ကွန်ဒိုတိုက်ခန်းများအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပါက ဈေးနှုန်း မြင့်တက်လာနိုင်သော်လည်း အနာဂတ်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်စေနိုင်သည့်အတွက် နိုင်ငံခြားသား ဝယ်ယူခွင့်ကို ပယ်ဖျက်မပစ်ဘဲ ကန့်သတ်ချက်များဖြင့် . . . . .

ကွန်ဒိုတိုက်ခန်းများအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပါက ဈေးနှုန်း မြင့်တက်လာနိုင်သော်လည်း အနာဂတ်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်စေနိုင်သည့်အတွက် နိုင်ငံခြားသား ဝယ်ယူခွင့်ကို ပယ်ဖျက်မပစ်ဘဲ ကန့်သတ်ချက်များဖြင့် . . . . .
Published 8 July 2015
ဖြိုးဝေ

ကွန်ဒိုတိုက်ခန်းများအား နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပါက ဈေးနှုန်း မြင့်တက်လာနိုင်သော်လည်း အနာဂတ်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအပေါ် သက်ရောက်စေနိုင်သည့်အတွက် နိုင်ငံခြားသား ဝယ်ယူခွင့်ကို ပယ်ဖျက်မပစ်ဘဲ ကန့်သတ်ချက်များဖြင့် ကွန်ဒိုမီနီယံ ဥပဒေတွင် ဆက်လက်ထည့်သွင်းသင့်ကြောင်း House.com ထုတ်ပြန်ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပါက ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု ဆိုသော်လည်း အနာဂတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများကို သက်ရောက်မှု ရှိလာနိုင်သည့်အတွက် နိုင်ငံခြားသား ဝယ်ယူခွင့်ကို ပယ်ဖျက်မပစ်ဘဲ ကန့်သတ်များဖြင့် စုပေါင်းပိုင် အဆောက်အအုံ ဥပဒေ (Condominium Law) တွင် ဆက်လက်ထည့်သွင်းသင့်ကြောင့် ပြည်တွင်း၌ အိမ်ခြံမြေဆိုင်ရာ လေ့လာမှုများ ပြုလုပ်နေသည့် House.com.mm က သတင်းထုတ်ပြန်သည်။ကွန်ဒိုမီနီယံ ဥပဒေမူကြမ်းသည် မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍနှင့် အနာဂတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍများကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေနိုင်သောကြောင့် လက်တလော ဖြစ်ပေါ်နေသည့် စည်းမျဉ်း၊ စည်းကမ်းများဆိုင်ရာ အခက်အခဲများနှင့် ကွန်ဒိုမီနီယံ ဥပဒေမူကြမ်း၏ ကန့်သတ်ချက်များအတွက် တိကျသည့် ဆုံးဖြတ်ချက်များ လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လက်ရှိ မြန်မာနိုင်ငံ၏ ကွန်ဒိုဥပဒေ မူကြမ်းအပေါ် မတူညီသော အမြင်များကြောင့် မကြာခဏ တိုင်ပင်ဆွေးနွေးနေရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ အနေနှင့် မြေနှင့် အဆောက်အအုံ စသည့် မရွှေ့ပြောင်းနိုင်သော အဆောက်အအုံများ ဝယ်ယူနိုင်မှု မရှိစေရန် မရွှေ့ပြောင်းနိုင်သော ပစ္စည်းဝယ်ယူခွင့် အက်ဥပဒေကို ပြဋ္ဌာန်းထားသည်။ယနေ့ခေတ်တွင် နိုင်ငံခြားသားတစ်ယောက် အနေဖြင့် ကွန်ဒိုအဆောက်အအုံ ပိုင်ဆိုင်ခွင့်သည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက အချက်တစ်ခု ဖြစ်လာခဲ့ပြီး လက်ရှိကွန်ဒိုမီနီယံ ဥပဒေမူကြမ်းတွင်လည်း နိုင်ငံခြားသားတစ်ယောက် အနေဖြင့် ခြောက်လွှာနှင့် အထက်ပိုင်းရှိ အခန်းများကို ဝယ်ယူနိုနိုင်ပြီး ထိုသို့ ပိုင်ဆိုင်မှုသည် အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ အထိ ပိုင်ဆိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ကွန်ဒိုမီနီယံဥပဒေက ကောင်းမွန်တဲ့ အလားအလာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူနိုင်ခွင့်ကတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်ကိုပါ အထောက်အပံ့ ဖြစ်နိုင်မှာပါ။ ပျော့ပျောင်းတဲ့ ကန့်သက်ချက်တွေ ရှိနေဖို့ လိုအပ်ပြီး ဖယ်ရှားဖို့လောက် အထိတော့ မလိုအပ်ပါဘူး။ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူ နေထိုင်နိုင်ပါတယ်” ဟု House.com.mm မှ မန်နေးဂျင်းဒါရိုက်တာ Jan Sommerfeld က ဆိုသည်။အဆိုပါ အချက်များအပြင် ကွန်ဒိုမီနီယံ ဥပဒေနှင့် ပတ်သက်ပြီး တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အချက်အလက်များကို လူထုအကြားတွင် ဆွေးနွေးတိုင်ပင်ခြင်းများ နည်းပါးနေခြင်းကလည်း အကြောင်းအရာတစ်ခု ဖြစ်နေပြီး အကယ်၍ ကွန်ဒိုမီနီယံဥပဒေ ထွက်လာခဲ့ပါက ကွန်ဒိုဆောက်လုပ်သူ လုပ်ငန်းရှင်များ အနေနှင့် နိုင်ငံခြားသားများအား ရောင်းချနိုင်မှသာလျှင် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေနှင့် စိတ်ကျေနပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“ကွန်ဒိုမီနီယံဥပဒေ ကန့်သတ်ချက် တချို့ကို ပြန်လည်စဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာ မြေအကျယ် တစ်ဧကရှိမှ ကွန်ဒိုဆောက်လို့ရမယ် ဆိုတာမျိုးပေါ့။ လက်ရှိ တစ်ဧကမရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကွန်ဒိုအချို့ ရှိပါတယ်။ ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ နိုင်ငံခြားသား ကွန်ဒိုပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ကတော့ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ တခြားအိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒီလိုပဲ နိုင်ငံခြားသားတွေ ကွန်ဒိုဝယ်ယူခွင့် ရှိတာပဲ” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ ဥက္ကဋ္ဌက ဆိုသည်။စုပေါင်းပိုင် အဆောက်အအုံဥပဒေ (Condominium Law) သာ အတည်ပြု ပြဋ္ဌာန်းလိုက်ပါက ရန်ကုန်မြို့၏ အဆောက်အအုံဈေးများ နှစ်ဆခန့် မြင့်တက်လာနိုင်သဖြင့် အမြဲတမ်းနေထိုင်ခွင့် ရရှိသူ နိုင်ငံခြားသားများကိုသာ ဝယ်ယူခွင့် ပြုသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။ကွန်ဒိုမီနီယံ တိုက်ခန်းများကို နိုင်ငံခြားသားများ ရာခိုင်နှုန်း ၄၀ အထိ ပိုင်ဆိုင်ခွင့်ပေးရန် ဆိုသည်မှာ ၁၉၄၇ ခုနှစ် Immovable Properties Act အရလည်း မဖြစ်နိုင်သကဲ့သို့ ပိုင်ဆိုင်ခွင့်ပေးမည် ဆိုပါက မြေဈေး၊ အိမ်ဈေး၊ တိုက်ခန်းဈေးများ ယခုထက် မြင့်တက်လာနိုင်သဖြင့် မဖြစ်သင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြံပေး မြို့ပြစီမံကိန်းပညာရှင် ဦးကျော်လတ်က ပြောကြားသည်။၂၀၁၂ ခုနှစ် သြဂုတ်တွင် ထုတ်ပြန်သည့် Condominium Law တွင် အများစုပေါင်းနေအိမ်ရာ တည်ဆောက်သူသည် ခြောက်လွှာနှင့် ခြောက်လွှာအထက် တိုက်ခန်းများ ရာခိုင်နှုန်း ၄၀ အထိ နိုင်ငံခြားသားများကို ပိုင်ဆိုင်ခွင့် လွဲပြောင်းရောင်းချနိုင်သည်” ဟု ဖော်ပြထားကြောင်း သိရသည်။ ထိုအချက်ကို လုပ်ငန်းရှင်များက အဓိက အားပြုနေပြီး နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုပါက ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများ နှစ်ဆခန့် မြင့်တက်လာနိုင်သဖြင့် ယင်းဥပဒေပါ နိုင်ငံခြားသားများအား ဝယ်ယူခွင့် ပြုထားမှုကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့သဖြင့် အဆိုပါ Condominium Law ပြဋ္ဌာန်းပြီးနောက် နည်းဥပဒေများ ဆက်လက်ထွက်ပေါ်လာမှုမှာ သုံးနှစ်ခန့် နှောင့်နှေးခဲ့သော်လည်း လက်ရှိအချိန်တွင် ကန့်ကွက်မှုများ ရှုံးနိမ့်ခဲ့ပြီး Condominium Law အား ပြဋ္ဌာန်းတော့မည်ဖြစ်ကြောင်း ဒေါက်တာကျော်လတ်က ပြောကြားသည်။“တကယ်လို့သာ နိုင်ငံခြားသားတွေက လာပြီး ဝယ်ခွင့်ရှိတယ်ဆိုရင် မြေဈေးတွေ တက်သွားမယ်။ မြန်မာပြည်မှာ အဲဒီကိစ္စ လုပ်လို့ရှိရင် မြေဈေး၊ အိမ်၊ ဈေး တိုက်ခန်းဈေးတွေ တက်ပြီ။ အခု ရန်ကုန်မြို့မှာ သိန်း ၅၀၀၀ ရှိရင် ကွန်ဒိုမီနီယံ ကောင်းကောင်း ဝယ်လို့ရတယ်။ နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ပေးခဲ့တဲ့ စင်ကာပူမှာဆိုရင် ဒီမှာ သိန်း ၅၀၀၀ လောက်တန်တဲ့ တိုက်ခန်းက ဒေါ်လာခြောက်သန်းလောက် ကျတယ်။ ဒီမှာက သိန်း ၅၀၀၀ ဆိုတော့ ၁၀ ဆလောက် ရှိတယ်။ အဲဒီလိုသာ ဝယ်ခွင့်ရှိမယ်ဆိုရင် အခု သိန်း ၅၀၀၀ ဆိုတာတွေ သိန်းတစ်သောင်း ဖြစ်သွားမယ်။ ကျန်တဲ့ဟာတွေ အောက်ကဟာတွေ အကုန်လုံး လိုက်တက်မယ်။ သို့သော် အဲဒီကိစ္စမှာ ကျွန်တော်တို့ တိုက်ပွဲက တို့ရှုံးတော့မယ်။ မကြာခင်မှာ ဒီဥပဒေ အတည်ပြု ပြဋ္ဌာန်းတော့မယ်။ နီးစပ်လာပြီ” ဟု ဒေါက်တာကျော်လတ်က ပြောကြားသည်။ကွန်ဒိုမီနီယံ ဥပဒေ ဆိုသည်မှာ အခန်းကို ပိုင်ဆိုင်စီမံခန့်ခွဲခွင့်နှင့် အများပိုင် အသုံးပြုနေသည့် နေရာများအတွက် ရန်ပုံငွေထား စီမံခန့်ခွဲခြင်းသာဖြစ်ကြောင်းလည်း ဒေါက်တာကျော်လတ်က ပြောကြားသည်။ထိုသို့ Condominium Law အရ ကွန်ဒိုတိုက်ခန်း တစ်ခုလျှင် နိုင်ငံခြားသားများက ရာခိုင်နှုန်း ၄၀ အထိ ဝယ်ယူနိုင်မည် ဖြစ်သဖြင့် ဈေးနှုန်းများ မြင့်တက်မှုကို ကာကွယ်ရန် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးမည့် နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် (PR) ရရှိသူ နိုင်ငံခြားသားများကိုသာ ဝယ်ယူခွင့်ပြုသင့်ကြောင်း ဒေါက်တာကျော်လတ်က ထပ်ဆင့်ပြောကြားသည်။“ဟိုတစ်လောတုန်းက Condominium Law ကို အတည်ပြု ပြဋ္ဌာန်းလိုက်တယ် ဆိုပြီး သတင်းထွက်လာတုန်းက ကွန်ဒိုဈေးနှုန်းတွေ ရာခိုင်နှုန်း ၃၀ လောက် မြင့်တက်သွားတာ ပြန်မကျတော့ဘူး။ ဒီဥပဒေမှာလည်း နိုင်ငံခြားသားတိုင်းက ဝယ်ယူခွင့် ရရှိနေတယ်ဆိုတဲ့ အစား မြန်မာနိုင်ငံတွင်းမှာ နေထိုင်ခွင့်ရတဲ့ နိုင်ငံခြားသားတွေပဲ ကွန်ဒိုတွေ ဝယ်ခွင့်ရရှိသင့်တယ်လို့ ဖြစ်သင့်တယ်” ဟု ဒေါက်တာကျော်လတ်က ဆက်လက်သုံးသပ်သည်။

Most Read

Most Recent