ထိုင်း၏ သေနတ်ထိန်းချုပ်ရေး ပြဿနာ

ထိုင်း၏ သေနတ်ထိန်းချုပ်ရေး ပြဿနာ
Published 6 October 2023
■ မေသုတ

သံသယရှိသူ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက ဘန်ကောက်ရှော့ပင်းမောတစ်ခုတွင် လူသေဆုံးမှုများရှိခဲ့သော ပစ်ခတ်မှုဖြစ်စဉ်သည် ရဲတပ်ဖွဲ့က မှောင်ခိုစျေးကွက်တွင် လက်နက်များကို ရောင်းချခြင်းနှင့်လွှမ်းမိုးမှုရှိသော အကြောင်းအရာများတွင်အပါအဝင်ဖြစ်သော လက်နက်များကို သဘောကျနှစ် သက်သည့် လူငယ်ယဉ်ကျေးမှုတစ်ရပ်နှင့်အတူထိုင်းနိုင်ငံ၏သေနတ်အကြမ်းဖက်မှုပြဿနာများကို  တစ်ဖန်ထုတ်ဖော်ပြသခဲ့ခြင်းဖြစ် သည်။

အောက်တိုဘာ ၃ ရက်က ဘန်ကောက် မြို့တော်ရှိ Siam Paragon ရှော့ပင်းမောတွင် ပစ်ခတ်မှုဖြစ်စဉ်၌ လူနှစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  အထိတ်တလန့်ဖြစ်ခဲ့ကြသော စျေးဝယ်သူ များသည် လမ်းများအတွင်းသို့ ထွက်ပြေးခဲ့ကြ သည်။

အောက်တိုဘာ ၆ ရက်သည်ရဲအရာရှိဟောင်းတစ်ဦးက ဓားတစ်ချောင်းနှင့်သေနတ် တစ်လက်ကို အသုံးပြု၍ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ် နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ထိုရဲအရာရှိ ဟောင်းသည်အစိုးရ၏စီမံချက်အောက်တွင် သေနတ်ကို တရားဝင်ဝယ်ယူပိုင်ဆိုင်ထားသူ ဖြစ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နေ့ကလေး ထိန်းကျောင်းတွင် ၎င်း၏တိုက်ခိုက်မှုကြောင့် ကလေး ၂၄ ဦးနှင့် အရွယ်ရောက်ပြီးသူ ၁၂ ဦးသေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းလုံးကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး အစိုးရက သေ နတ်ကိုင်ဆောင်မှုကို ထိန်းချုပ်မည်ဟုကတိ ပြုပြောကြားခဲ့သော်လည်း ထိုင်းမီဒီယာတွင် အပတ်စဉ်နီးပါးလိုလို ပစ်ခတ်မှုသတင်းများ ဖြင့် ပြည့်နှက်လျှက်ရှိသည်။

ရှော့ပင်းမော ပစ်ခတ်မှုမဖြစ်မီကတည်းကပင် ပြည်ထဲရေးဝန်ကြီးသစ် အနူတင်ချန် ဗီရာကူလ်က လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်များအပေါ် ပိုမိုကန့်သတ်တင်းကျပ်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပြီးအမျိုးသား ရဲတပ်ဖွဲ့အကြီးအကဲ တော်ဆက်ဆွတ်ဝီမိုလ်က စိတ်ကျန်းမာရေးစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်ရန် အောက်တိုဘာ ၃ရက် တွင် တောင်းဆိုခဲ့သည်။

သို့သော် ယခင်က အလားတူကတိကဝတ်များသည် အချည်းနှီးသာဖြစ်ခဲ့ပြီးကျွမ်း ကျင်သူများက ထိရောက်မှုရှိသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဆိုသည့်အပေါ် အယုံအကြည်ကင်းမဲ့လျက်ရှိသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်း သေနတ်ကိုင်ဆောင်မှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး လက်နက်အရေအတွက် ၁၀ သန်း ပျံ့နှံ့ရောက်ရှိနေကာ ထိုင်းနိုင်ငံသားခုနစ်ဦးတွင် ပျမ်းမျှတစ်ဦး၌ သေနတ်ပိုင်ဆိုင်သည်ဟု gunpolicy.org ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၀၀ နီးပါး ရှိပြီး ၂၀၁၉ ခုနှစ်သည် အချက်အလက်ရရှိထားသော နောက်ဆုံးနှစ်ဖြစ်ပြီး လူဦးရေ ၄၀ ရာခိုင်နှုန်းနီးပါး ပိုမိုများပြားသည့် အိမ်နီးချင်း ဗီယက်နမ်နိုင်ငံတွင်မူ ၂၀၁၉ ခုနှစ်၌သေနတ် ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၃၀ ဝန်းကျင်သာရှိသည်။

ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသုတေသ နဌာနမှ ဘွန်ဝါရာဆူမာနိုက အသက်ငယ် ရွယ်စဉ်ကတည်းက သေနတ်များကိုစွဲလမ်း သဘောကျသည့် ယဉ်ကျေးမှုစံနှုန်းများကို ထောက်ပြခဲ့သည်။

ဘန်ကောက်ရှော့ပင်းမော ပစ်ခတ်မှု တွင် အသုံးပြုခဲ့သည့် လက်နက်သည်အန္တ ရာယ်မရှိသည့် သေနတ်ပစ်လေ့ကျင့်ရေး ပစ္စ တို တစ်လက်ဖြစ်သော်လည်း   ကျည်အစစ်များ အသုံးပြုပစ်ခတ်ရန်အတွက်  သေနတ်ပြောင်း ကို အဆင့်မြှင့်တင်မွမ်းမံထားခဲ့ကြောင်းရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။

“ထိုင်းလူ့အဖွဲ့အစည်းမှာ သင့်အနေနဲ့  ကြံ့ခိုင်သန်မာပြီး၊ အင်အားကြီးမားတဲ့ပုံစံ မျိုးပေါ်ချင်တယ်ဆိုရင် သေနတ်က ဒီအချက် တွေကို ပြသတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်”ဟု ဘွန်ဝါရာက ပြောကြားခဲ့သည်။

စျေးပေါသောသေနတ်အစီအစဉ်

ထိုင်းနိုင်ငံသည် လက်နက်တင်သွင်းမှု ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားပြီး ကုန်  သည်များက နှစ်စဉ်အသေးစားကန့်သတ်ပမာ ဏတစ်ခုထားရှိကာ စျေးနှုန်းကြီးမြင့်မှုဖြင့် တင်းကျပ်ထားသည်။

သေနတ်တစ်လက်ကို တရားဝင်ဝယ်ယူ လိုလျှင် ဝယ်ယူသူများအနေဖြင့်အသက် ၂၀ အထက်ရှိရမည်ဖြစ်ကာ နောက်ခံအသိုင်းအ ၀ိုင်းစစ်ဆေးခံရမည်ဖြစ်ပြီး မိမိကိုယ်ကိုယ်ခု ခံကာကွယ်ရန် သို့မဟုတ် အမဲလိုက်ရန်စသ ဖြင့် သေနတ်ပိုင်ဆိုင်မှုအတွက် အကြောင်းပြ ချက်တစ်ရပ်ကို ပြောပြရမည်ဖြစ်သည်။

သို့သော်အစိုးရ၏သေနတ်သက်သာ ချောင်ချိရေးအစီအစဉ်ဟုခေါ်သော စီမံချက် သည် နိုင်ငံအတွင်း သေနတ်အလက်ပေါင်း သန်းချီ ပျံ့နှံ့ ရောက်ရှိနေပြီး အထူးသဖြင့်အ မေရိကန်နိုင်ငံမှ ဖြစ်သည်။

“တကယ့်ပြဿနာကတော့ သေနတ် သက်သာချောင်ချိရေးအစီအစဉ်ပဲ ဖြစ်ပါ တယ်”ဟု လက်နက်ငယ်များပြန့်ပွားမှုနှင့်အ ကျင့်ပျက်ခြစားမှုအပေါ် အာရုံစိုက်လေ့လာ နေသည့် လွတ်လပ်သောသုတေသီတစ်ဦးဖြစ် သူ မိုက်ကယ်ပီကဒ်က အေအက်ဖ်ပီသတင်း ကို ပြောကြားခဲ့သည်။

ယင်းစီမံချက်အောက်တွင် အစိုးရဝန် ထမ်းများကို ကိုယ်ပိုင်သေနတ်များဝယ်ယူရန် လျှော့စျေးရရှိပြီး အရပ်သားလိုင်စင်လုပ်ငန်း စဉ်များကို ကျော်ဖြတ်ရမည့်အစား၎င်းင်းတို့၏အေဂျင်စီများမှ တစ်ဆင့်သေနတ်များကို တိုက်ရိုက်ဝယ်ယူခွင့်ရရှိသည်။

တစ်ဦးချင်းအတွက် သေနတ်နှင့်ကျည် ဆံဝယ်ယူခွင့်ကို ကန့်သတ်ထားသော်လည်း သက်သာချောင်ချိရေးအစီအစဉ်အောက်၌ ကန့်သတ်ချက်များမရှိပေ။

