ဘာနာဒိုဆေးလ်ဗားကို PSG နှင့် ဘာစီလိုနာ အပြိုင်ကြိုးပမ်းနေ

ဘာနာဒိုဆေးလ်ဗားကို PSG နှင့် ဘာစီလိုနာ အပြိုင်ကြိုးပမ်းနေ
Photo: Getty Images
Photo: Getty Images
Published 20 July 2023

ဘာစီလိုနာနှင့် PSG အသင်းသည် မန်စီးတီးအသင်းမှ ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင်ရန် အပြိုင်ကြိုးပမ်းနေကြောင်း သိရသည်။

ဂွန်ဒိုဂန်၏မိတ်ဆက်ပွဲအပြီး ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ပြန်လည်ထွက်ခွာရာတွင် ပရိသတ်များက ဘာနာဒိုဆေးလ်ဗား၏အပြောင်းအရွှေ့အခြေအနေကို မေးမြန်းရာ ၎င်းက ခေါ်ယူရန်ဆန္ဒရှိကြောင်း သိရသည်။

ဂွန်ဒိုဂန်ကလည်း မန်စီးတီးအသင်းဖော်ဟောင်း ဘာနာဒိုဆေးလ်ဗား နှင့်ပတ်သက်ပြီး ''သူဟာ မယုံကြည်နိုင်လောက် အောင်ကောင်းတဲ့ ကစားသမားပါ။ သူ့အနေနဲ့ ထိပ်တန်းအဆင့်ကစားသမားအဖြစ် အရည်အသွေး မြောက်မြားစွာ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ စီးတီးအသင်းနဲ့ စာချုပ်ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော် အနည်းငယ်ပဲ ပြောချင်ပါတယ်''ဟု မှတ်ချက်ပြုခဲ့သည်။

PSG အသင်းကလည်း ဘာနာဒိုဆေးလ်ဗားအား ခေါ်ယူနိုင်ရန်အတွက် အသင်းဂိုးသမား ဒွန်နာရမ်မာနှင့် ကွင်းလယ်လူ ဗာရက်တီတို့ကို အလိုက်ပေးကမ်းလှမ်းသွားဖွယ်ရှိကြောင်း သိရသည်။

အသက်(၂၈)နှစ်ရှိပြီဖြစ်သူ ဘာနာဒိုဆေးလ်ဗားသည် ၂၀၁၇ ခုနှစ်တွင် မိုနာကိုအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၄၃)သန်းဖြင့် မန်စီးတီးအသင်းသို့ ရောက်ရှိလာပြီး အဓိကကစားသမားဖြစ်ခဲ့သည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ၂၀၁၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် ဘာနာဒိုဆေးလ်ဗား၏ တစ်ပတ် ပေါင်တစ်သိန်းခွဲတန် စာချုပ်ကို လုပ်ခတိုးမြှင့်ပေးပြီး သက်တမ်းတိုးသွားရန် စီစဉ်နေသည်။

Most Read

Most Recent