ဥရောပပါလီမန်  အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများ တွေ့ဆုံပွဲသို့ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး တက်ရောက်

ဥရောပပါလီမန်  အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် ဥရောပသမဂ္ဂဆိုင်ရာ အာဆီယံသံအမတ်ကြီးများ တွေ့ဆုံပွဲသို့ အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး တက်ရောက်
Published 16 September 2023

ပြင်သစ်နိုင်ငံ၊ စထရာဘုဂ်မြို့ရှိ ဥရောပ ပါလီမန်ဌာနချုပ်၌ ဥရောပပါလီမန်၊ အရှေ့ တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံ ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့(DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပသမဂ္ဂ ဆိုင်ရာ အာဆီယံသံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာစားပွဲကို စက် တင်ဘာ ၁၃ ရက်ကကျင်းပရာ မြန်မာသံရုံး ဘရပ်ဆဲလ်မြို့မှ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦး ဆောင် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါအလုပ်သဘောနေ့လယ်စာ စားပွဲတွင် DASE  ၏ဥက္ကဋ္ဌ Mr. Daniel Caspary က အမှာစကားပြောကြားရာ၌ ပြီးခဲ့ သည့် သြဂုတ်လအတွင်းက EU ပါလီမန်၏ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံခြားရေးဆိုင်ရာအမတ်များကို ဦးဆောင် ၍ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့သို့သွား ရောက်ခဲ့ကြောင်း၊ ခရီးစဉ်တွင် ပါရှိလာသည့် ပါလီမန်အမတ်များအနက် ယင်းနိုင်ငံများသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်သည့် အမတ်များ၏ ဒေသမြေပြင် အခြေအနေကို နားလည်သဘောပေါက်မှုမှာ ခရီးစဉ်အပြီး တွင် များစွာတိုးတက်ပြောင်းလဲလာပါ ကြောင်း၊ သို့ဖြစ်ပါ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ များရှိ ပါလီမန်များအနေဖြင့် EU ပါလီမန်၏ အခြားဘာသာရပ်ဆိုင်ရာ ကော်မတီများကို တရားဝင်ခရီးစဉ်များ ဖိတ်ကြားလိုပါက မိမိ တို့ EU အနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ABC အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် မြန်မာသံအမတ်ကြီးက အမှာစကား ပြောကြားရာ၌ အာဆီယံနှင့် ဥရောပဒေသ နှစ်ခုစလုံး၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ဒေသ နှစ်ခုအကြား မဟာဗျူဟာမြောက် မိတ် ဖက်ဆက်ဆံရေးဆိုင်ရာ ဘုံမျှော်မှန်းချက် အတွက် အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုမျိုးလိုအပ်နေချိန်တွင် ယခုကဲ့ သို့ ABC နှင့်  DASE အကြား ရင်းနှီးပွင့်လင်း စွာ တွေ့ဆုံခြင်းသည် အချိန်အခါနှင့် ကိုက်ညီဆီလျော်မှုရှိသည့် တွေ့ဆုံမှုဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်မှာ တက်ရောက်လာသူများက အာဆီယံ၏ အင်ဒို-ပစိဖိတ်အမျှော်အမြင် ((ASEAN Outlook on the Indo-Pacific - AOIP))၊ ဥ ရောပသမဂ္ဂ၏ အင်ဒို-ပစိဖိတ် မဟာဗျူ ဟာ တို့နှင့်စပ်လျဉ်း၍ အယူအဆများအား ဖလှယ် ခြင်းဖြင့် ဒေသနှစ်ခုအကြား အပြန်အလှန် နားလည်သဘောပေါက်မှု တိုးမြင့်လာစေ ရန်ဖြစ်ကြောင်း၊ အင်ဒို-ပစိဖိတ်သမုဒ္ဒရာ ဒေသကို အင်အားကြီးနိုင်ငံများအတွက် အားပြိုင်စရာ ရပ်ဝန်းတစ်ခု ဖြစ်မလာစေရေး နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်း ရေးသည် ဒေသတွင်းနိုင်ငံများ၏ အဓိကတာ ဝန်ဖြစ်သည်ဟုရှုမြင်ကြောင်း၊ သို့ဖြစ်ရာ အင် ဒို-ပစိဖိတ် ဒေသတွင်း မိတ်ဖက်နိုင်ငံ များ အနေဖြင့် အာဆီယံ၏ အချက်အချာကျမှုကို အလေးထားရန် အရေးကြီးပါကြောင်း၊ တစ်နည်းအားဖြင့် AOIP နှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာတို့အကောင်အထည်ပေါ်လာ စေရန်အတွက် အာဆီယံကို ဗဟိုပြုသော ပူး ပေါင်းဆောင်ရွက်မှုပြုရန် အရေးကြီးကြောင်း၊ ယခုတွေ့ဆုံမှုသည် အဆိုပါမဟာဗျူဟာ နှစ် ရပ် အကောင်အထည်ပေါ်လာစေရေးနှင့်စပ် လျဉ်းသော ကိစ္စရပ်များတွင် တစ်ဖက်၏ ရပ် တည်ချက်ကို အခြားတစ်ဖက်က ပိုမိုထဲ ထဲဝင် ဝင် နားလည်သဘောပေါက်လာစေရန် အခွင့် အလမ်းတစ်ရပ်ဖြစ်လာမည်ဟု မျှော်လင့် ကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာသံအမတ်ကြီးသည် ဥရောပပါလီမန်၏ ဖိတ်ကြားမှုအရ စက်တင် ဘာ ၁၃ ရက်နံနက်ပိုင်းတွင် ဥရောပပါလီမန် ဌာနချုပ်၌ ကျင်းပသည့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Mrs. Ursula von der Leyen က ဥရောပသမဂ္ဂ၏ လတ်တလောနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် ဦးစားပေးကိစ္စ ရပ် များကို ဥရောပပါလီမန် စုံညီအစည်း အဝေး၌ တင်ပြရှင်းလင်းသည့် အခြေပြမိန့် ခွန်းပြော ကြားမှု (State of the Union) အခမ်း အနား သို့လည်း အာဆီယံသံအမတ်ကြီးများ ကို  ဦး ဆောင်၍တက်ရောက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent