■ ပရိသတ်သဘောမကျလည်း PSG အသင်းတွင် ဆက်ရှိမည်ဟု နေမာ ဆို

■ ပရိသတ်သဘောမကျလည်း PSG အသင်းတွင် ဆက်ရှိမည်ဟု နေမာ ဆို
Photo: Getty Images
Photo: Getty Images
Published 21 July 2023

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာက ပရိသတ်များ သဘောမကျလျှင်လည်း လာမည့်ရာသီ၌ လက်ရှိ အသင်းတွင်ပင် ဆက်ရှိသွားမည်ဟု ပြောကြားခဲ့သည်။ 

အသက် (၃၁) နှစ်အရွယ်ရှိ နေမာသည် ၂၀၁၇ တွင် ဘာစီလိုနာအသင်းမှ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် လက်ရှိဘောလုံးလောက၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသော်လည်း PSG အသင်းအတွက် ထူးထူးခြားခြားစွမ်းဆောင်ပေးနိုင်ခြင်းမရှိသည့်အတွက် အသင်းမှထွက်သွားရန် ပရိသတ်များ၏ တောင်းဆိုမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ 

သို့သော် နေမာက "အချစ်တွေနဲ့ပဲဖြစ်ဖြစ်၊ အချစ်တွေ မပါဘဲနဲ့ပဲဖြစ်ဖြစ် ကျွန်တော် အသင်းမှာ ဆက်ရှိသွားမှာပါ။ စာချုပ်သက်တမ်းလည်း ရှိနေပါသေးတယ်။ အသင်းဘက်က ကျွန်တော့်ကို ဘာမှအကြောင်းကြားတာလည်း မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

PSG အသင်းနှင့် ချုပ်ဆိုထားသည့် နေမာ၏ လက်ရှိစာချုပ်မှာ ၂၀၂၅ ခုနှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံတိုးခွင့်လည်း ရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent