ဒေါ်အောင်ဆန်းစုကြည် ၇၀ ပြည့်နှစ်မွေးနေ့ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ၇၀ ပြည့်နှစ်မွေးနေ့ ကျင်းပ
Published 19 June 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၀ပြည့်နှစ် မွေးနေ့အခမ်းအနားကို နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီရုံးခန်းတွင် ယနေ့ ဇွန် ၁၉ရက်တွင် ပြုလုပ်ခဲ့သည်။ 
 

 
တရားဥပေဒစိုမိုးရေးနှင့်ပတ်သက်ပြီး ဆုတောင်းစကားပြောရာတွင် “Rule of Law ဆိုတာ အစကတည်းက အမေတို့ ၂၀၁၂ကတည်းက ပြောပြီးသားပဲ။ ဒီနိုင်ငံ တည်ငြိမ်ရေးအတွက် အင်မတန်မှလိုအပ်တဲ့ ကိစ္စဖြစ်တယ်။ အဲတော့ မကြာမီကာလအတွင်း ဥပဒေစိုးမိုးရေး ဒီနိုင်ငံမှာရှိနိုင်ပါစေလို့ ဆုတောင်းရမှာပေါ့””ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 

 
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၀ ပြည့်နှစ်အခမ်းအနားကို ဇွန်လ ၂၁ ရက်တွင်လည်း ကျင်းပသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၀ ပြည့်နှစ် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပနေမှုအား ပြည်သူများကြည့်ရှုနိုင်ရန်အတွက် အခမ်းအနားကျင်းပရာနေရာအနီးရှိ တော်ဝင်နှင်းဆီဝင်းအတွင်းနှင့် ရွှေဂုံတိုင်လမ်းမကြီးတွင် LED ဘုတ်များထားရှိ၍ တိုက်ရိုက်ပြသပေးသွားမည်ဖြစ်ပြီး အလှူရှင်များက စတုဒိသာများဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
 

 

 

Most Read

Most Recent