။

Most Read

Most Recent