ပိုချက်တီနို ပြောင်းလဲရမယ့် တိုက်စစ်ကံကြမ္မာ

ပိုချက်တီနို ပြောင်းလဲရမယ့် တိုက်စစ်ကံကြမ္မာ
Photos: AFP
Photos: AFP
Published 26 July 2023
Phoe Thar

ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ (၂)ပွဲမှာ ကစားသွားခဲ့တဲ့ စွမ်းဆောင်ရည်မှတ်တမ်းအရ ဆီနီဂေါ တိုက်စစ်မှူးဂျက်ဆန်ရဲ့ တိုက်စစ်ပိုင်းအဆုံးသတ်မှု၊ အကွက်မြင်မှု၊ နေရာယူတတ်မှုနဲ့ ဖန်တီးမှုအားကောင်းခြင်းတွေက ဘောလုံးကျွမ်းကျင်သူတွေအကြား ချီးကျူးစရာဖြစ်ခဲ့ရပြီး အသက် (၂၂)နှစ်အရွယ်ကစားသမားတစ်ဦးရဲ့ နယ်မြေသစ်ခြေလှမ်းအစဟာ မျှော်လင့်ထားတာထက် ပိုမိုသာလွန်ခဲ့တယ်လို့ဆိုရပါလိမ့်မယ်။ ဂျက်ဆန်ဟာ သွင်းဂိုးတွေရဖို့ တစ်ခုတည်းအတွက် ရုန်းကန်နေတာမျိုး မဟုတ်ဘဲ အသင်းရဲ့ တောင်ပံတိုက်စစ်တွေနဲ့ အကောင်းဆုံးချိတ်ဆက်ကစားနိုင်ခဲ့ပြီး မူဒရစ်၊ မတ်ဆန်တို့နဲ့ တွဲဖက်ညီညီကစားနိုင်ခဲ့ပုံက ချယ်လ်ဆီးပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက ချယ်လ်ဆီးအသင်းနဲ့ အကြိုသဘောတူညီမှုရခဲ့တဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူဟာလည်း ခြေစမ်းပွဲ (၂)ပွဲမှာ မိနစ် (၁၀၀)ကျော်သာကစားခဲ့ရပေမယ့် အမိုက်စားသွင်းဂိုး (၂)ဂိုးကိုသွင်းယူပြခဲ့ပြီး ချယ်လ်ဆီးပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို ခပ်မြန်မြန်ဖမ်းဆုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၁၆)ဂိုးသွင်းယူပြီး ရွှေဖိနပ်ဆုရခဲ့သူအန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းရဲ့ အနာဂတ်တိုက်စစ်အတွက် အဓိကကျသူအဖြစ် ရှုမြင်ခံထားရသူဖြစ်ပြီး လက်ရှိစွမ်းဆောင်ရည်အရတော့ ချယ်လ်ဆီးအသင်းအတွက် ရင်ခုန်စရာဖြစ်စေမှာသေချာပါတယ်။

 

Most Read

Most Recent