ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ သာ တိုင်းပြည်ငွေစာရင်းသို့ ဝင်ရောက်လာဟု ဗဟိုဘဏ် ဒါရိုက်တာ ပြောကြား

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ သာ တိုင်းပြည်ငွေစာရင်းသို့ ဝင်ရောက်လာဟု ဗဟိုဘဏ် ဒါရိုက်တာ ပြောကြား
Published 30 December 2014
ဇော်ဝေ၊ သန်းထိုက်အောင်

မြန်မာနိုင်ငံ ပို့ကုန်ရငွေ (Export Earnings) ၏ ရာခိုင်နှုန်း ၄ဝ သာ တိုင်းပြည်ငွေစာရင်းသို့ ဝင်ရောက်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးမော်သန်းက ဒီဇင်ဘာ ၂၅ ရက်တွင် ပြုလုပ်သည့် Foreign Exchange Management Law and Regulations ဆွေးနွေးပွဲ၌ ပြောကြားသည်။“ဒီနေရာမှာတော့ ကျွန်တော် မြန်မာနိုင်ငံရဲ့ Text Book မှာလည်း Board of Member မှာ ပါပါတယ်။ Text Book မှာ မြန်မာနိုင်ငံရဲ့ Export Earnings က သုံးပုံတစ်ပုံပဲ ရှိတယ်။ သုံးပုံနှစ်ပုံလောက်က Informal လို့ ပြောမလား။ Underground လို့ ပြောမလား။ Export Earnings က ရာခိုင်နှုန်း ၄ဝ လောက်ပဲ တိုင်းပြည်ရဲ့ စာရင်းထဲ ဝင်တယ်။ ကျန်တဲ့ဟာတွေက စာရင်းထဲမဝင်ဘူး။ ကျွန်တော် ပြောချင်တာက ဗဟိုဘဏ်က ဒီကိစ္စကိုလုပ်ဖို့ လိုပါတယ်။ အခုအချိန်မှာ အထဲမဝင်တဲ့ Earnings တွေကို အထဲဝင်အောင် လုပ်နိုင်ဖို့က အဓိကလို့ပဲ မြင်ပါတယ်” ဟု ဦးမော်သန်းက ပြောကြားသည်။ဘဏ်စနစ် မဖွံ့ဖြိုးသေးခြင်းနှင့် ဗဟိုဘဏ်သို့ အစီရင်ခံခြင်း မရှိသည့် ငွေစာရင်းများမှတစ်ဆင့် ငွေကြေးခဝါချမှုနှင့် ပတ်သက်ဆက်နွှယ်မှုများ ရှိလာနိုင်ပြီး ဖွံ့ဖြိုးစ မြန်မာနိုင်ငံအတွက် အန္တရာယ် များပြားလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးတို့မှ ဆောင်ရွက်နေပြီး ပင်လယ်ရေကြောင်းမှ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းမှု များပြားနေသော်လည်း နယ်စပ်ကုန်သွယ်မှုတွင်မူ သွင်းကုန်တင်သွင်းမှုထက် ပို့ကုန်တင်ပို့မှုက များပြားနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရရှိသော ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမဝင် ကုန်သွယ်မှု ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း တရားမဝင်ကုန်သွယ်မှုများ ရှိနေဆဲဖြစ်ပြီး တာဝန်ရှိသူများက စစ်ဆေးအရေးယူမှုများ၊ ပညာပေးအသိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ရှစ်ဘီလျံကျော် ရရှိထားကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent