အယ်နီညိုရာသီဥတုဖြစ်စဉ်များနှင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာအခြေအနေ

အယ်နီညိုရာသီဥတုဖြစ်စဉ်များနှင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာအခြေအနေ
ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) တွင် တစ်ဦးလျှင် ဆန်ချောတစ်အိတ်၊ ဆန်ကြမ်းတစ်အိတ် လျှော့ဈေးဖြင့် ရောင်းချပေးနေသည်ကို သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) တွင် တစ်ဦးလျှင် ဆန်ချောတစ်အိတ်၊ ဆန်ကြမ်းတစ်အိတ် လျှော့ဈေးဖြင့် ရောင်းချပေးနေသည်ကို သြဂုတ် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 27 August 2023

လာမည့်လများအတွင်း အယ်နီညိုရာသီ ဖြစ်စဉ်ဖြစ်လာနိုင်ခြေ မြင့်တက်လာသည်ဟု ကုလသမဂ္ဂက မေ ၃ ရက်တွင် သတိပေးခဲ့ ပြီး ကမ္ဘာလုံးဆိုင်ရာ အပူချိန်များသည် စံချိန် အသစ်များအထိ ရောက်ရှိလာနိုင်သည့်အ လားအလာကို မြင့်တက်စေခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် အယ်နီညိုရာသီ ဥတုဖြစ်စဉ်ဖြစ်လာနိုင်ခြေရာခိုင်နှုန်း ၆ဝအ ထိရှိနေပြီး စက်တင်ဘာလကုန်ပိုင်းတွင်မူ ရာခိုင်နှုန်း ၈၀ အထိရှိသည်ဟုခန့်မှန်းရ ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသ အဖွဲ့ - WMO က ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင်အပူချိန်များကို မြင့် တက်စေပြီး ကမ္ဘာ၏အချို့နေရာဒေသများ တွင် မိုးခေါင်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု များကိုဖြစ်စေသည့် အစွန်းရောက်ရာသီ ဥတုဖြစ်စဉ်ဖြစ်သည့် အယ်နီညိုသည် ၂၀၁၈ -၂၀၁၉ ခုနှစ်က နောက်ဆုံးအကြိမ်ဖြစ်ပွား ခဲ့သည်။

“ကမ္ဘာလုံးကြီးအနေနဲ့ အယ်နီညိုရာ သီ ဥတုဖြစ်စဉ်ဖြစ်ပွားမှုအတွက် ကြိုတင်ပြင် ဆင်ထားသင့်ပါတယ်” ဟု WMO အကြီးအကဲ တားလက်စ်က ပြောကြားခဲ့သည်။

အယ်နီညိုရာသီဥတုဖြစ်ထွန်းပြီး မိုးရေ ချိန် လျော့နည်းနိုင်ခြေရှိတာကြောင့် ကမ္ဘာ့ ဆန်တင်ပို့မှု ဒုတိယအများဆုံးဖြစ်သည့် ထိုင်း နိုင်ငံ၌ တောင်သူများအနေဖြင့် ယခုနှစ်တွင်  ယခင်နှစ်များကဲ့သို့ စပါးနှစ်သီးမစိုက်ဘဲ တစ် သီးသာ စိုက်ပျိုးကြရန် အစိုးရထံ တောင်းဆို နေကြောင်းလည်း နိုင်ငံတကာသတင်းဌာန များတွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် အယ်နီညိုဖြစ်စဉ် ကြောင့် စားရေရိက္ခာပြတ်လပ်မှုမကြုံနိုင် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်း မင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ (၂၂) ကြိမ်မြောက် သ တင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“သဘာဝဘေးပေါ့။ ကမ္ဘာ့နိုင်ငံအသီး သီးမှာဆိုရင် အယ်နီညိုနဲ့ ပတ်သက်ပြီး ဒီနှစ် မှာဆိုလို့ရှိရင် သက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကမ္ဘာ့စားရေ ရိက္ခာထုတ်လုပ်မှုတွေထိခိုက်နိုင်တာကို ကျွန်တော်တို့အနေနဲ့လည်းကြို တင်ပြီးတော့ လေ့လာဆန်းစစ်မှုတွေလုပ် ထားတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ စား ရေရိက္ခာလျော့ကျမယ်ဆိုတာကို ခန့်မှန်း ထားတယ်။ သို့သော်လည်း မြန်မာနိုင်ငံအ နေနဲ့ တည်ရှိတဲ့နေရာကတော့ အီကွေတာရဲ့ မြောက်ဘက်ခြမ်းမှာ ရှိတဲ့အတွက်ကြောင့်မို့ လာမယ့် အယ်လ်နီညို စတင်မယ့်ကာလပေါ့။ ကျွန်တော်တို့ခန့်မှန်းတာက အောက်တို ဘာ လို့ ခန့်မှန်းပါတယ်။ ဒီအောက်တိုဘာလ လောက်မှာ အဓိက ကျွန်တော်တင်ပြတဲ့ ဆန် စပါးထုတ်လုပ်မှုဟာ အဲဒီအချိန်မှာတော့ အောက်တိုဘာ၊ နိုဝင်ဘာလလောက်မှာ မိုး စပါးပေါ်မှာပေါ့နော်။ အောက်တိုဘာလ လောက်မှာ အယ်လ်နီညိုစဝင်မှာဖြစ်တော့ ဒီမိုးစပါးကို ထိခိုက်နိုင်ခြေ မရှိဘူးလို့ သုံးသပ် ထားပါတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးမင်း မင်းက ပြောသည်။

မြန်မာနိုင်ငံ၏  စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာကဏ္ဍတွင် ကမ္ဘာ့ဘဏ်၏စစ်တမ်းအရ  စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၊ သက် မွေးဝမ်းကျောင်းနှင့် လူမှုဘဝတည်ငြိမ်မှု အတွက် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ဖြစ်နေဆဲဖြစ်ကြောင်း၊၂၀၂၀ ပြည့် နှစ်မတိုင်ခင်က စိုက်ပျိုးရေးသည် နိုင်ငံ၏ စုစုပေါင်း ထုတ်ကုန်ပမာဏ- GDP နှင့် ကုန် သွယ်ပို့ကုန်ပမာဏ၏ ရာခိုင်နှုန်း ၃၀ နီးပါး ရှိခဲ့ကြောင်း ဖော်ပြထားသည်။ စိုက်ပျိုးရေး ကဏ္ဍသည် နိုင်ငံရှိလုပ် သားဦးရေ၏ ရာခိုင် နှုန်း ၅၀ ခန့်ကို အလုပ် အကိုင် ပေးထားသကဲ့သို့ ကျေးလက်လူဦး ရေ၏ ရာခိုင်နှုန်း ၇၀ ခန့် မှီခို အားထားရာ အဓိကအလုပ်အကိုင်ကဏ္ဍကြီး ဖြစ်သည်။ စိုက်ပျိုးရေး၏ ရှေ့ပြေးနှင့် နောက်ခံ ချိတ်ဆက်နေ မှုများကို ထည့်သွင်းလိုက်ပါက စိုက်ပျိုးစားနပ်ရိက္ခာစနစ်သည် စုစုပေါင်း GDP ၏ ၄၂ ရာခိုင်နှုန်းနှင့် စုစုပေါင်းအလုပ် အကိုင်အရေအတွက်၏ ၅၈ ရာခိုင်နှုန်း ပါဝင် နေသည်။

အဆက်မပြတ်ရင်ဆိုင်ကြုံတွေ့လာရ သည့် အကျပ်အတည်းများကြောင့် စိုက်ပျိုး ရိက္ခာထွက်ကုန်ကဏ္ဍ အထူးသဖြင့်ကျေးလက် ဒေသနေ နွမ်းပါးသော ပြည်သူများ ပြင်းထန် စွာ ထိခိုက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

တစ်ဖက်တွင် လျော့နည်းလာသည့် ဝင် ငွေနှင့် မြင့်တက်လာသည့် ကုန်စျေးနှုန်းများ ကြောင့် စားနပ်ရိက္ခာစျေးနှုန်းများနှင့် ဝယ်ယူ စားသောက်နိုင်စွမ်းကို များစွာထိခိုက်စေ သည်။

အခြားတစ်ဖက်တွင် မြင့်တက်လာသည့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် ဓာတ် မြေသြဇာနှင့် လောင်စာဆီစျေးနှုန်းများက စိုက်ပျိုးကုန်ထုတ်နိုင်မှုအပေါ် ထိခိုက်စေ ခြင်း၊ လယ်သမားများစွာက အရေးကြီးသည့် သွင်းအားစုများ လျှော့ချသုံးစွဲလာရခြင်း၊ အ ချို့သော အခြေအနေများတွင် စိုက်ပျိုးပမာ ဏ လျှော့ချခြင်းတို့ တွေ့ရှိရကြောင်းလည်း   ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ ထား သည်။

ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ် လျက် ရှိသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစျေး ကွက် အတွင်း ဆန်စျေးနှုန်း ဆက်တိုက်မြင့်တက် လျက်ရှိသည်။ အခြားတစ်ဖက်တွင် ဆန်စျေး နှုန်းတည်ငြိမ်စေရေးနှင့် သက်သာ သောစျေး နှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက်  မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်များ ထုတ် ရောင်းလျက်ရှိသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အ နေဖြင့် ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့်  ဧည့်မထ အိတ်ရေ ၅၀၀၀၀ အပြင် ထပ်မံ၍ ဧည့်မထ/ရက် ၉၀ စသည့် ဆန်အိတ် ရေ ၁၀၀၀၀၀ နှင့် ပေါ်ဆန်း မျိုးစုံ အိတ်ရေ ၂၀၀၀၀၊ စုစုပေါင်း ဆန်မျိုးစုံ အိတ်ကြီး (၂၄ ပြည်) အိတ်ရေ ၁၇၀၀၀၀ ကို သြဂုတ် လ အတွင်း စျေးကွက်အတွင်းသို့ ထုတ်၍ ရောင်း ချပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ထပ်မံ၍ ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန် မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆန်စျေးနှုန်း တည်ငြိမ်စေ ရန် ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သြဂုတ် ၇ ရက်က စတင်၍ ရန်ကုန်မြို့ ၀ါး တန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘု ရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူသူများပြား လျက်ရှိကာ ဆက်လက်ရောင်းချပေးနေ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက် လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင် လျှင် ဧည့်မထဆန်အိတ်အကြီး (၅၀) နှုန်း ဖြင့် (နှစ်ပတ်လျှင် တစ်ကြိမ်) စနစ်တကျ စာ ရင်းပြုစုပြီး ဖြန့်ဝေရောင်းချရန်စီစဉ်သွားမည် ဖြစ်ကြောင်း၊ online စနစ်ဖြင့် registration ဆောင်ရွက်ကာ kpay ဖြင့် ငွေပေးချေပြီး delivery အရောက်ပို့စနစ်ကိုပါ စီစဉ် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

၀ါးတန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည် ဒိုင်၊ ဘုရင့်နောင်ပွဲရုံရှိ ဆန်စပါးကုန်စည်ဒိုင် များတွင် ရောင်းချပေးနေသည့် ဆန်စျေးနှုန်း များအနေဖြင့် ရွှေဘိုပေါ်ဆန်းမွှေးများ ၁၀၈ ပေါင် တစ်အိတ် ကျပ် ၁၁၀၀၀၀ မှ ကျပ် ၁၂၀၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်း မွှေးဆန် များ ၁၀၈ ပေါင် တစ်အိတ် ကျပ် ၉၄၀၀၀ မှ ကျပ် ၉၇၀၀၀ ကြား၊ ဧည့်မထ (၁၀  ရာခိုင်နှုန်း) ၁၀၈ ပေါင် တစ်အိတ် ကျပ် ၆၅၀၀၀၊ ဧည့်မထ (၂၅ ရာခိုင်နှုန်း) ၁၀၈ ပေါင် တစ်အိတ် ကျပ် ၆၀၀၀၀ ဖြင့် ရောင်းချ ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆန်ဆိုင် ၄၂ ဆိုင်တွင် ဧည့်မထဆန် တစ်ပြည် ကျပ် ၂၅၀၀ နှုန်းဖြင့် သြဂုတ် ၂၅ ရက်မှ စတင်ရောင်းချ ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ထုတ်ပြန်ထားသည်။

နေ့စဉ် ဆန်ဝယ်ယူသူများအား ကုန်စည် ဒိုင်များတွင် ရောင်းချပေးလျက်ရှိသကဲ့သို့ စက်မှုဇုန်များ၊ စက်ရုံများရှိ ဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအ တွက်လည်း လိုအပ်ချက်အရ တင်ပြလာမှုအ ပေါ် ရောင်းချပေးနေခြင်းဖြစ်သည့်အပြင် လူ နေရပ်ကွက်များအတွင်းသို့ ကားဖြင့် လှည့် လည်၍ ဧည့်မထအမျိုးအစား ဆန်တစ်ပြည် လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးမှုကို လည်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ လူနေရပ်ကွက်နှင့် စျေး များရှိ အောက်ဖော်ပြပါ ဆန်ဆိုင်များတွင် ရောင်းချမည်ဟုသိရသည်။  အဆိုပါဆန်ဆိုင် များမှာ လှိုင်သာယာမြို့နယ်တွင် ခုနစ်ဆိုင်၊ ရွှေပြည်သာမြို့နယ်တွင် လေးဆိုင်၊ တောင်ဒဂုံ မြို့နယ်တွင် လေးဆိုင်၊ မြောက်ဥက္ကလာမြို့ နယ်တွင် ငါးဆိုင်၊ မြောက်ဒဂုံမြို့နယ်တွင် နှစ် ဆိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နှစ်ဆိုင်၊ အရှေ့ ဒဂုံမြို့နယ်တွင် နှစ်ဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ် တွင် နှစ်ဆိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တစ် ဆိုင်၊ သာကေတမြို့နယ်တွင် တစ်ဆိုင်၊ ဒေါပုံ မြို့နယ်တွင် နှစ်ဆိုင်၊ ဒလမြို့နယ်တွင် သုံးဆိုင်၊ ကြည့်မြင်တိုင်မြို့တွင် တစ်ဆိုင်၊ အလုံမြို့နယ် တွင် တစ်ဆိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် တစ်ဆိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် သုံးဆိုင်၊ အင်း စိန်မြို့နယ်တွင် တစ်ဆိုင် စသည့် မြို့နယ် ၁၇ ခုရှိ ဆန်ဆိုင်ပေါင်း ၄၂ ဆိုင်မှတစ်ဆင့် ရောင်း ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ယင်းကဲ့သို့ သက်သာသောစျေးနှုန်းများ ဖြင့် ဆန်ရောင်းချမှုများရှိနေသော်လည်း ပြည်တွင်းစျေးကွက်အတွင်း ဆန်စျေးနှုန်း ကျ ဆင်းခြင်းမရှိသေးဘဲ ဆက်လက်မြင့်တက်နေ ဆဲဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရ သည်။

“ရွှေဘိုထူးထူးရှယ်တွေဆိုရင် တစ်ပြည် ကို ၇၂၀၀၊ တချို့ဆိုင်တွေမှာ ၇၅၀၀။ တစ် အိတ်ကို ၁၇၂၈၀၀ ဖြစ်နေပြီ။ ရွှေဘိုရိုးရိုးက တစ်ပြည် ၆၀၀၀၊ သူကတစ်အိတ်ကို ၁၄၄၀၀၀ ဖြစ်နေပြီ။ ရက် ၉၀ ဆန်တွေ တစ် ပြည်ကို ၃၃၀၀ ကနေ ၃၆၀၀ ဖြစ်နေပြီ။ ဆန် ချောရော ဆန်ကြမ်းရော စျေးကအတက်ချည်း ပဲ”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောကြားခဲ့သည်။                  

သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ တွက် ချက်ထားမှုများအရ လက်ရှိအချိန်အထိ ပြည် တွင်း၌ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် ကျန်ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံသို့ အယ်နီညိုဝင်ရောက်မည့် အောက်တိုဘာနှင့် မိုးစပါးစတင်ပေါ်မည့် နိုဝင်ဘာလများအထိ ပြည်တွင်းဆန်ဖူလုံမှုကို ထိန်းကျောင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

“လက်ရှိကာလအထိမှာဆိုလို့ရှိရင် ဆန် စပါးအနေနဲ့ဆိုလို့ရှိရင် ဆန်လက်ကျန်ဟာ မြေပြင်လက်ကျန် တွက်ချက်မှုအရ တန်ချိန် ၃ ဒသမ ၅ သန်းကျော်လောက်ကျန်ရှိနေလို့ တွက်ချက်လို့ရပါတယ်။ အဲဒီပမာဏဟာ ဆို ရင် လာမယ့်နိုဝင်ဘာလအထိ မိုးစပါးထွက် ရှိတဲ့ကာလအထိကို လုံလောက်မှာဆိုတော့ ပြည်တွင်းမှာဆန်ဖူလုံမှုရှိနိုင်တယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ တစ်ဖက်မှာ ပြည်တွင်းမှာ ကြီးမြင့်နေတဲ့ ဆန်စျေးနှုန်းကို ထိန်းကျောင်းနိုင်ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ပူးပေါင်းပြီး တိုက်ရိုက် ရောင်း ချတာတွေ နိုင်ငံတော်အနေနဲ့လည်း အရန် ဆန်စုဆောင်းတာတွေ စုဆောင်းတဲ့ အစီအမံ တွေ ဆောင်ရွက်လျက်ရှိပါတယ်” ဟု အမြဲ တမ်း အတွင်းဝန် ဦးမင်းမင်းက ပြောကြား ထားသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်း အန္တရာယ်များဖြစ်လာနိုင်ခြင်းနှင့်အတူ အာ ရှတိုက်တွင် လာမည့်နှစ်နှစ်အတွင်း ဆန်စပါး စျေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိိနေ သကဲ့သို့ ရာသီဥတုခြောက်သွေ့ခြင်းများ ကြောင့် အစားအစာစိုက်ပျိုးထုတ်လုပ်မှုများ ကို ထိခိုက်ရဖွယ်ရှိနေကြောင်း ကမ္ဘာ့မိုးလေ ဝသဌာနက သတိပေးထားသည်။

Most Read

Most Recent