 “အချို့ရဲတွေက သူတို့လျှော့စျေးနဲ့ဝယ် ထားတဲ့ သေနတ်တွေကို အကျိုးအမြတ်အ တွက် မှောင်ခိုစျေးကွက်မှာ ရောင်းချနေတာ ကြောင့် အန္တရာယ်ရှိတဲ့အခြေအနေကိုဦး တည်နေပါတယ်”ဟု ပီကဒ်ကဆိုသည်။

လက်နက်များကို ပုဂ္ဂလိက ကဏ္ဍမှ ဝယ် ယူမှုသည် ဘတ် ၁၀၀၀၀၀ ခန့် ကုန်ကျမည် ဖြစ်ပြီး သက်သာချောင်ချိရေးအစီအစဉ်ဖြင့် ဝယ်ယူမည်ဆိုပါက ဘတ် ၃၀၀၀၀ မှ ဘတ် ၄၀၀၀၀ ခန့်သာ ကုန်ကျမည်ဖြစ်သည်။

ရဲအရာရှိအများစုသည် အစိုးရက တ ရားဝင်ထုတ်ပေးထားသည့် သေနတ်များ ပျက်စီး သို့မဟုတ် ပျောက်ဆုံးပါက ဒဏ်ငွေ  အများအပြား ချမှတ်ခံရမည့် အခြေအနေကို ရှောင်လွှဲရန်အတွက် ကိုယ်ပိုင်သေနတ်များ ဝယ်ယူအသုံးပြုခဲ့ကြသည်။

သေနတ်များက အနိုင်ရရှိခြင်း

နေ့ကလေးထိန်းကျောင်းတွင် ပစ်ခတ်မှု  ဖြစ်ပွားခဲ့ပြီးနောက် စိတ်ကျန်းမာရေးကို ပုံမှန် စစ်ဆေးမှုနှင့် လိုင်စင်ကန့်သတ်ချက်များကို တင်းကျပ်မှုအပါအဝင် သေနတ်ကိုင်ဆောင် မှုဆိုင်ရာ အပြောင်းအလဲများပြုလုပ်မည်ဆို သည့် ကတိသည် အကောင်အထည်ပေါ်လာ ခဲ့ခြင်းမရှိပေ။

ရဲအရာရှိများသည် ရဲတပ်ဖွဲ့သို့ မဝင် ရောက်မီ စိတ်ကျန်းမာရေးစစ်ဆေးမှုများ ခံ ယူရမည်ဖြစ်သော်လည်း ရဲတပ်ဖွဲ့သို့ ဝင် ရောက်ပြီးနောက်ပိုင်းတွင်မူ စိတ်ကျန်းမာရေး စစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်လေ့မရှိခဲ့ ပေ။

ရဲအရာရှိများအနေနှင့် ၎င်းင်းတို့၏ သေ နတ်များ ပြန်သိမ်းခံရမှုဖြစ်စဉ်သည် ကြုံ တောင့်ကြုံခဲဖြစ်သည်ဟု ရဲအရာရှိဟောင်း တစ်ဦးဖြစ်သူ ခရစ်ဆန်နာပွန် ဖြူထာကူလ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ သည်။

နေ့ကလေးထိန်းကျောင်းကို တိုက်ခိုက်ခဲ့ သည့် ရဲအရာရှိဟောင်း ပန်ယာ ခမ်ရက်ဘ် သည် တရားမဝင်ဝယ်ယူခဲ့သည့် သေနတ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုအချိန်က ရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။ သူသည် မူးယစ် ဆေးဝါးမှုဖြင့် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည့် တိုင် ၎င်းင်း၏သေနတ်ကို ပြန်လည်သိမ်းယူခြင်း မရှိခဲ့ပေ။

စစ်အာဏာသိမ်းမှုများ မကြာခဏဖြစ် ပွားမှု အောက်ခြေက လှိုက်စားနေသည့် နိုင်ငံ တွင် ပြည်သူများသည် လုံခြုံရေးအတွက် တ ရားဝင် သို့မဟုတ် တရားမဝင်သည့် နည်းလမ်း ကို ရွေးချယ်ခဲ့ကြသည်ဟု သုတေသီတစ်ဦး ဖြစ်သူ ဘွန်ဝါရာက ပြောကြားခဲ့သည်။

“နောက်ဆုံးတော့ သေနတ်တွေကပဲ အနိုင်ရသွားတဲ့ပုံပါပဲ”ဟု ၎င်းင်းက ပြောကြားခဲ့ သည်။          

Ref: AFP           

Most Read

Most Recent