■ တန်ဟက်ဂ်နှင့် နောက်တစ်ကြိမ် လက်တွဲခွင့်ရသည့် စိတ်လှုပ်ရှားကြောင်း မန်ယူဂိုးသမားသစ် အိုနာနာ ပြောကြား

■ တန်ဟက်ဂ်နှင့် နောက်တစ်ကြိမ် လက်တွဲခွင့်ရသည့် စိတ်လှုပ်ရှားကြောင်း မန်ယူဂိုးသမားသစ် အိုနာနာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 July 2023

မန်ယူဂိုးသမားသစ် အိုနာနာက အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်နှင့် နောက်တစ်ကြိမ် လက်တွဲခွင့်ရသည့်အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့သည်။ 

    

မန်ယူအသင်းသည် အင်တာမီလန်အသင်းမှ ကင်မရွန်းဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြာသပ တေးနေ့တွင် အတည်ပြုကြေညာခဲ့သည်။ မန်ယူအသင်းသည် အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရို(၅၁)သန်းနှင့် Add-ons ကြေး ယူရို(၄)သန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် အိုနာနာ(၂၇ နှစ်)ကို ၂၀၂၈ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုမည့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ရယူခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းတွင် ဒီဟေးယား မရှိတော့သည့်အတွက် ကျောနံပါတ်(၁)လစ်လပ်သွားသော်လည်း အိုနာနာက အေဂျက်စ်နှင့် အင်တာမီလန်အသင်းတွင် ဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၂၄)ကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။ 

အိုနာနာက "မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လက်တွဲရတာဟာ ထူးခြားတဲ့ ဆုလာဘ်တစ်ခုပါ။ ဒီလိုဖြစ်လာဖို့ ကျွန်တော် အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အသင်းဖော်သစ်တွေနဲ့အတူ ခရီးသစ်တစ်ခု စတင်မှုဖြစ်ပြီး ရည်မှန်းချက် အသစ်တွေအတွက် တိုက်ပွဲဝင်သွားရမှာပါ။ မန်ယူအသင်းမှာ ထူးခြားတဲ့ ဂိုးသမားတွေရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းလည်း ရှိပါတယ်။ လာမယ့်နှစ်တွေမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမွေအနှစ်ကို ဖန်တီးသွားမှာပါ။ အဲရစ်တန်ဟက်ဂ်နဲ့ နောက်တစ်ကြိမ် အလုပ်လုပ်ခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent