မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို နေပြည်တော်ကောင်စီရုံးတွင် ပြုလုပ် 

မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို နေပြည်တော်ကောင်စီရုံးတွင် ပြုလုပ် 
Published 12 September 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို စက်တင်ဘာ ၁၁ ရက်က နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

အခမ်းအနားတွင် မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့်အရာထမ်း၊ အမှုထမ်းများမဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Myanmar Electronic Voting Machine (MEVM) စက်ကို ပြည်တွင်း နည်းပညာရှင်များက မြန်မာနိုင်ငံ အခြေအနေနှင့်လျော်ညီစွာ တည်ဆောက်ထားခြင်းဖြစ်ရာ အသုံးပြုသူမဲဆန္ဒရှင်များအနေဖြင့် လွယ်ကူရိုးရှင်းစွာ မဲပေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၌ မဲဆန္ဒရှင်အသိပညာပေးအနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများတွင်လည်း စမ်းသပ်မဲပေးခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ မဲပေးဆောင်ရွက်နိုင်ခဲ့ကြပြီး စက်နှင့်စပ်လျဉ်း၍ ချွတ်ယွင်းချက်တစ်စုံတစ်ရာမျှ ပေါ်ပေါက်ခဲ့ခြင်းမျိုးမရှိကြောင်း UEC က ထုတ်ပြန်ထားသည်။ 

Most Read

Most Recent