■ အယ်လ်နာဆာနှင့် မာနေ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိ

■ အယ်လ်နာဆာနှင့် မာနေ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိ
Photo: Getty Images
Photo: Getty Images
Published 21 July 2023

ဘိုင်ယန်မြူးနစ်အသင်းမှ ဆီနီဂေါတိုက်စစ်ကစားသမား မာနေသည် စီရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားနေသည့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

အသက် (၃၁) နှစ်အရွယ်ရှိ မာနေသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီကမှ လီဗာပူးလ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံ ပေါင် (၃၅) သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ 

သို့သော် ၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၃၈) ပွဲတွင် (၁၂) ဂိုးသာ သွင်းနိုင်ခဲ့သည်။ 

ထို့ကြောင့် ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနွေတွင် မာနေကို ရောင်းထုတ်ရန် ပြင်ဆင်နေပြီး ယခုအခါ အယ်လ်နာဆာအသင်းနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းက ၎င်းကို ယူရို သန်း(၂၀)ဝန်းကျင်ဖြင့်ပင် ရောင်းထုတ်သွားမည်ဟု သိရသည်။

Most Read

Most Recent