စီရော်နယ်လ်ဒိုကစားနေသည့် အယ်လ်နာဆာအသင်းသို့ မာနေ ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာ

စီရော်နယ်လ်ဒိုကစားနေသည့် အယ်လ်နာဆာအသင်းသို့ မာနေ ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာ
Photo: Getty Images
Photo: Getty Images
Published 26 July 2023

 

ဘိုင်ယန်မြူးနစ်အသင်းမှ ဆီနီဂေါတိုက်စစ်ကစားသမား ဆာဒီယိုမာနေသည် နာမည်ကျော် စီရော်နယ်လ်ဒို ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ရန် ပိုမိုနီးစပ်လာနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက် ၃၁ နှစ်အရွယ်ရှိ မာနေသည် ဘိုင်ယန်အသင်းတွင် ဆက်လက်ကစားလိုသော်လည်း နည်းပြ တူဟယ်လ်၏ အနာဂတ်အစီအစဉ်များတွင် မပါဝင်တော့ခြင်းကြောင့် ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။ မာနေအနေဖြင့် အယ်လ်နာဆာအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်သော်လည်း သဘောတူညီမှု မရရှိသေးကြောင်း BBC Sport က ဖော်ပြခဲ့သည်။ 

အယ်လ်နာဆာအသင်းသည် မာနေ၏ပြောင်းရွှေ့ကြေးအတွက် ဘိုင်ယန် အသင်းထံ ယူရို သန်း ၄၀ ပေးချေရမည်ဖြစ်သည်။ မာနေသည် အယ်လ်နာဆာအသင်းတွင် တစ်နှစ်အသားတင် ယူရို သန်း ၄၀ ရရှိ မည်ဖြစ်ပြီး အစောပိုင်းသတင်းများ၌မူ မာနေ က တစ်နှစ် ယူရို သန်း ၁၀၀ အထိ တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်နှစ်နွေရာသီက ဘိုင်ယန်အသင်းသို့ ကနဦးပြောင်း ရွှေ့ကြေး ယူရို ၃၂ သန်းဖြင့် လီဗာပူးလ်အသင်းမှ ပြောင်းရွှေ့လာသည့် မာနေသည် အသင်းသစ်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၃၈ ပွဲကစားရာတွင် ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

အယ်လ်နာဆာအသင်းသည် ယခုနွေရာသီကာလအတွင်း အင်တာမီလန်မှ ခရိုအေးရှားကွင်းလယ်လူ ဘရိုဇိုဗစ် နှင့် မန်ယူမှ ဘရာဇီးလ်နောက်ခံလူ တဲလက်စ် စသည့် ကစားသမားနှစ်ဦးကို ခေါ်ယူထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent